ပြင်သစ်နှင့်အတူလေ့ကျင့်ခန်းဆင်းစဉ် ပေါင်ကြွက်သားဒဏ်ရာရရှိမှုကြောင့် ၁၀ပတ်ကြာရတော့မယ့် ပေါလ်ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်ဟာပြင်သစ်အသင်းနှင့်ပူးပေါင်းစဉ်ပေါင်ကြွက်သားဒဏ်ရာရရှိကာနုတ်ထွက်ခဲ့ရတဲ့ပေါလ်ပေါ့ဘာရဲ့အခြေအနေအပေါ်စိုးရိမ်လျက်ရှိနေပါတယ်။

အသက်၂၈နှစ်ရှိမန်ယူကွင်းလယ်ကစားသမားဟာတနင်္လာနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီးကာဇက်စတန်၊ဖင်လန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ပေါ့ဘာဟာပြင်သစ်လက်ရွေးစင်အသင်းမှနုတ်ထွက်ခဲ့ရပြီးမန်ယူအသင်းနှင့်ပြန်လည်ပူးပေါင်းကာဒဏ်ရာအခြေအနေကိုစစ်ဆေးမှုခံယူရပါမယ်။

သူဟာလီဗာပူးနှင့်ပွဲစဉ်မှအနီကတ်ပြစ်ဒဏ်ကြောင့်နိုင်ငံတကာပွဲအပြီး နိုဝင်ဘာလ၂၀ရက်နေ့တွင်ကစားရမယ့်ဝက်ဖို့ဒ်နှင့်ပွဲစဉ်ကိုလွဲချော်ပါမယ်။

RMC Sport ကပေါလ်ပေါ့ဘာမှာပေါင်ကြွက်သားဒဏ်ရာကြောင့်၈ပတ်မှ၁၀ပတ်အထိအနားယူရမည်ဖြစ်ကြောင်းဖော်ပြသွားပါတယ်။

မန်ယူဟာယခုလနှောင်းပိုင်းမှာဗီလာရီးရဲလ်နှင့်ချန်ပီယံရှုံးထွက်အဆင့်သို့တက်ရေးအရေးပါတဲ့ပွဲကစားရမယ့်အပြင်ပရီးမီးယားလိဂ်တွင်လည်းချဲလ်ဆီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၄ပွဲကစားထားသူဖြစ်ပါတယ်။

ZawGyi

ျပင္သစ္ႏွင့္အတူေလ့က်င့္ခန္းဆင္းစဥ္ ေပါင္ႂကြက္သားဒဏ္ရာရရွိမႈေၾကာင့္ ၁၀ပတ္ၾကာရေတာ့မယ့္ ေပါလ္ေပါ့ဘာ

မန္ခ်က္စတာယူႏိုက္တက္ဟာျပင္သစ္အသင္းႏွင့္ပူးေပါင္းစဥ္ေပါင္ႂကြက္သားဒဏ္ရာရရွိကာႏုတ္ထြက္ခဲ့ရတဲ့ေပါလ္ေပါ့ဘာရဲ႕အေျခအေနအေပၚစိုးရိမ္လ်က္ရွိေနပါတယ္။

အသက္၂၈ႏွစ္ရွိမန္ယူကြင္းလယ္ကစားသမားဟာတနလၤာေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးကာဇက္စတန္၊ဖင္လန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ေပါ့ဘာဟာျပင္သစ္လက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ခဲ့ရၿပီးမန္ယူအသင္းႏွင့္ျပန္လည္ပူးေပါင္းကာဒဏ္ရာအေျခအေနကိုစစ္ေဆးမႈခံယူရပါမယ္။

သူဟာလီဗာပူးႏွင့္ပြဲစဥ္မွအနီကတ္ျပစ္ဒဏ္ေၾကာင့္ႏိုင္ငံတကာပြဲအၿပီး ႏိုဝင္ဘာလ၂၀ရက္ေန႔တြင္ကစားရမယ့္ဝက္ဖို႔ဒ္ႏွင့္ပြဲဏဥ္ကိုလြဲေခ်ာ္ပါမယ္။

RMC Sport ကေပါလ္ေပါ့ဘာမွာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္၈ပတ္မွ၁၀ပတ္အထိအနားယူရမည္ျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

မန္ယူဟာယခုလေႏွာင္းပိုင္းမွာဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံရႈံးထြက္အဆင့္သို႔တက္ေရးအေရးပါတဲ့ပြဲကစားရမယ့္အျပင္ပရီးမီးယားလိဂ္တြင္လည္းခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ပြဲကစားထားသူျဖစ္ပါတယ္။