
ဒီဒီယာဒက်ချမ့်ဟာ၂၀၂၆ခုနှစ်၊ဇွန်လအထိစာချုပ်သက်တမ်းတိုးချုပ်ဆိုကာ ပြင်သစ်ကိုသူ့ရဲ့စတုတ္ထကမ္ဘာ့ဖလားပြိုင်ပွဲအထိကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။
သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်ကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သလိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းဗိုလ်လုပွဲသို့တက်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အသက်၅၄နှစ်ရှိဒက်ချမ့်ဟာပြင်သစ်အသင်းကို၂၀၁၂ခုနှစ်ကတည်းကကိုင်တွယ်လာခဲ့တာဖြစ်ပြီး၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်သို့လည်းကောင်း၊ယူရို၂၀၁၆ပြိုင်ပွဲတွင်ဗိုလ်လုပွဲသို့လည်းကောင်းတက်ရောက်နိုင်ခဲ့ပါတယ်။
ဒက်ချမ့်ရဲ့လက်အောက်တွင်ပြင်သစ်အသင်းဟာ၁၃၉ပွဲကစားခဲ့ရာမှာ၈၉ပွဲနိုင်ကာ၂၈ပွဲသရေကျပြီး၂၂ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာဒီဒီယာဒက်ချမ့်ရဲ့နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့လက်ထောက်နည်းပြဂိုင်းစတီဖန်၊ဂိုးနည်းပြဖရန့်ရာဗီယော့၊ကြံ့ခိုင်ရေးနည်းပြဆိုင်ရေးမွိုင်နီတို့ကိုလည်းစာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။
ဒက်ချမ့်ဟာကစားသမားဘဝတုန်းကလည်းပြင်သစ်နှင့်အတူ၁၉၉၈ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သလို၂၀၂၁ခုနှစ်တုန်းကယူအီးအက်ဖ်အေနေးရှင်းဖလားရရှိအောင်စွမ်းဆောင်ထားသူဖြစ်ပါတယ်။
သူနောက်ဆုံးချုပ်ဆိုခဲ့တဲ့စာချုပ်က၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကချုပ်ဆိုခဲ့တာဖြစ်ပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားပြီးနောက်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
ယခုအခါသူဟာပြင်သစ်အသင်းကိုဂျာမနီယူရို၂၀၂၄ခြေစစ်ပွဲအောင်မြင်အောင်ဦးဆောင်ရတော့မှာဖြစ်ပါတယ်။ပြီးလျှင်သူဟာအမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ပူးတွဲကျင်းပမဲ့၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ရတော့မှာဖြစ်ပါတယ်။
ZawGyi
ျပင္သစ္ကို ၂၀၂၆ ကမာၻ႔ဖလားအထိကိုင္တြယ္သြားေတာ့မဲ့ ဒီဒီယာဒက္ခ်မ့္
ဒီဒီယာဒက္ခ်မ့္ဟာ၂၀၂၆ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုကာ ျပင္သစ္ကိုသူ႔ရဲ႕စတုတၳကမာၻ႔ဖလားၿပိဳင္ပြဲအထိကိုင္တြယ္သြားေတာ့မွာျဖစ္ပါတယ္။
သူဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပင္သစ္ကိုခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့သလိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းဗိုလ္လုပြဲသို႔တက္ေရာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
အသက္၅၄ႏွစ္ရွိဒက္ခ်မ့္ဟာျပင္သစ္အသင္းကို၂၀၁၂ခုႏွစ္ကတည္းကကိုင္တြယ္လာခဲ့တာျဖစ္ၿပီး၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကြာတားဖိုင္နယ္သို႔လည္းေကာင္း၊ယူ႐ို၂၀၁၆ၿပိဳင္ပြဲတြင္ဗိုလ္လုပြဲသို႔လည္းေကာင္းတက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဒက္ခ်မ့္ရဲ႕လက္ေအာက္တြင္ျပင္သစ္အသင္းဟာ၁၃၉ပြဲကစားခဲ့ရာမွာ၈၉ပြဲႏိုင္ကာ၂၈ပြဲသေရက်ၿပီး၂၂ပြဲရႈံးနိမ့္ခဲ့ပါတယ္။
ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဒီဒီယာဒက္ခ်မ့္ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့လက္ေထာက္နည္းျပဂိုင္းစတီဖန္၊ဂိုးနည္းျပဖရန႔္ရာဗီေယာ့၊ႀကံ့ခိုင္ေရးနည္းျပဆိုင္ေရးမြိဳင္နီတို႔ကိုလည္းစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့ပါတယ္။
ဒက္ခ်မ့္ဟာကစားသမားဘဝတုန္းကလည္းျပင္သစ္ႏွင့္အတူ၁၉၉၈ကမာၻ႔ဖလားဆြတ္ခူးခဲ့သလို၂၀၂၁ခုႏွစ္တုန္းကယူအီးအက္ဖ္ေအေနးရွင္းဖလားရရွိေအာင္စြမ္းေဆာင္ထားသူျဖစ္ပါတယ္။
သူေနာက္ဆုံးခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္က၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲၿပီးသြားၿပီးေနာက္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ပါတယ္။
ယခုအခါသူဟာျပင္သစ္အသင္းကိုဂ်ာမနီယူ႐ို၂၀၂၄ေျခစစ္ပြဲေအာင္ျမင္ေအာင္ဦးေဆာင္ရေတာ့မွာျဖစ္ပါတယ္။ၿပီးလွ်င္သူဟာအေမရိကန္၊ကေနဒါႏွင့္မကၠဆီကိုတို႔ပူးတြဲက်င္းပမဲ့၂၀၂၆ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ရေတာ့မွာျဖစ္ပါတယ္။