ပြင်သစ်ကမ္ဘာ့ဖလားလူစာရင်းတွင် ဘက်ပေးအမြန်ဆုံးကစားသမားမဟုတ်၊ ဘက်ပေးတဲ့ မြန်တဲ့စတားနှစ်ဦးရှိနေ

ကိုင်လီယန်ဘက်ပေးရဲ့မြန်နှုန်းကအင်္ဂလန်ပရိသတ်တွေအကြောက်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကိုင်လီယန်ဘက်ပေးကအင်္ဂလန်နှင့်ရင်ဆိုင်ရမယ့်ပြင်သစ်အသင်းရဲ့အမြန်ဆုံးကစားသမားမဟုတ်ပါဘူး။ပြင်သစ်အသင်းမှာကိုင်လီယန်ဘက်ပေးထက်မြန်တဲ့ကစားသမားနှစ်ဦးရှိနေပါသေးတယ်။

အင်္ဂလန်ဟာယနေ့ညမှာပြင်သစ်ကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်ရင်ဆိုင်ကစားရမှာဖြစ်ပြီးသွင်းဂိုး၅ဂိုးဖြင့်ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေတဲ့ကိုင်လီယန်ဘက်ပေးဟာဆောက်ဂိတ်ရဲ့ကမ္ဘာ့ဖလားမျှော်လင့်ချက်ကိုရိုက်ချိုးလာနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှတ်တမ်းတွေအရပီအက်စ်ဂျီစတားကကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်အသင်းရဲ့တတိယအမြန်ဆုံးကစားသမားသာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့အူစမာနီဒမ်ဘီလီက၃၆.၆ကီလိုမီတာဖြင့် ရှက်တာဒိုးနက်စ်ရဲ့ယူကရိန်းစတားမိုင်ခါလိုမူဒရိုင်းနဲ့အတူ အမြန်ဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒမ်ဘီလီဟာယခုရာသီတွင်ဘာစီလိုနာနှင့်သာအကောင်းဆုံးပုံစံပြသနေတာမဟုတ်ပါဘူး။ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းပြင်သစ်ရဲ့အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြနေပါတယ်။

သူဟာပြင်သစ်အတွက်ကမ္ဘာ့ဖလားမှာဂိုးသွင်းနိုင်ခြင်းမရှိသေးပေမဲ့လည်း၂ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဒမ်ဘီလီကိုအင်္ဂလန်ရဲ့ဘယ်နောက်ခံလူလုခ်ရှောထိပ်တိုက်ရင်ဆိုင်ရပါမယ်။

ဘက်ပေးထက်ပြင်သစ်အသင်းမှာပိုမြန်တဲ့နောက်ထပ်တစ်ဦးကတော့အေစီမီလန်ဘယ်နောက်ခံလူသီယိုဟာနန်ဒက်ဇ်ဖြစ်ပါတယ်။သီယိုဟာနန်ဒက်ဇ်က၃၅.၇ကီလိုမီတာမြန်နှုန်းရှိပါတယ်။

ဟာနန်ဒက်ဇ်ဟာဘက်ပေးနှင့်အတူအင်္ဂလန်ညာနောက်တန်းကိုယနေ့ညမှာဖြိုချဖို့ကြိုးပမ်းလာပါလိမ့်မယ်။

ZawGyi

ျပင္သစ္ကမာၻ႔ဖလားလူစာရင္းတြင္ ဘက္ေပးအျမန္ဆုံးကစားသမားမဟုတ္၊ ဘက္ေပးတဲ့ ျမန္တဲ့စတားႏွစ္ဦးရွိေန

ကိုင္လီယန္ဘက္ေပးရဲ႕ျမန္ႏႈန္းကအဂၤလန္ပရိသတ္ေတြအေၾကာက္ဆုံးအရာတစ္ခုျဖစ္ပါတယ္။ဒါေပမဲ့ကိုင္လီယန္ဘက္ေပးကအဂၤလန္ႏွင့္ရင္ဆိုင္ရမယ့္ျပင္သစ္အသင္းရဲ႕အျမန္ဆုံးကစားသမားမဟုတ္ပါဘူး။ျပင္သစ္အသင္းမွာကိုင္လီယန္ဘက္ေပးထက္ျမန္တဲ့ကစားသမားႏွစ္ဦးရွိေနပါေသးတယ္။

အဂၤလန္ဟာယေန႔ညမွာျပင္သစ္ကိုကမာၻ႔ဖလားကြာတားဖိုင္နယ္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးသြင္းဂိုး၅ဂိုးျဖင့္ကမာၻ႔ဖလားဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနတဲ့ကိုင္လီယန္ဘက္ေပးဟာေဆာက္ဂိတ္ရဲ႕ကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္ကို႐ိုက္ခ်ိဳးလာႏိုင္တဲ့ကစားသမားျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွတ္တမ္းေတြအရပီအက္စ္ဂ်ီစတားကကမာၻ႔ဖလားၿပိဳင္ပြဲဝင္ျပင္သစ္အသင္းရဲ႕တတိယအျမန္ဆုံးကစားသမားသာျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕အူစမာနီဒမ္ဘီလီက၃၆.၆ကီလိုမီတာျဖင့္ ရွက္တာဒိုးနက္စ္ရဲ႕ယူကရိန္းစတားမိုင္ခါလိုမူဒ႐ိုင္းနဲ႔အတူ အျမန္ဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဒမ္ဘီလီဟာယခုရာသီတြင္ဘာစီလိုနာႏွင့္သာအေကာင္းဆုံးပုံစံျပသေနတာမဟုတ္ပါဘူး။ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္းျပင္သစ္ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ေျခစြမ္းျပေနပါတယ္။

သူဟာျပင္သစ္အတြက္ကမာၻ႔ဖလားမွာဂိုးသြင္းႏိုင္ျခင္းမရွိေသးေပမဲ့လည္း၂ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဒမ္ဘီလီကိုအဂၤလန္ရဲ႕ဘယ္ေနာက္ခံလူလုခ္ေရွာထိပ္တိုက္ရင္ဆိုင္ရပါမယ္။

ဘက္ေပးထက္ျပင္သစ္အသင္းမွာပိုျမန္တဲ့ေနာက္ထပ္တစ္ဦးကေတာ့ေအစီမီလန္ဘယ္ေနာက္ခံလူသီယိုဟာနန္ဒက္ဇ္ျဖစ္ပါတယ္။သီယိုဟာနန္ဒက္ဇ္က၃၅.၇ကီလိုမီတာျမန္ႏႈန္းရွိပါတယ္။

ဟာနန္ဒက္ဇ္ဟာဘက္ေပးႏွင့္အတူအဂၤလန္ညာေနာက္တန္းကိုယေန႔ညမွာၿဖိဳခ်ဖို႔ႀကိဳးပမ္းလာပါလိမ့္မယ္။