
ပြင်သစ်ကမော်ရိုကိုကိုအနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်ဆက်တက်ရောက်သွားပြီးနောက်ကိုင်လီယန်ဘက်ပေးနှင့်အေဖရက်ဖ်ဟာကီမီတို့ဟာကြည်နူးဖွယ်အကောင်းဆုံးအင်္ကျီလဲလှယ်မှုပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိချန်ပီယံဟာ Al Bayt Stadium တွင်မော်ရိုကိုကိုသီယိုဟာနန်ဒက်ဇ်၊လူစားဝင်လာတဲ့မူအာနီတို့ရဲ့ဂိုးများဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ပြင်သစ်ဟာတနင်္ဂနွေနေ့မှာအာဂျင်တီးနားနှင့်ဗိုလ်လုပွဲကစားသွားရပါမယ်။
ပီအက်စ်ဂျီကစားဖော်များဖြစ်ကြတဲ့ဘက်ပေးနှင့်ဟာကီမီတို့ဟာယင်းပွဲတွင်ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။
၎င်းတို့နှစ်ဦးဟာပွဲမတိုင်မီကတည်းကဥမင်လှိုဏ်ခေါင်းအတွင်းတွင်အထူးတလည်လက်ဆွဲနှုတ်ဆက်ခဲ့ကြသလိုပွေ့ဖက်ခဲ့ကြပါတယ်။ပွဲအပြီးတွင်လည်း၎င်းတို့နှစ်ဦးဟာပွေ့ဖက်ခဲ့ကြသလိုအင်္ကျီလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။
ဘက်ပေးဟာအင်္ကျီလဲလှယ်ပြီးနောက်ဟာကီမီရဲ့အမည်ကိုရှေ့မှာထားဝတ်ခဲ့သလိုဟာကီမီကလည်းဘက်ပေးရဲ့အမည်ကိုရှေ့မှာထားဝတ်ဆင်ခဲ့ပါတယ်။
ဒါ့အပြင်၎င်းတို့နှစ်ဦးဟာအဝတ်အစားလဲခန်းသို့ဝင်ရာလမ်းတွင်ဆယ်မိနစ်ခန့်စကားပြောခဲ့ကြပါသေးတယ်။
ZawGyi
ျပင္သစ္က ေမာ္႐ိုကိုအႏိုင္ရၿပီးေနာက္ ၾကည္ႏူးဖြယ္အက်ႌလဲလွယ္မႈ ျပဳလုပ္ခဲ့ၾကတဲ့ ဘက္ေပးႏွင့္ ဟာကီမီ
ျပင္သစ္ကေမာ္႐ိုကိုကိုအႏိုင္ရရွိကာကမာၻ႔ဖလားဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္ဆက္တက္ေရာက္သြားၿပီးေနာက္ကိုင္လီယန္ဘက္ေပးႏွင့္ေအဖရက္ဖ္ဟာကီမီတို႔ဟာၾကည္ႏူးဖြယ္အေကာင္းဆုံးအက်ႌလဲလွယ္မႈျပဳလုပ္ခဲ့ၾကပါတယ္။
လက္ရွိခ်န္ပီယံဟာ Al Bayt Stadium တြင္ေမာ္႐ိုကိုကိုသီယိုဟာနန္ဒက္ဇ္၊လူစားဝင္လာတဲ့မူအာနီတို႔ရဲ႕ဂိုးမ်ားျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ျပင္သစ္ဟာတနဂၤေႏြေန႔မွာအာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲကစားသြားရပါမယ္။
ပီအက္စ္ဂ်ီကစားေဖာ္မ်ားျဖစ္ၾကတဲ့ဘက္ေပးႏွင့္ဟာကီမီတို႔ဟာယင္းပြဲတြင္ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကပါတယ္။
၎တို႔ႏွစ္ဦးဟာပြဲမတိုင္မီကတည္းကဥမင္လႈိဏ္ေခါင္းအတြင္းတြင္အထူးတလည္လက္ဆြဲႏႈတ္ဆက္ခဲ့ၾကသလိုေပြ႕ဖက္ခဲ့ၾကပါတယ္။ပြဲအၿပီးတြင္လည္း၎တို႔ႏွစ္ဦးဟာေပြ႕ဖက္ခဲ့ၾကသလိုအက်ႌလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။
ဘက္ေပးဟာအက်ႌလဲလွယ္ၿပီးေနာက္ဟာကီမီရဲ႕အမည္ကိုေရွ႕မွာထားဝတ္ခဲ့သလိုဟာကီမီကလည္းဘက္ေပးရဲ႕အမည္ကိုေရွ႕မွာထားဝတ္ဆင္ခဲ့ပါတယ္။
ဒါ့အျပင္၎တို႔ႏွစ္ဦးဟာအဝတ္အစားလဲခန္းသို႔ဝင္ရာလမ္းတြင္ဆယ္မိနစ္ခန႔္စကားေျပာခဲ့ၾကပါေသးတယ္။