ပြင်သစ်နည်းပြအဖြစ် ဒက်ချမ့် ဆက်ရှိမည်ဟု ပြင်သစ်အတည်ပြု

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနိုရယ်လီဂရက်ကဒီဒီယာဒက်ချမ့်မှာပြင်သစ်နည်းပြအဖြစ်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိဆက်ရှိနေမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဒီဒီယာဒက်ချမ့်ဦးဆောင်တဲ့ပြင်သစ်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲကိုချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးအသင်းအဖြစ်ပြိုင်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်၎င်းတို့ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ဆွစ်ဇာလန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှစောစောစီးစီးထွက်ခွာခဲ့ရပါတယ်။

ယူရိုမှစောစောစီးစီးထွက်ခွာခဲ့ရမှုနဲ့အတူဒမ်ချမ့်မှပြင်သစ်နည်းပြရာထူးမှထွက်ခွာရမယ်လို့သတင်းထွက်လာခဲ့ပါတယ်။ဒါပေမယ့်နိုရယ်လီဂရက်ကဒက်ချမ့်မှာလာမယ့်နိုင်ငံတကာပြိုင်ပွဲကြီးအထိပြင်သစ်ကိုဦးဆောင်သွားမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဒက်ချမ့်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းလာမှုအားလီဂရက်က “အဖြေက Yes ပါ။ဗုဒ္ဓဟူးနေ့တုန်းကဂူအမ်ဂမ့်မှာသူနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။သုံးမိနစ်အတွင်းမှာဘဲအဖြေရခဲ့ပါတယ်။သူကလည်းအတောင့်တင်းဆုံးပုံစံနဲ့ဆက်ရှိပါမယ်။ကျွန်တော်တို့လည်းဒီအတိုင်းပါပဲ။ကျွန်တော်တို့ဘာလုပ်ရမယ်။ဘာလုပ်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးအငြင်းအခုံမရှိခဲ့ပါဘူး”လို့ Le Figaro သို့ပြောကြားသွားပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ၂၀၁၂ခုနှစ်တွင်ပြင်သစ်အသင်းကိုကိုင်တွယ်ပြီးနောက်၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ပေးထားပါတယ်။သူဟာပြင်သစ်ကိုယူရို၂၀၁၆ဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ZawGyi

ျပင္သစ္နည္းျပအျဖစ္ ဒက္ခ်မ့္ ဆက္ရွိမည္ဟု ျပင္သစ္အတည္ျပဳ

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏိုရယ္လီဂရက္ကဒီဒီယာဒက္ခ်မ့္မွာျပင္သစ္နည္းျပအျဖစ္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိဆက္ရွိေနမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဒီဒီယာဒက္ခ်မ့္ဦးေဆာင္တဲ့ျပင္သစ္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးအသင္းအျဖစ္ၿပိဳင္ပြဲဝင္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္၎တို႔ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ဆြစ္ဇာလန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ခြာခဲ့ရပါတယ္။

ယူ႐ိုမွေစာေစာစီးစီးထြက္ခြာခဲ့ရမႈနဲ႔အတူဒမ္ခ်မ့္မွျပင္သစ္နည္းျပရာထူးမွထြက္ခြာရမယ္လို႔သတင္းထြက္လာခဲ့ပါတယ္။ဒါေပမယ့္ႏိုရယ္လီဂရက္ကဒက္ခ်မ့္မွာလာမယ့္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးအထိျပင္သစ္ကိုဦးေဆာင္သြားမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဒက္ခ်မ့္နဲ႔အနာဂတ္နဲ႔ပတ္သက္ၿပီးေမးျမန္းလာမႈအားလီဂရက္က “အေျဖက Yes ပါ။ဗုဒၶဟူးေန႔တုန္းကဂူအမ္ဂမ့္မွာသူနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။သုံးမိနစ္အတြင္းမွာဘဲအေျဖရခဲ့ပါတယ္။သူကလည္းအေတာင့္တင္းဆုံးပုံစံနဲ႔ဆက္ရွိပါမယ္။ကြၽန္ေတာ္တို႔လည္းဒီအတိုင္းပါပဲ။ကြၽန္ေတာ္တို႔ဘာလုပ္ရမယ္။ဘာလုပ္ေနတယ္ဆိုတာနဲ႔ပတ္သက္ၿပီးအျငင္းအခုံမရွိခဲ့ပါဘူး”လို႔ Le Figaro သို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္အသင္းေခါင္းေဆာင္ဟာ၂၀၁၂ခုႏွစ္တြင္ျပင္သစ္အသင္းကိုကိုင္တြယ္ၿပီးေနာက္၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ေပးထားပါတယ္။သူဟာျပင္သစ္ကိုယူ႐ို၂၀၁၆ဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။