
ဆော့ဖ်ယန်အမ်ရာဘက်ကပြင်သစ်ကမော်ရိုကိုအနိုင်ယူကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်အိုလီဗီယာဂျရူးအသုံးပြုခဲ့တဲ့ဗျူဟာကိုဖွင့်ဟလာခဲ့ပါတယ်။
လက်ရှိချန်ပီယံပြင်သစ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကမြောက်အာဖရိကသားများကို၂-၀ဂိုးဖြင့်အနိုင်ကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပါတယ်။
မော်ရိုကိုအလယ်တန်းကစားသမားအမ်ရာဘက်ဟာမနေ့ညကပွဲစဉ်တွင်ပြင်သစ်တိုက်စစ်မှူးအိုလီဗီယာဂျရူးနှင့်အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အမ်ရာဘက်က “သူတို့ရဲ့တိုက်စစ်မှူး။ အိုလီဗီယာဂျရူးလေ။ကျုပ်နောက်ကိုချဉ်းလိုက်နေတယ်။ကွင်းထဲကဘယ်နေရာသွားသွားလိုက်နေတယ်။သူ့ကိုမလိုက်နဲ့ရပ်တော့လို့ပြောခဲ့တယ်။သူကတစ်ပွဲလုံးမင်းနောက်လိုက်ဖို့စီစဉ်ထားတယ်လို့ပြန်ပြောတယ်”လို့ပြောကြားသွားပါတယ်။
ပြင်သစ်ဟာသီယိုဟာနန်ဒက်ဇ်၊ရန်ဒယ်ကိုလိုမူအာနီတို့ရဲ့ဂိုးဖြင့်မော်ရိုကိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ပြင်သစ်ဟာတနင်္ဂနွေနေ့မှာ Lusail Stadium တွင်အာဂျင်တီးနားနှင့်ဗိုလ်လုပွဲကစားရပါမယ်။မော်ရိုကိုဟာလည်းစနေနေ့တွင်ခရိုအေးရှားနှင့်တတိယလုပွဲကစားရပါမယ်။
ZawGyi
ျပင္သစ္တို႔ ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ ေရာက္သြားတဲ့ပြဲစဥ္မွ ဂ်႐ူးရဲ႕ဗ်ဴဟာကို အမ္ရာဘက္ဖြင့္ဟလာ
ေဆာ့ဖ္ယန္အမ္ရာဘက္ကျပင္သစ္ကေမာ္႐ိုကိုအႏိုင္ယူကာကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္သြားခဲ့တဲ့ပြဲတြင္အိုလီဗီယာဂ်႐ူးအသုံးျပဳခဲ့တဲ့ဗ်ဴဟာကိုဖြင့္ဟလာခဲ့ပါတယ္။
လက္ရွိခ်န္ပီယံျပင္သစ္ဟာဗုဒၶဟူးေန႔ညတုန္းကေျမာက္အာဖရိကသားမ်ားကို၂-၀ဂိုးျဖင့္အႏိုင္ကာကမာၻ႔ဖလားဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္ဆက္တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ေမာ္႐ိုကိုအလယ္တန္းကစားသမားအမ္ရာဘက္ဟာမေန႔ညကပြဲစဥ္တြင္ျပင္သစ္တိုက္စစ္မႉးအိုလီဗီယာဂ်႐ူးႏွင့္အႀကိမ္ႀကိမ္ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။
အမ္ရာဘက္က “သူတို႔ရဲ႕တိုက္စစ္မႉး။ အိုလီဗီယာဂ်႐ူးေလ။က်ဳပ္ေနာက္ကိုခ်ဥ္းလိုက္ေနတယ္။ကြင္းထဲကဘယ္ေနရာသြားသြားလိုက္ေနတယ္။သူ႔ကိုမလိုက္နဲ႔ရပ္ေတာ့လို႔ေျပာခဲ့တယ္။သူကတစ္ပြဲလုံးမင္းေနာက္လိုက္ဖို႔စီစဥ္ထားတယ္လို႔ျပန္ေျပာတယ္”လို႔ေျပာၾကားသြားပါတယ္။
ျပင္သစ္ဟာသီယိုဟာနန္ဒက္ဇ္၊ရန္ဒယ္ကိုလိုမူအာနီတို႔ရဲ႕ဂိုးျဖင့္ေမာ္႐ိုကိုအား၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ျပင္သစ္ဟာတနဂၤေႏြေန႔မွာ Lusail Stadium တြင္အာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲကစားရပါမယ္။ေမာ္႐ိုကိုဟာလည္းစေနေန႔တြင္ခ႐ိုေအးရွားႏွင့္တတိယလုပြဲကစားရပါမယ္။