ပဲလေ့စ်ရဲ့ရှယ်ယာ ပေါင်သန်း ၉၀ ဖိုးနီးပါး ဝယ်ယူလိုက်တဲ့ ဟိုလိုဂရမ်စွန့်ဦးတီထွင်သူ

Virtula Reality စွန့်ဦးတီထွင်သူဂျွန်တက်စ်တာဟာခရစ္စတယ်ပဲလေ့စ်အသင်းရှယ်ယာ ပေါင်သန်း၉၀ဖိုးနီးပါး ဝယ်ယူလိုက်ပါတယ်။တက်စ်တာဟာခရစ္စတယ်ပဲလေ့စ်ရဲ့အဓိကရှယ်ယာရှင်များစာရင်းတွင်ပါဝင်လာမှုနဲ့အတူခရစ္စတယ်ပဲလေ့စ်ဘုတ်အဖွဲ့ဝင်တစ်ဦးလည်ဖြစ်လာခဲ့ပါတယ်။

တက်စ်တာဟာဖလိုရီဒါအခြေစိုက် Virtual Entertainment ကုမ္ပဏီ Facebank ကိုတည်ထောင်ထားသူလည်းဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာတက်စ်တာရဲ့ရင်းနှီးမြှပ်နှံမှုရရှိလာတဲ့ငွေကြေးများဖြင့်နည်းပြသစ်ပက်ထရစ်ဗီအဲရာ အသင်းတည်ဆောက်နိုင်အောင်ထောက်ပံ့ပေးနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြဗီအဲရာဟာအလယ်တန်းကစားသမားမိုက်ကယ်အိုလိုက်စ်၊နောက်ခံလူများဖြစ်ကြတဲ့မာ့ခ်ဂူးလီနှင့်ဂျိုးအာချင်အင်ဒါဆင်တို့အားပေါင်သန်း၄၀အသုံးပြုပြီးခေါ်ယူထားပြီးဖြစ်ပါတယ်။

တက်စ်တာဟာပေါ်တူဂီကလပ်ဘင်ဖီကာအသင်းရဲ့ရှယ်ယာများကိုလည်းဝယ်ယူရန်ကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။ဒါပေမယ့်ဘင်ဖီကာဥက္ကဌလူးဝစ်ဖီးလစ်ပီဗီအဲရာမှာငွေကြေးခဝါချမှုအတွက်နေအိမ်အကျယ်ချုပ်ချခြင်းခံခဲ့ရပြီးနောက်တက်စ်တာရဲ့ဘင်ဖီကာရှယ်ယာဝယ်ယူရေးပျက်ပြယ်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာလာမယ့်စနေနေ့မှာစတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ကာချဲလ်ဆီးအားပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။

ZawGyi

ပဲေလ့စ္ရဲ႕ရွယ္ယာ ေပါင္သန္း ၉၀ ဖိုးနီးပါး ဝယ္ယူလိုက္တဲ့ ဟိုလိုဂရမ္စြန႔္ဦးတီထြင္သူ

Virtula Reality စြန႔္ဦးတီထြင္သူဂြၽန္တက္စ္တာဟာခရစၥတယ္ပဲေလ့စ္အသင္းရွယ္ယာ ေပါင္သန္း၉၀ဖိုးနီးပါး ဝယ္ယူလိုက္ပါတယ္။တက္စ္တာဟာခရစၥတယ္ပဲေလ့စ္ရဲ႕အဓိကရွယ္ယာရွင္မ်ားစာရင္းတြင္ပါဝင္လာမႈနဲ႔အတူခရစၥတယ္ပဲေလ့စ္ဘုတ္အဖြဲ႕ဝင္တစ္ဦးလည္ျဖစ္လာခဲ့ပါတယ္။

တက္စ္တာဟာဖလိုရီဒါအေျခစိုက္ Virtual Entertainment ကုမၸဏီ Facebank ကိုတည္ေထာင္ထားသူလည္းျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာတက္စ္တာရဲ႕ရင္းႏွီးျမႇပ္ႏွံမႈရရွိလာတဲ့ေငြေၾကးမ်ားျဖင့္နည္းျပသစ္ပက္ထရစ္ဗီအဲရာ အသင္းတည္ေဆာက္ႏိုင္ေအာင္ေထာက္ပံ့ေပးေနပါတယ္။

ခရစၥတယ္ပဲေလ့စ္နည္းျပဗီအဲရာဟာအလယ္တန္းကစားသမားမိုက္ကယ္အိုလိုက္စ္၊ေနာက္ခံလူမ်ားျဖစ္ၾကတဲ့မာ့ခ္ဂူးလီႏွင့္ဂ်ိဳးအာခ်င္အင္ဒါဆင္တို႔အားေပါင္သန္း၄၀အသုံးျပဳၿပီးေခၚယူထားၿပီးျဖစ္ပါတယ္။

တက္စ္တာဟာေပၚတူဂီကလပ္ဘင္ဖီကာအသင္းရဲ႕ရွယ္ယာမ်ားကိုလည္းဝယ္ယူရန္ႀကိဳးပမ္းခဲ့ဖူးသူျဖစ္ပါတယ္။ဒါေပမယ့္ဘင္ဖီကာဥကၠဌလူးဝစ္ဖီးလစ္ပီဗီအဲရာမွာေငြေၾကးခဝါခ်မႈအတြက္ေနအိမ္အက်ယ္ခ်ဳပ္ခ်ျခင္းခံခဲ့ရၿပီးေနာက္တက္စ္တာရဲ႕ဘင္ဖီကာရွယ္ယာဝယ္ယူေရးပ်က္ျပယ္ခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာလာမယ့္စေနေန႔မွာစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ကာခ်ဲလ္ဆီးအားပရီးမီးယားလိဂ္အဖြင့္ပြဲကစားရပါမယ္။