ပြင်သစ်ကို အနိုင်ရရှိကာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် လိုဂိုသစ်ကို အာဂျင်တီးနားကြေညာလာ

အာဂျင်တီးနားဟာတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပြီးနောက်မိနစ်ပိုင်းအတွင်းတွင်ပင်အာဂျင်တီးနားရဲ့လိုဂိုသစ်ကိုကြေညာလာပါတယ်။

အာဂျင်တီးနားရဲ့လိုဂိုသစ်တွင်ကာတာကမ္ဘာ့ဖလားချန်ပီယံဖြစ်ကာတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ကြယ်သုံးပွင့်ပါဝင်လာပါတယ်။

အာဂျင်တီးနားဟာမနေ့ညတုန်းကပြင်သစ်နှင့်ပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါတယ်။

၎င်းတို့ဟာမိနစ်၉၀အတွင်း၂ဂိုးစီသရေကျခဲ့ပြီးအချိန်တွင်လည်း၁ဂိုးစီသရေကျပြီးနောက်ပင်နယ်တီကန်ခဲ့ရာအာဂျင်တီးနားအနိုင်ရသွားပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့အသင်းများဟာလိုဂိုတွင်ကြယ်တပ်ဆင်ကစားခွင့်ရှိပြီးအာဂျင်တီးနားဟာကမ္ဘာ့ဖလားသုံးကြိမ်ရရှိမှုနဲ့အတူကြယ်သုံးပွင့်တပ်ဆင်ကစားသွားနိုင်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘရာဇီးကကမ္ဘာ့ဖလား၅ကြိမ်ချန်ပီယံဖြစ်ပြီးကြယ်ငါးပွင့်ဖြင့်အများဆုံးပါဝင်ထားပါတယ်။

ZawGyi




အာဂျင်တီးနားဟာမနေ့ညတုန်းကပြင်သစ်နှင့်ပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်၎-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါတယ်။


