ပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်ကစားရန် လက်မှတ်ထိုးတောင်းဆိုသူ ၂ သိန်းနီးပါးရှိနေ

ဘောလုံးပရိသတ် ၂သိန်းနီးပါးတို့ဟာပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပြန်ကစားစေရန်ဖီဖာထံသို့လက်မှတ်ထိုးတောင်းဆိုမှုပြုလုပ်လာပါတယ်။

တနင်္ဂနွေနေ့တုန်းကကမ္ဘာ့ဖလားဗိုလ်လုပွဲမှာကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းတွင်အကောင်းဆုံးပွဲများထဲမှတစ်ပွဲဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားဟာပထမပိုင်းတွင်မက်ဆီ၊ဒီမာရီယာတို့ရဲ့ဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးရန်၁၀မိနစ်အလိုတွင်ဘက်ပေးက၅၉စက္ကန့်အတွင်းချေပဂိုးနှစ်ဂိုးသွင်းခဲ့မှုကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။

အချိန်ပိုတွင်မက်ဆီကအာဂျင်တီးနားအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်ဘက်ပေးကပင်နယ်တီတဆင့်ပြန်လည်ချေပခဲ့လို့ ပင်နယ်တီကန်ခဲ့ရပါတယ်။ပင်နယ်တီအဆုံးအဖြတ်တွင်အာဂျင်တီးနားက၄-၂ဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ဘောလုံးပရိသတ်များကပြင်သစ်-အာဂျင်တီးနားပွဲမှအာဂျင်တီးနားဘက်သို့ပေးခဲ့တဲ့ပင်နယ်တီမှာမျှတခြင်းမရှိသလိုဒီမာရီယာဒုတိယဂိုးမသွင်းမီဘက်ပေးပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်ဆိုပြီး ယင်းပွဲကိုပြန်ကန်ရန်လက်မှတ်ထိုးတောင်းဆိုလာပါတယ်။

ယခုအခါပြင်သစ်နှင့်အာဂျင်တီးနားပွဲကိုပြန်ကစားရန်လက်မှတ်ထိုးတောင်းဆိုသူ၂သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။

ယင်းလက်မှတ်ထိုးတောင်းဆိုမှုမှာနာမည်ကြီးနေပေမဲ့လည်း ပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲပြန်ကစားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

ZawGyi

ျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲကို ျပန္ကစားရန္ လက္မွတ္ထိုးေတာင္းဆိုသူ ၂ သိန္းနီးပါးရွိေန

ေဘာလုံးပရိသတ္ ၂သိန္းနီးပါးတို႔ဟာျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲကိုျပန္ကစားေစရန္ဖီဖာထံသို႔လက္မွတ္ထိုးေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

တနဂၤေႏြေန႔တုန္းကကမာၻ႔ဖလားဗိုလ္လုပြဲမွာကမာၻ႔ဖလားဗိုလ္လုပြဲသမိုင္းတြင္အေကာင္းဆုံးပြဲမ်ားထဲမွတစ္ပြဲျဖစ္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာပထမပိုင္းတြင္မက္ဆီ၊ဒီမာရီယာတို႔ရဲ႕ဂိုးမ်ားျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲၿပီးရန္၁၀မိနစ္အလိုတြင္ဘက္ေပးက၅၉စကၠန႔္အတြင္းေခ်ပဂိုးႏွစ္ဂိုးသြင္းခဲ့မႈေၾကာင့္အခ်ိန္ပိုကစားခဲ့ရပါတယ္။

အခ်ိန္ပိုတြင္မက္ဆီကအာဂ်င္တီးနားအတြက္ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ဘက္ေပးကပင္နယ္တီတဆင့္ျပန္လည္ေခ်ပခဲ့လို႔ ပင္နယ္တီကန္ခဲ့ရပါတယ္။ပင္နယ္တီအဆုံးအျဖတ္တြင္အာဂ်င္တီးနားက၄-၂ျဖင့္အႏိုင္ရရွိသြားခဲ့ပါတယ္။

ဒါေပမဲ့ေဘာလုံးပရိသတ္မ်ားကျပင္သစ္-အာဂ်င္တီးနားပြဲမွအာဂ်င္တီးနားဘက္သို႔ေပးခဲ့တဲ့ပင္နယ္တီမွာမွ်တျခင္းမရွိသလိုဒီမာရီယာဒုတိယဂိုးမသြင္းမီဘက္ေပးျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတယ္ဆိုၿပီး ယင္းပြဲကိုျပန္ကန္ရန္လက္မွတ္ထိုးေတာင္းဆိုလာပါတယ္။

ယခုအခါျပင္သစ္ႏွင့္အာဂ်င္တီးနားပြဲကိုျပန္ကစားရန္လက္မွတ္ထိုးေတာင္းဆိုသူ၂သိန္းနီးပါးရွိေနၿပီျဖစ္ပါတယ္။

ယင္းလက္မွတ္ထိုးေတာင္းဆိုမႈမွာနာမည္ႀကီးေနေပမဲ့လည္း ျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲျပန္ကစားဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။