
ဆာဂျီယိုအဂွဲရိုးဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီအာဂျင်တီးနားအသင်းနှင့်ပူးပေါင်းလာပြီးယခင်ကကဲ့သို့ပင်ကစားဖော်ဟောင်းလီယွန်နယ်မက်ဆီနှင့်တစ်ခန်းတည်းအတူနေလာပါတယ်။
အသက်၃၄နှစ်ရှိအဂွဲရိုးဟာပြီးခဲ့တဲ့နှစ်တုန်းကနှလုံးခုန်နှုန်းမမှန်မှုကြောင့်ကစားသမားဘဝမှအနားယူခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့သူဟာကာတာသို့ရောက်ရှိနေပြီးတနင်္ဂနွေနေ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်မက်ဆီနှင့်အာဂျင်တီးနားအသင်းကိုအားပေးသွားပါမယ်။
အဂွဲရိုးနှင့်မက်ဆီတို့ဟာဆယ်စုနှစ်နှစ်ခုနီးပါးကြာအလွန်ခင်မင်တဲ့သူငယ်ချင်းများဖြစ်ခဲ့ကြသူဖြစ်ပြီးအာဂျင်တီးနားလူငယ်အသင်းအဆင့်တွင်ကစားစဉ်ကတည်းကတစ်ခန်းတည်းအတူနေလာခဲ့ကြသူများဖြစ်ပါတယ်။
အဂွဲရိုးအနားယူသွားပြီးနောက်မက်ဆီဟာယခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အခန်းဖော်သစ်ထပ်မခေါ်တော့ဘဲတစ်ဦးတည်းနေထိုင်နေပါတယ်။
ဒါပေမဲ့အဂွဲရိုးဟာကာတာသို့ရောက်ရှိလာပြီးနောက်ကစားဖော်ဟောင်းလီယွန်နယ်မက်ဆီနှင့်အတူယခင်တုန်းကကဲ့သို့ပင်တစ်ခန်းတည်းအတူနေနေပါတယ်။
အာဂျင်တီးနားနည်းပြစကာလိုနီဟာကစားသမားဟောင်းအဂွဲရိုးအပြင် ဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ခဲ့တဲ့စပါးစ်ရဲ့ဂျီယိုဗန်နီလိုစယ်ဆိုကိုလည်းခရိုအေးရှားကိုအနိုင်ရတဲ့အာဂျင်တီးနားရဲ့ဆီမီးဖိုင်နယ်သို့ဖိတ်ခေါ်ခဲ့ပါတယ်။
ဂျိုအာကွင်းကော်ရီယာနှင့်နီကိုလပ်စ်ဂွန်ဇာလက်ဇ်တို့မှာလည်းတနင်္ဂနွေညပွဲတွင်အာဂျင်တီးနားကိုအားပေးလာဖို့ရှိပါတယ်။
zawgyi
ျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီ အာဂ်င္တီးနားအသင္းႏွင့္အတူ ပူးေပါင္းကာ မက္ဆီႏွင့္အတူ တခန္းတည္းေနေနတဲ့ အဂြဲ႐ိုး
ဆာဂ်ီယိုအဂြဲ႐ိုးဟာကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္မီအာဂ်င္တီးနားအသင္းႏွင့္ပူးေပါင္းလာၿပီးယခင္ကကဲ့သို႔ပင္ကစားေဖာ္ေဟာင္းလီယြန္နယ္မက္ဆီႏွင့္တစ္ခန္းတည္းအတူေနလာပါတယ္။
အသက္၃၄ႏွစ္ရွိအဂြဲ႐ိုးဟာၿပီးခဲ့တဲ့ႏွစ္တုန္းကႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္ကစားသမားဘဝမွအနားယူခဲ့ရသူျဖစ္ပါတယ္။ဒါေပမဲ့သူဟာကာတာသို႔ေရာက္ရွိေနၿပီးတနဂၤေႏြေန႔ကမာၻ႔ဖလားဗိုလ္လုပြဲတြင္မက္ဆီႏွင့္အာဂ်င္တီးနားအသင္းကိုအားေပးသြားပါမယ္။
အဂြဲ႐ိုးႏွင့္မက္ဆီတို႔ဟာဆယ္စုႏွစ္ႏွစ္ခုနီးပါးၾကာအလြန္ခင္မင္တဲ့သူငယ္ခ်င္းမ်ားျဖစ္ခဲ့ၾကသူျဖစ္ၿပီးအာဂ်င္တီးနားလူငယ္အသင္းအဆင့္တြင္ကစားစဥ္ကတည္းကတစ္ခန္းတည္းအတူေနလာခဲ့ၾကသူမ်ားျဖစ္ပါတယ္။
အဂြဲ႐ိုးအနားယူသြားၿပီးေနာက္မက္ဆီဟာယခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အခန္းေဖာ္သစ္ထပ္မေခၚေတာ့ဘဲတစ္ဦးတည္းေနထိုင္ေနပါတယ္။
ဒါေပမဲ့အဂြဲ႐ိုးဟာကာတာသို႔ေရာက္ရွိလာၿပီးေနာက္ကစားေဖာ္ေဟာင္းလီယြန္နယ္မက္ဆီႏွင့္အတူယခင္တုန္းကကဲ့သို႔ပင္တစ္ခန္းတည္းအတူေနေနပါတယ္။
အာဂ်င္တီးနားနည္းျပစကာလိုနီဟာကစားသမားေဟာင္းအဂြဲ႐ိုးအျပင္ ဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့တဲ့စပါးစ္ရဲ႕ဂ်ီယိုဗန္နီလိုစယ္ဆိုကိုလည္းခ႐ိုေအးရွားကိုအႏိုင္ရတဲ့အာဂ်င္တီးနားရဲ႕ဆီမီးဖိုင္နယ္သို႔ဖိတ္ေခၚခဲ့ပါတယ္။
ဂ်ိဳအာကြင္းေကာ္ရီယာႏွင့္နီကိုလပ္စ္ဂြန္ဇာလက္ဇ္တို႔မွာလည္းတနဂၤေႏြညပြဲတြင္အာဂ်င္တီးနားကိုအားေပးလာဖို႔ရွိပါတယ္။