ပြင်သစ်နှင့်ကမ္ဘာ့ဖလားကွာတားပွဲမတိုင်မီ ပြင်သစ်ပေါင်မုန့်ကို သပိတ်မှောက်ကာ စစ်ကြေညာလာတဲ့ အင်္ဂလန်ပရိသတ်များ

အင်္ဂလန်ပရိသတ်များဟာပြင်သစ်နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီပြင်သစ်ကိုစစ်ကြေညာလာပါတယ်။

အင်္ဂလန်ရဲ့ပရိသတ်တစ်ဦးကကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ရောက်တဲ့အထိပြင်သစ်ရဲ့အကောင်းဆုံးအစားအစာများကိုသပိတ်မှောက်ကြရန်အခြားအင်္ဂလန်ပရိသတ်များကိုနှိုးဆော်လာခဲ့တာဖြစ်ပါတယ်။

ယင်းအင်္ဂလန်ပရိသတ်ကပြင်သစ်ရဲ့နာမည်ကျော်အစားအစာများဖြစ်ကြတဲ့ ပြင်သစ်ပေါင်မုန့်ရှည်နှင့်ခရုဆန့်တို့ကိုသပိတ်မှောက်ကြရန်နှိုးဆော်လာတာဖြစ်ပါတယ်။

ယင်းပရိသတ်က “ငါ့ကောင်တို့ရေ။ဒါကစစ်ပွဲပဲ။အခုအချိန်ကစပြီးပေါင်မုန့်ရှည်မစားကြနဲ့တော့။ခရုဆန့်တို့မစားကြနဲ့တော့။မာခါရွန်တို့ကိုလှည့်တောင်မကြည့်နဲ့။လုပ်ထားကြအင်္ဂလန်”ဆိုပြီးဆိုလာပါတယ်။

ဒါ့အပြင်အခြားအင်္ဂလန်ပရိသတ်များကပြင်သစ်ထွက်ချောကလက်နှင့်ပြင်သစ်အကင်များကိုလည်းမစားသောက်ကြရန်ဟာသနှောတောင်းဆိုသွားပါတယ်။

တဖက်တွင်ပြင်သစ်မီဒီယာ L’Equipe ကလည်းကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်အင်္ဂလန်နှင့်တွေ့ဆုံမှုကို God Save Our King ဆိုပြီးစောင်းမြောင်းရေးသားသွားပါတယ်။

ZawGyi

ျပင္သစ္ႏွင့္ကမာၻ႔ဖလားကြာတားပြဲမတိုင္မီ ျပင္သစ္ေပါင္မုန႔္ကို သပိတ္ေမွာက္ကာ စစ္ေၾကညာလာတဲ့ အဂၤလန္ပရိသတ္မ်ား

အဂၤလန္ပရိသတ္မ်ားဟာျပင္သစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မတိုင္မီျပင္သစ္ကိုစစ္ေၾကညာလာပါတယ္။

အဂၤလန္ရဲ႕ပရိသတ္တစ္ဦးကကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္ေရာက္တဲ့အထိျပင္သစ္ရဲ႕အေကာင္းဆုံးအစားအစာမ်ားကိုသပိတ္ေမွာက္ၾကရန္အျခားအဂၤလန္ပရိသတ္မ်ားကိုႏႈိးေဆာ္လာခဲ့တာျဖစ္ပါတယ္။

ယင္းအဂၤလန္ပရိသတ္ကျပင္သစ္ရဲ႕နာမည္ေက်ာ္အစားအစာမ်ားျဖစ္ၾကတဲ့ ျပင္သစ္ေပါင္မုန႔္ရွည္ႏွင့္ခ႐ုဆန႔္တို႔ကိုသပိတ္ေမွာက္ၾကရန္ႏႈိးေဆာ္လာတာျဖစ္ပါတယ္။

ယင္းပရိသတ္က “ငါ့ေကာင္တို႔ေရ။ဒါကစစ္ပြဲပဲ။အခုအခ်ိန္ကစၿပီးေပါင္မုန႔္ရွည္မစားၾကနဲ႔ေတာ့။ခ႐ုဆန႔္တို႔မစားၾကနဲ႔ေတာ့။မာခါ႐ြန္တို႔ကိုလွည့္ေတာင္မၾကည့္နဲ႔။လုပ္ထားၾကအဂၤလန္”ဆိုၿပီးဆိုလာပါတယ္။

ဒါ့အျပင္အျခားအဂၤလန္ပရိသတ္မ်ားကျပင္သစ္ထြက္ေခ်ာကလက္ႏွင့္ျပင္သစ္အကင္မ်ားကိုလည္းမစားေသာက္ၾကရန္ဟာသေႏွာေတာင္းဆိုသြားပါတယ္။

တဖက္တြင္ျပင္သစ္မီဒီယာ L’Equipe ကလည္းကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္အဂၤလန္ႏွင့္ေတြ႕ဆုံမႈကို God Save Our King ဆိုၿပီးေစာင္းေျမာင္းေရးသားသြားပါတယ္။