
ရီးရဲလ်မက်ဒရစ်ဟာပြင်သစ်ကသာဆင့်ခေါ်လာပါကကာရမ်ဘန်ဇီးမားအားဗိုလ်လုပွဲကစားရန်ကာတာသို့စေလွှတ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အသက်၃၄နှစ်ရှိကာရမ်ဘန်ဇီးမားဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ရွေးချယ်ခံခဲ့ရပေမဲ့ဩစတြေးလျနှင့်ပွဲမတိုင်မီရက်အနည်းငယ်အလိုတွင်ဒဏ်ရာရရှိကာပြိုင်ပွဲမှနုတ်ထွက်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာဒဏ်ရာကြောင့်နုတ်ထွက်ရပြီးနောက် မက်ဒရစ်သို့ပြန်လာပြီးဆေးကုသမှုပြုလုပ်ပြီးနောက်ခရီးထွက်ခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့စနေနေ့မှစတင်ကာရီးရဲလ်မက်ဒရစ်နှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီးကြံ့ခိုင်မှုပြည့်ဝလာနေပြီဖြစ်ပါတယ်။
Mundo Deportivo ရဲ့ဖော်ပြချက်အရကာရမ်ဘန်ဇီးမားဟာဗုဒ္ဓဟူးနေ့ညတုန်းကမော်ရိုကိုကိုအနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ခဲ့တဲ့ပြင်သစ်ရဲ့နှစ်ကြိမ်ဆက်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပါဝင်လာနိုင်ကြောင်းသိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်းကာရမ်ဘန်ဇီးမားကို ကာတာသို့သွားခွင့်ပြုထားပါတယ်။
ပြင်သစ်ဟာဒဏ်ရာကြောင့်နုတ်ထွက်သွားတဲ့ဘန်ဇီးမားနေရာတွင်အစားထိုးကစားသမားခေါ်ယူခဲ့ခြင်းမရှိရာဘန်ဇီးမားမှာပြင်သစ်အသင်းသားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့်လည်းဘန်ဇီးမားအနေဖြင့်တနင်္ဂနွေနေ့တွင်ကမ္ဘာ့ဖလားဆုတံဆိပ်(သို့မဟုတ်)ငွေတံဆိပ်ဆုရရှိနိုင်ပါတယ်။
ZawGyi
ျပင္သစ္ကသာ ဆင့္ေခၚပါက ကမာၻ႔ဖလားဗိုလ္လုပြဲကစားရန္ ဘန္ဇီးမားကို ရီးရဲလ္မက္ဒရစ္ေစလႊတ္မည္
ရီးရဲလ္မက္ဒရစ္ဟာျပင္သစ္ကသာဆင့္ေခၚလာပါကကာရမ္ဘန္ဇီးမားအားဗိုလ္လုပြဲကစားရန္ကာတာသို႔ေစလႊတ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
အသက္၃၄ႏွစ္ရွိကာရမ္ဘန္ဇီးမားဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ေ႐ြးခ်ယ္ခံခဲ့ရေပမဲ့ဩစေၾတးလ်ႏွင့္ပြဲမတိုင္မီရက္အနည္းငယ္အလိုတြင္ဒဏ္ရာရရွိကာၿပိဳင္ပြဲမွႏုတ္ထြက္ခဲ့ရပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာဒဏ္ရာေၾကာင့္ႏုတ္ထြက္ရၿပီးေနာက္ မက္ဒရစ္သို႔ျပန္လာၿပီးေဆးကုသမႈျပဳလုပ္ၿပီးေနာက္ခရီးထြက္ခဲ့ပါတယ္။
သူဟာၿပီးခဲ့တဲ့စေနေန႔မွစတင္ကာရီးရဲလ္မက္ဒရစ္ႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီးႀကံ့ခိုင္မႈျပည့္ဝလာေနၿပီျဖစ္ပါတယ္။
Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရကာရမ္ဘန္ဇီးမားဟာဗုဒၶဟူးေန႔ညတုန္းကေမာ္႐ိုကိုကိုအႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ခဲ့တဲ့ျပင္သစ္ရဲ႕ႏွစ္ႀကိမ္ဆက္ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ပါဝင္လာႏိုင္ေၾကာင္းသိရပါတယ္။
ရီးရဲလ္မက္ဒရစ္ကလည္းကာရမ္ဘန္ဇီးမားကို ကာတာသို႔သြားခြင့္ျပဳထားပါတယ္။
ျပင္သစ္ဟာဒဏ္ရာေၾကာင့္ႏုတ္ထြက္သြားတဲ့ဘန္ဇီးမားေနရာတြင္အစားထိုးကစားသမားေခၚယူခဲ့ျခင္းမရွိရာဘန္ဇီးမားမွာျပင္သစ္အသင္းသားတစ္ဦးအျဖစ္ရွိေနဆဲျဖစ္ပါတယ္။ဒါေၾကာင့္လည္းဘန္ဇီးမားအေနျဖင့္တနဂၤေႏြေန႔တြင္ကမာၻ႔ဖလားဆုတံဆိပ္(သို႔မဟုတ္)ေငြတံဆိပ္ဆုရရွိႏိုင္ပါတယ္။