ပြင်သစ်တိရိစ္ဆာန်ဥယျာဉ်ရှိ ပန်ဒါအမြွှာလေးတွေရဲ့ခေါင်းကိုင်ဖခင်ဖြစ်လာတဲ့ ကိုင်လီယန်ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာပြင်သစ်တိရိစ္ဆာန်ဥယျာဉ်တွင်မွေးဖွားလာတဲ့ပန်ဒါအမြွှာလေးနှစ်ဦးတို့ရဲ့ခေါင်းကိုင်ဖခင်ဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီစတားနှင့်အတူတရုတ်အိုလံပစ်ဒိုင်ဗင်ရွှေတံဆိပ်ဆုရှင်ဂျီယာခိုင်ဂျောင်ကလည်းခေါင်းကိုင်မိခင်ဖြစ်လာပါတယ်။၎င်းတို့နှစ်ဦးဟာ Saint-Aignan ရှိ Beauval Zoo တွင်ကျင်းပတဲ့ပွဲတက်ရောက်ခဲ့ကြပါတာတွေ့ရပါတယ်။

ပင်ဒါအမြွှာမလေးတွေရဲ့အမည်ကိုလည်းယောင်ဒူဒူ၊ဟောင်လီလီဆိုပြီးအမည်ပေးထားပါတယ်။ယင်းအမည်ကိုတိရိစ္ဆာဥယျာဉ်ဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုတဲ့ပရိသတ်များရဲ့မဲဖြင့်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပင်ဒါအမြွှာလေးနှစ်ဦးကိုဩဂုတ်လ၂ရက်နေ့မွေးဖွားတာဖြစ်ပြီးရက်၁၀၀ပြည့်တွင်ကိုင်လီယန်ဘက်ပေးနှင့်ဂျီယာခိုင်ဂျောင်တို့ကခေါင်းကိုင်ဖခင်နှင့်ခေါင်းကိုင်မိခင်တို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးကိုလွန်ခဲ့ဆယ်စုနှစ်တစ်ခုခန့်ကတည်းကတရုတ်ထံမှငှားရမ်းထားတဲ့ယောင်ဇီနှင့်ဟွန်ဟွန်တို့ကမွေးဖွားခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာ၂၀၁၇ခုနှစ်တုန်းကလည်းအမြွှာနှစ်ဦးမွေးဖွားပေမယ့်တစ်ကောင်သာအသက်ရှင်ကျန်ပါတော့တယ်။

ZawGyi

ျပင္သစ္တိရိစာၦန္ဥယ်ာဥ္ရွိ ပန္ဒါအႁမႊာေလးေတြရဲ႕ေခါင္းကိုင္ဖခင္ျဖစ္လာတဲ့ ကိုင္လီယန္ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာျပင္သစ္တိရိစာၦန္ဥယ်ာဥ္တြင္ေမြးဖြားလာတဲ့ပန္ဒါအႁမႊာေလးႏွစ္ဦးတို႔ရဲ႕ေခါင္းကိုင္ဖခင္ျဖစ္လာခဲ့ပါတယ္။

ပီအက္စ္ဂ်ီစတားႏွင့္အတူတ႐ုတ္အိုလံပစ္ဒိုင္ဗင္ေ႐ႊတံဆိပ္ဆုရွင္ဂ်ီယာခိုင္ေဂ်ာင္ကလည္းေခါင္းကိုင္မိခင္ျဖစ္လာပါတယ္။၎တို႔ႏွစ္ဦးဟာ Saint-Aignan ရွိ Beauval Zoo တြင္က်င္းပတဲ့ပြဲတက္ေရာက္ခဲ့ၾကပါတာေတြ႕ရပါတယ္။

ပင္ဒါအႁမႊာမေလးေတြရဲ႕အမည္ကိုလည္းေယာင္ဒူဒူ၊ေဟာင္လီလီဆိုၿပီးအမည္ေပးထားပါတယ္။ယင္းအမည္ကိုတိရိစာၦဥယ်ာဥ္ဝက္ဘ္ဆိုက္သို႔ဝင္ေရာက္ၾကည့္ရႈတဲ့ပရိသတ္မ်ားရဲ႕မဲျဖင့္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ပင္ဒါအႁမႊာေလးႏွစ္ဦးကိုဩဂုတ္လ၂ရက္ေန႔ေမြးဖြားတာျဖစ္ၿပီးရက္၁၀၀ျပည့္တြင္ကိုင္လီယန္ဘက္ေပးႏွင့္ဂ်ီယာခိုင္ေဂ်ာင္တို႔ကေခါင္းကိုင္ဖခင္ႏွင့္ေခါင္းကိုင္မိခင္တို႔ျဖစ္လာခဲ့တာျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးကိုလြန္ခဲ့ဆယ္စုႏွစ္တစ္ခုခန႔္ကတည္းကတ႐ုတ္ထံမွငွားရမ္းထားတဲ့ေယာင္ဇီႏွင့္ဟြန္ဟြန္တို႔ကေမြးဖြားခဲ့တာျဖစ္ပါတယ္။၎တို႔ဟာ၂၀၁၇ခုႏွစ္တုန္းကလည္းအႁမႊာႏွစ္ဦးေမြးဖြားေပမယ့္တစ္ေကာင္သာအသက္ရွင္က်န္ပါေတာ့တယ္။