ပြင်သစ်နည်းပြဒက်ချမ့်အပေါ် ဒေါသထွက်ကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ဘန်ဇီးမား တက်ရောက်မည်မဟုတ်

ပြင်သစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားဟာနည်းပြဒီဒီယာဒက်ချမ့်ရဲ့ဆက်ဆံမှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာတနင်္ဂနွေနေ့ညဗိုလ်လုပွဲအတွက်ကာတာသို့သွားရောက်မှာမဟုတ်ကြောင်းသိရပါတယ်။

ကာရမ်ဘန်ဇီးမားဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ပေမဲ့လည်းငဒိုဟာပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင်ပင်ပေါင်ကြွက်သားဒဏ်ရာရရှိကာအိမ်ပြန်ပို့ခံရပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ခဲ့ပါတယ်။

ကာရမ်ဘန်ဇီးမားဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိသွားပြီးနောက် ဒဏ်ရာအတိမ်အနက်ကိုမသုံးရသေးခင်မှာဘဲချက်ချင်းအိမ်ပြန်ပို့ခဲ့တဲ့အပြင် ဗိုလ်လုပွဲသို့တက်ရောက်ပြီးနောက်ဒက်ချမ့်ရဲ့သတင်းစာရှင်းလင်းတွင်ပြောဆိုသွားမှုအပေါ် ဒေါသထွက်နေပါတယ်။

ဘန်ဇီးမားဟာပြင်သစ်အသင်းနှင့်အတူဒဏ်ရာရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်ပြန်လည်ပူးပေါင်းချိန်တွင်သုံးရက်တည်းသာဆေးကုသမှုခံယူရန်လိုအပ်ခဲ့ပြီး အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ပါတယ်။သူဟာဒဏ်ရာမှအပြည့်အဝပြန်လည်ကောင်းမွန်လာပြီးနောက်ပြီးခဲ့အပတ်မှစတင်ကာလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

ဘန်ဇီးမားဟာပြင်သစ်လေ့ကျင့်ရေးအစီအစဉ်တွင်ဒဏ်ရာရရှိပြီးနောက် ချက်ချင်းအိမ်မပြန်သေးဘဲ ဒီဒီယာဒက်ချမ့်ကအိမ်သို့အတင်းနှင်လွှတ်မှုကြောင့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။

မော်ရိုကိုအနိုင်ရပြီးသတင်းစာရှင်းလင်းလပွဲတွင်ဘန်ဇီးမားကိုဗိုလ်လုပွဲအတွက်ဆင့်ခေါ်မလားလို့မေးမြန်းလာချိန်တွင်လည်းဒက်ချမ့်က “ဒီမေးခွန်းကိုတကယ်ပဲမဖြေချင်ဘူး။နောက်မေးခွန်းတစ်ခုမေးပါ”လို့ဖြေကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာကြာသပတေးနေ့တုန်းကလီဂါနက်စ်နှင့်ရီးရဲလ်မက်ဒရစ်တို့တစ်ဂိုးစီသရေကျတဲ့ခြေစမ်းပွဲတွင်ပါဝင်ကစားသွားခဲ့ပြီးကြံ့ခိုင်မှုပြည့်ဝနေပါတယ်။

ပြင်သစ်ဟာဒဏ်ရာမှနုတ်ထွက်သွားတဲ့ဘန်ဇီးမားနေရာတွင်ကစားသမားအစားထိုးခေါ်ယူခဲ့ခြင်းမရှိရာဘန်ဇီးမားမှာပြင်သစ်အသင်းသာအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ဒါပေမဲ့သူဟာဒီဒီယာဒက်ချမ့်ရဲ့ဆက်ဆံမှုအပေါ်ဒေါသထွက်ကာကာတာသို့သွားရောက်တော့မှာမဟုတ်ပါဘူး။

zawgyi

ျပင္သစ္နည္းျပဒက္ခ်မ့္အေပၚ ေဒါသထြက္ကာ ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ ဘန္ဇီးမား တက္ေရာက္မည္မဟုတ္

ျပင္သစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားဟာနည္းျပဒီဒီယာဒက္ခ်မ့္ရဲ႕ဆက္ဆံမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာတနဂၤေႏြေန႔ညဗိုလ္လုပြဲအတြက္ကာတာသို႔သြားေရာက္မွာမဟုတ္ေၾကာင္းသိရပါတယ္။

ကာရမ္ဘန္ဇီးမားဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ေပမဲ့လည္းငဒိုဟာပထမဆုံးေလ့က်င့္ခန္းအစီအစဥ္တြင္ပင္ေပါင္ႂကြက္သားဒဏ္ရာရရွိကာအိမ္ျပန္ပို႔ခံရၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။

ကာရမ္ဘန္ဇီးမားဟာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိသြားၿပီးေနာက္ ဒဏ္ရာအတိမ္အနက္ကိုမသုံးရေသးခင္မွာဘဲခ်က္ခ်င္းအိမ္ျပန္ပို႔ခဲ့တဲ့အျပင္ ဗိုလ္လုပြဲသို႔တက္ေရာက္ၿပီးေနာက္ဒက္ခ်မ့္ရဲ႕သတင္းစာရွင္းလင္းတြင္ေျပာဆိုသြားမႈအေပၚ ေဒါသထြက္ေနပါတယ္။

ဘန္ဇီးမားဟာျပင္သစ္အသင္းႏွင့္အတူဒဏ္ရာရရွိၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ႏွင့္ျပန္လည္ပူးေပါင္းခ်ိန္တြင္သုံးရက္တည္းသာေဆးကုသမႈခံယူရန္လိုအပ္ခဲ့ၿပီး အားလပ္ရက္အပန္းေျဖခရီးထြက္ခဲ့ပါတယ္။သူဟာဒဏ္ရာမွအျပည့္အဝျပန္လည္ေကာင္းမြန္လာၿပီးေနာက္ၿပီးခဲ့အပတ္မွစတင္ကာေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ပါတယ္။

ဘန္ဇီးမားဟာျပင္သစ္ေလ့က်င့္ေရးအစီအစဥ္တြင္ဒဏ္ရာရရွိၿပီးေနာက္ ခ်က္ခ်င္းအိမ္မျပန္ေသးဘဲ ဒီဒီယာဒက္ခ်မ့္ကအိမ္သို႔အတင္းႏွင္လႊတ္မႈေၾကာင့္ျပန္ခဲ့ရတာလည္းျဖစ္ပါတယ္။

ေမာ္႐ိုကိုအႏိုင္ရၿပီးသတင္းစာရွင္းလင္းလပြဲတြင္ဘန္ဇီးမားကိုဗိုလ္လုပြဲအတြက္ဆင့္ေခၚမလားလို႔ေမးျမန္းလာခ်ိန္တြင္လည္းဒက္ခ်မ့္က “ဒီေမးခြန္းကိုတကယ္ပဲမေျဖခ်င္ဘူး။ေနာက္ေမးခြန္းတစ္ခုေမးပါ”လို႔ေျဖၾကားခဲ့ပါတယ္။

ဘန္ဇီးမားဟာၾကာသပေတးေန႔တုန္းကလီဂါနက္စ္ႏွင့္ရီးရဲလ္မက္ဒရစ္တို႔တစ္ဂိုးစီသေရက်တဲ့ေျခစမ္းပြဲတြင္ပါဝင္ကစားသြားခဲ့ၿပီးႀကံ့ခိုင္မႈျပည့္ဝေနပါတယ္။

ျပင္သစ္ဟာဒဏ္ရာမွႏုတ္ထြက္သြားတဲ့ဘန္ဇီးမားေနရာတြင္ကစားသမားအစားထိုးေခၚယူခဲ့ျခင္းမရွိရာဘန္ဇီးမားမွာျပင္သစ္အသင္းသာအျဖစ္ရွိေနဆဲျဖစ္ပါတယ္။ဒါေပမဲ့သူဟာဒီဒီယာဒက္ခ်မ့္ရဲ႕ဆက္ဆံမႈအေပၚေဒါသထြက္ကာကာတာသို႔သြားေရာက္ေတာ့မွာမဟုတ္ပါဘူး။