ပျော်ရွှင်နေပြီဖြစ်တဲ့ ပေါ့ဘာနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုအဆင်ပြေနေတဲ့ မန်ယူ

မန်ယူဟာကလပ်တွင်ပြန်လည်ပျော်ရွှင်နေပြီဖြစ်တဲ့ပေါလ်ပေါ့ဘာရဲ့အိုးထရက်ဖို့ဒ်အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာမန်ယူနှင့်၁၆လစာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါကလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရောင်းချရမယ့်အခြေအနေ နှင့်ရင်ဆိုင်နေရပါတယ်။

ပေါ့ဘာနှင့်အေးဂျင့်ရိုင်အိုလာတို့ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတုန်းကမန်ယူမှထွက်ခွာပြီးစိန်ခေါ်မှုအသစ် ရင်ဆိုင်လိုကြောင်းပြောကြားခဲ့ဖူးကြပါတယ်။

ဒါပေမယ့်နည်းပြဆိုးလ်ရှားကကစားသမားရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်လာနိုင်မှုနဲ့အတူအသက်၂၇နှစ်ရှိ ကစားသမားမှာမန်ယူတွင်တစ်ဖန်ပြန်လည်ပျော်ရွှင်နေပြီဖြစ်ပါတယ်။

ဆိုးလ်ရှားက “ပေါလ်နဲ့ပတ်သက်တဲ့ကောလာဟလတွေကအမြဲရှိနေတာပါ။ပေါလ်နဲ့ကျွန်တော်တို့ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာအားလုံးကောင်းပါတယ်။ကျွန်တော်တို့အကြားကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတုန်းပါ။သူ့ဘက်က အာရုံစိုက်လာမှု၊ကောင်းကောင်းကစားနိုင်မှုအပေါ်ကျွန်တော်ကျေနပ်တယ်။သူလည်းဒီအတွက်ကျေနပ်နေပါတယ်။ အနီရောင်ဝတ်စုံဝတ်ပြီးဘောလုံးမှာပေါ့ဘာပျော်နေတာခင်ဗျားတို့မြင်ကြပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ပေါ့ဘာဟာ၂၀၀၉ခုနှစ်တွင်မန်ယူအကယ်ဒမီသို့ရောက်လာပြီးနောက်၂၀၁၂ခုနှစ်တွင်ဆာအဲလက်စ်ဖာဂူဆန်နှင့်စာ ချုပ်ကိစ္စဆွေးနွေးမှုအဆင်မပြေဖြစ်ကာဂျူဗင်တပ်သို့ထွက်ခွာခဲ့ပါတယ်။

သူဟာဂျူဗင်တပ်နှင့်အတူစကူဒက်တိုဖလားလေးကြိမ်ဆွတ်ခူးပြီးနောက်၂၀၁၆ခုနှစ်တွင်ပြောင်းရွှေ့ကြေးပေါင်၈၉ သန်းဖြင့်အိုးထရက်ဖို့ဒ်သို့ပြန်ရောက်လာခဲ့ပါတယ်။သူဟာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ရရှိနေပါတယ်။

ZawGyi

ေပ်ာ္႐ႊင္ေနၿပီျဖစ္တဲ့ ေပါ့ဘာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး ေဆြးေႏြးမႈအဆင္ေျပေနတဲ့ မန္ယူ

မန္ယူဟာကလပ္တြင္ျပန္လည္ေပ်ာ္႐ႊင္ေနၿပီျဖစ္တဲ့ေပါလ္ေပါ့ဘာရဲ႕အိုးထရက္ဖို႔ဒ္အနာဂတ္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာမန္ယူႏွင့္၁၆လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိပါကလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေရာင္းခ်ရမယ့္အေျခအေန ႏွင့္ရင္ဆိုင္ေနရပါတယ္။

ေပါ့ဘာႏွင့္ေအးဂ်င့္႐ိုင္အိုလာတို႔ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတုန္းကမန္ယူမွထြက္ခြာၿပီးစိန္ေခၚမႈအသစ္ ရင္ဆိုင္လိုေၾကာင္းေျပာၾကားခဲ့ဖူးၾကပါတယ္။

ဒါေပမယ့္နည္းျပဆိုးလ္ရွားကကစားသမားရဲ႕အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္လာႏိုင္မႈနဲ႔အတူအသက္၂၇ႏွစ္ရွိ ကစားသမားမွာမန္ယူတြင္တစ္ဖန္ျပန္လည္ေပ်ာ္႐ႊင္ေနၿပီျဖစ္ပါတယ္။

ဆိုးလ္ရွားက “ေပါလ္နဲ႔ပတ္သက္တဲ့ေကာလာဟလေတြကအၿမဲရွိေနတာပါ။ေပါလ္နဲ႔ကြၽန္ေတာ္တို႔ပြင့္ပြင့္လင္းလင္း ေဆြးေႏြးခဲ့တာအားလုံးေကာင္းပါတယ္။ကြၽန္ေတာ္တို႔အၾကားေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတုန္းပါ။သူ႔ဘက္က အာ႐ုံစိုက္လာမႈ၊ေကာင္းေကာင္းကစားႏိုင္မႈအေပၚကြၽန္ေတာ္ေက်နပ္တယ္။သူလည္းဒီအတြက္ေက်နပ္ေနပါတယ္။ အနီေရာင္ဝတ္စုံဝတ္ၿပီးေဘာလုံးမွာေပါ့ဘာေပ်ာ္ေနတာခင္ဗ်ားတို႔ျမင္ၾကပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါ့ဘာဟာ၂၀၀၉ခုႏွစ္တြင္မန္ယူအကယ္ဒမီသို႔ေရာက္လာၿပီးေနာက္၂၀၁၂ခုႏွစ္တြင္ဆာအဲလက္စ္ဖာဂူဆန္ႏွင့္စာ ခ်ဳပ္ကိစၥေဆြးေႏြးမႈအဆင္မေျပျဖစ္ကာဂ်ဴဗင္တပ္သို႔ထြက္ခြာခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္ႏွင့္အတူစကူဒက္တိုဖလားေလးႀကိမ္ဆြတ္ခူးၿပီးေနာက္၂၀၁၆ခုႏွစ္တြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉ သန္းျဖင့္အိုးထရက္ဖို႔ဒ္သို႔ျပန္ေရာက္လာခဲ့ပါတယ္။သူဟာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး တစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ရရွိေနပါတယ္။