ပြင်သစ်နည်းပြရာထူးကို ငြင်းပယ်ပြီးနောက် အခြားလစ်လပ်နည်ပြရာထူးကို ပစ်မှတ်ထားနေတဲ့ ဟင်နရီ

သီယာရီဟင်နရီဟာပြင်သစ်အမျိုးသမီးအသင်းနည်းပြရာထူးကိုပယ်ချလိုက်ပြီးနောက်အခြားလစ်လပ်နေတဲ့နည်းပြရာထူးတစ်ခုကိုရယူရန်ပစ်မှတ်ထားနေပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာအသင်းခေါင်းဆောင်ဝင်ဒီရီနတ်အပါအဝင်လက်ရွေးစင်ကစားသမား၃ဦးတို့ကနည်းပြချုပ်ကိုရန်နီဒီယာခရီကြောင့် အသင်းအတွက်ကစားပေးတော့မှာမဟုတ်ကြောင်းပြောကြားလာမှုနဲ့အတူနည်းပြအပြောင်းအလဲလုပ်ရန်စီစဉ်ခဲ့ကြပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကော်မတီဝင်အူးလက်စ်ဟာပြင်သစ်အမျိုးသမီးအသင်းကိုကိုင်တွယ်ရန်ဂန္ထဝင်ကစားသမားသီယာရီဟင်နရီကိုကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဟင်နရီဟာပြင်သစ်အမျိုးသမီးကိုကိုင်တွယ်လိုခြင်းမရှိမှုနှင့်အတူပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ဟင်နရီဟာနည်းပြလက်မဲ့ဖြစ်နေတဲ့အမေရိကန်အသင်းကိုကိုင်တွယ်ရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

အမေရိကန်ဟာ၂၀၂၂ခုနှစ်အကုန်တွင်နည်းပြဂရက်ဘာဟက်တာနှင့်လမ်းခွဲလိုက်ပြီးနောက် နည်းပြသစ်ရှာဖွေနေပါတယ်။

သီယာရီဟင်နရီဟာအမေရိကန်မေဂျာလိဂ်တွင်ကစားခဲ့ဖူးတဲ့အပြင် မွန်ထရီရယ်အင်းပက်ကိုလည်း၂၀၁၉ခုနှစ်မှ၂၀၂၁ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာဘယ်လ်ဂျီယံအသင်းတွင်နည်းပြမာတီနက်ဇ်ရဲ့လက်ထောက်အဖြစ်လည်းဆောင်ရွက်ခဲ့ဖူးပါတယ်။

အမေရိကန်ဟာ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုကနေဒါ၊မက္ကဆီကိုတို့နှင့်အတူပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ရာသီယာရီဟင်နရီမှာအမေရိကန်အသင်းကိုကိုင်တွယ်ရန်စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ZawGyi

ျပင္သစ္နည္းျပရာထူးကို ျငင္းပယ္ၿပီးေနာက္ အျခားလစ္လပ္နည္ျပရာထူးကို ပစ္မွတ္ထားေနတဲ့ ဟင္နရီ

သီယာရီဟင္နရီဟာျပင္သစ္အမ်ိဳးသမီးအသင္းနည္းျပရာထူးကိုပယ္ခ်လိုက္ၿပီးေနာက္အျခားလစ္လပ္ေနတဲ့နည္းျပရာထူးတစ္ခုကိုရယူရန္ပစ္မွတ္ထားေနပါတယ္။

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအသင္းေခါင္းေဆာင္ဝင္ဒီရီနတ္အပါအဝင္လက္ေ႐ြးစင္ကစားသမား၃ဦးတို႔ကနည္းျပခ်ဳပ္ကိုရန္နီဒီယာခရီေၾကာင့္ အသင္းအတြက္ကစားေပးေတာ့မွာမဟုတ္ေၾကာင္းေျပာၾကားလာမႈနဲ႔အတူနည္းျပအေျပာင္းအလဲလုပ္ရန္စီစဥ္ခဲ့ၾကပါတယ္။

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ေကာ္မတီဝင္အူးလက္စ္ဟာျပင္သစ္အမ်ိဳးသမီးအသင္းကိုကိုင္တြယ္ရန္ဂႏၴဝင္ကစားသမားသီယာရီဟင္နရီကိုကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့ဟင္နရီဟာျပင္သစ္အမ်ိဳးသမီးကိုကိုင္တြယ္လိုျခင္းမရွိမႈႏွင့္အတူပယ္ခ်ခဲ့ပါတယ္။

ဒါေပမဲ့ဟင္နရီဟာနည္းျပလက္မဲ့ျဖစ္ေနတဲ့အေမရိကန္အသင္းကိုကိုင္တြယ္ရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

အေမရိကန္ဟာ၂၀၂၂ခုႏွစ္အကုန္တြင္နည္းျပဂရက္ဘာဟက္တာႏွင့္လမ္းခြဲလိုက္ၿပီးေနာက္ နည္းျပသစ္ရွာေဖြေနပါတယ္။

သီယာရီဟင္နရီဟာအေမရိကန္ေမဂ်ာလိဂ္တြင္ကစားခဲ့ဖူးတဲ့အျပင္ မြန္ထရီရယ္အင္းပက္ကိုလည္း၂၀၁၉ခုႏွစ္မွ၂၀၂၁ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာဘယ္လ္ဂ်ီယံအသင္းတြင္နည္းျပမာတီနက္ဇ္ရဲ႕လက္ေထာက္အျဖစ္လည္းေဆာင္႐ြက္ခဲ့ဖူးပါတယ္။

အေမရိကန္ဟာ၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲကိုကေနဒါ၊မကၠဆီကိုတို႔ႏွင့္အတူပူးတြဲအိမ္ရွင္အျဖစ္က်င္းပမည္ျဖစ္ရာသီယာရီဟင္နရီမွာအေမရိကန္အသင္းကိုကိုင္တြယ္ရန္စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။