ပျင်းရိခြင်းကသာ ရက်ဖို့ဒ်ရဲ့အကောင်းဆုံးပုံစံကို ရပ်တန့်လာစေလိမ့်မည်ဟု အဲရစ်တန်ဟက်သတိပေး

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကမားကပ်စ်ရက်ဖို့ဒ်အနေဖြင့်ဥရောပအကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ဆက်လက်ရပ်တည်နိုင်ရန်အတွက်မပျင်းရိမိစေရန်အထူးသတိထားရမည်ဖြစ်ကြောင်းသတိပေးလာပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကလိဒ်ယူနိုက်တက်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ခေါင်းတိုက်ကာယူနိုက်တက်အတွက်ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းဂိုးကမားကပ်စ်ရက်ဖို့ဒ်အတွက်ယခုရာသီ ၂၁ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။

သူဟာယူနိုက်တက်အတွက်၁၁၄ဂိုးသွင်းထားထားကာယူနိုက်တက်သမိုင်းတွင်ဂိုးအများဆုံးသွင်းထားသူများစာရင်းမှာအဆင့်၁၉နေရာတွင်ရပ်တည်နေပါတယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ယူနိုက်တက်ရဲ့၁၅ပွဲတွင်၁၃ဂိုးသွင်းထားနိုင်တာဖြစ်ပြီး၃ပွဲတည်းသာဂိုးပေါက်ပျောက်ထားပါတယ်။သူဂိုးသွင်းနိုင်တဲ့ပွဲ၁၀ပွဲအနိုင်ရထားပြီးတစ်ပွဲတည်းသာရှုံးထားပါတယ်။

ဒါကြောင့်လည်းအဲရစ်တန်ဟက်က “ဘယ်တော့သူရပ်တန့်သွားမလဲမသိပါဘူး။ဒါပေမဲ့ကျေနပ်မှုရှိလာပြီဆိုရင်တော့ရပ်တန့်သွားလိမ့်မယ်။ကျေနပ်နေပြီဆိုတာနဲ့ပျင်းလာလိမ့်မယ်။နေ့တိုင်းရင်းနှီးမြှပ်နှံမှုလုပ်ရမယ်။နေ့တိုင်းရင်းနှီးမြှပ်နှံပြီးပွဲတိုင်းကိုအာရုံစိုက်နေချိန်မှာစွမ်းအင်နဲ့ယုံကြည်မှုကိုလည်းယူဆောင်လာမယ်ဆိုရင်သူဆက်ပြီးတော့ဂိုးသွင်းနေပါလိမ့်မယ်။သူကဘယ်ခြေ၊ညာခြေ၊ခေါင်းနဲ့ပါဂိုးသွင်းနိုင်တယ်။ဒီတော့ဘယ်နေရာကမဆိုသူဂိုးသွင်းနိုင်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပ်င္းရိျခင္းကသာ ရက္ဖို႔ဒ္ရဲ႕အေကာင္းဆုံးပုံစံကို ရပ္တန႔္လာေစလိမ့္မည္ဟု အဲရစ္တန္ဟက္သတိေပး

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကမားကပ္စ္ရက္ဖို႔ဒ္အေနျဖင့္ဥေရာပအေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ဆက္လက္ရပ္တည္ႏိုင္ရန္အတြက္မပ်င္းရိမိေစရန္အထူးသတိထားရမည္ျဖစ္ေၾကာင္းသတိေပးလာပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကလိဒ္ယူႏိုက္တက္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေခါင္းတိုက္ကာယူႏိုက္တက္အတြက္ဦးေဆာင္ဂိုးထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။

ယင္းဂိုးကမားကပ္စ္ရက္ဖို႔ဒ္အတြက္ယခုရာသီ ၂၁ဂိုးေျမာက္ဂိုးလည္းျဖစ္ပါတယ္။

သူဟာယူႏိုက္တက္အတြက္၁၁၄ဂိုးသြင္းထားထားကာယူႏိုက္တက္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းထားသူမ်ားစာရင္းမွာအဆင့္၁၉ေနရာတြင္ရပ္တည္ေနပါတယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ယူႏိုက္တက္ရဲ႕၁၅ပြဲတြင္၁၃ဂိုးသြင္းထားႏိုင္တာျဖစ္ၿပီး၃ပြဲတည္းသာဂိုးေပါက္ေပ်ာက္ထားပါတယ္။သူဂိုးသြင္းႏိုင္တဲ့ပြဲ၁၀ပြဲအႏိုင္ရထားၿပီးတစ္ပြဲတည္းသာရႈံးထားပါတယ္။

ဒါေၾကာင့္လည္းအဲရစ္တန္ဟက္က “ဘယ္ေတာ့သူရပ္တန႔္သြားမလဲမသိပါဘူး။ဒါေပမဲ့ေက်နပ္မႈရွိလာၿပီဆိုရင္ေတာ့ရပ္တန႔္သြားလိမ့္မယ္။ေက်နပ္ေနၿပီဆိုတာနဲ႔ပ်င္းလာလိမ့္မယ္။ေန႔တိုင္းရင္းႏွီးျမႇပ္ႏွံမႈလုပ္ရမယ္။ေန႔တိုင္းရင္းႏွီးျမႇပ္ႏွံၿပီးပြဲတိုင္းကိုအာ႐ုံစိုက္ေနခ်ိန္မွာစြမ္းအင္နဲ႔ယုံၾကည္မႈကိုလည္းယူေဆာင္လာမယ္ဆိုရင္သူဆက္ၿပီးေတာ့ဂိုးသြင္းေနပါလိမ့္မယ္။သူကဘယ္ေျခ၊ညာေျခ၊ေခါင္းနဲ႔ပါဂိုးသြင္းႏိုင္တယ္။ဒီေတာ့ဘယ္ေနရာကမဆိုသူဂိုးသြင္းႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။