ပျော့ကွက်ကို နင်းပြီး ယူနိုက်တက်ကို ငါးဂိုးအထိ သွင်းနိုင်ကြောင်း ဆေးလ်ဗားသတိပေးလာ

ဘာနာဒိုဆေးလ်ဗားကမန်စီးတီးအသင်းမှာမန်ယူနှင့်ရင်ဆိုင်ရတဲ့မည်သည့်ပွဲတွင်မဆိုငါးဂိုးသွင်းနိုင်ကြောင်း သတိပေးပြောကြားလာပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာလွန်ခဲ့တဲ့၁၃ရက်တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ခါးသီးလှတဲ့ပြိုင်ဘက်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးယခုတိုင်အနာမကျက်သေးပါဘူး။

ဒါပေမယ့်မန်စီးတီးအလယ်တန်းတိုက်စစ်သမားကမန်စီးတီးကစားသမားများအားမန်ယူရဲ့အားနည်းချက်ကိုအသုံးချကာမန်ချက်စတာဒါဘီပွဲတွင်ဂိုးမိုးရွာရန်တိုက်တွန်းလာပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားက “ကျွန်တော်တို့သာအာရုံစိုရင်ကစားတာကောင်းပါတယ်။ကျွန်တော်တို့ကတစ်ပွဲကိုလေးဂိုးငါးဂိုးသွင်းနိုင်စွမ်းရှိတဲ့အသင်းတစ်သင်းပါ။ပွဲတိုင်းဖြစ်လာမှာမဟုတ်ပေမယ့်အိုးထရက်ဖို့ဒ်မှာဂိုးတွေသွင်းနိုင်သမျှများများသွင်းနိုင်ဖို့ကြိုးစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာမန်ယူနှင့်ရင်ဆိုင်ရတဲ့နောက်ဆုံးမန်ချက်စတာဒါဘီပွဲ၇ပွဲတွင်၂ပွဲတည်းသာအနိုင်ရထားပြီးယင်းနိုင်ပွဲ၂ပွဲမှာလည်းခါရာဘောင်ဖလားပြိုင်ပွဲတွင်အနိုင်ရထားတာဖြစ်ပါတယ်။

ဒါ့အပြင်ဘာနာဒိုဆေးလ်ဗားကပေါ်တူဂီကစားဖော်ခရစ္စတီယာနိုရော်နယ်ဒိုထံသို့ဘောလုံးမရောက်အောင်တားဆီးမှုကသူ့ကိုတားဆီးရန်တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

၎င်းက “ခရစ္စတီယာနိုဟာအကောင်းဆုံးလုပ်ပြနေပါတယ်။သူဟာဒီရာသီမှာနောက်ကျနိုင်ပွဲတွေရအောင်ကူညီနေပါတယ်။သူကလူတိုင်းသိတဲ့ကစားသမားပါ။သူကပွဲကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။သူ့ကိုတားဆီးနိုင်ဖို့ကြိုးစားပါမယ်။သူဂိုးမသွင်းနိုင်အောင်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေပ်ာ့ကြက္ကို နင္းၿပီး ယူႏိုက္တက္ကို ငါးဂိုးအထိ သြင္းႏိုင္ေၾကာင္း ေဆးလ္ဗားသတိေပးလာ

ဘာနာဒိုေဆးလ္ဗားကမန္စီးတီးအသင္းမွာမန္ယူႏွင့္ရင္ဆိုင္ရတဲ့မည္သည့္ပြဲတြင္မဆိုငါးဂိုးသြင္းႏိုင္ေၾကာင္း သတိေပးေျပာၾကားလာပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာလြန္ခဲ့တဲ့၁၃ရက္တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ခါးသီးလွတဲ့ၿပိဳင္ဘက္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးယခုတိုင္အနာမက်က္ေသးပါဘူး။

ဒါေပမယ့္မန္စီးတီးအလယ္တန္းတိုက္စစ္သမားကမန္စီးတီးကစားသမားမ်ားအားမန္ယူရဲ႕အားနည္းခ်က္ကိုအသုံးခ်ကာမန္ခ်က္စတာဒါဘီပြဲတြင္ဂိုးမိုး႐ြာရန္တိုက္တြန္းလာပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ကစားသမားက “ကြၽန္ေတာ္တို႔သာအာ႐ုံစိုရင္ကစားတာေကာင္းပါတယ္။ကြၽန္ေတာ္တို႔ကတစ္ပြဲကိုေလးဂိုးငါးဂိုးသြင္းႏိုင္စြမ္းရွိတဲ့အသင္းတစ္သင္းပါ။ပြဲတိုင္းျဖစ္လာမွာမဟုတ္ေပမယ့္အိုးထရက္ဖို႔ဒ္မွာဂိုးေတြသြင္းႏိုင္သမွ်မ်ားမ်ားသြင္းႏိုင္ဖို႔ႀကိဳးစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာမန္ယူႏွင့္ရင္ဆိုင္ရတဲ့ေနာက္ဆုံးမန္ခ်က္စတာဒါဘီပြဲ၇ပြဲတြင္၂ပြဲတည္းသာအႏိုင္ရထားၿပီးယင္းႏိုင္ပြဲ၂ပြဲမွာလည္းခါရာေဘာင္ဖလားၿပိဳင္ပြဲတြင္အႏိုင္ရထားတာျဖစ္ပါတယ္။

ဒါ့အျပင္ဘာနာဒိုေဆးလ္ဗားကေပၚတူဂီကစားေဖာ္ခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔ေဘာလုံးမေရာက္ေအာင္တားဆီးမႈကသူ႔ကိုတားဆီးရန္တစ္ခုတည္းေသာနည္းလမ္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

၎က “ခရစၥတီယာႏိုဟာအေကာင္းဆုံးလုပ္ျပေနပါတယ္။သူဟာဒီရာသီမွာေနာက္က်ႏိုင္ပြဲေတြရေအာင္ကူညီေနပါတယ္။သူကလူတိုင္းသိတဲ့ကစားသမားပါ။သူကပြဲကိုအဆုံးအျဖတ္ေပးႏိုင္ပါတယ္။သူ႔ကိုတားဆီးႏိုင္ဖို႔ႀကိဳးစားပါမယ္။သူဂိုးမသြင္းႏိုင္ေအာင္လုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။