
ကိုင်လီယန်ဘက်ပေးဟာပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့အလေးမစားပြောဆိုခြင်းခံခဲ့ရတဲ့ ဇီဒန်းကိုအကာအကွယ်ပေးလာခဲ့ပါတယ်။
ကစားသမားဘဝတုန်းကပြင်သစ်နှင့်အတူကမ္ဘာဖ့လားဆွတ်ခူးခဲ့တဲ့ဇီဒန်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်အာဂျင်တီးနားကိုရှုံးနိမ့်ပြီးနောက်ပြင်သစ်နည်းပြရာထူးအားဒီဒီယာဒက်ချမ့်ထံမှလွဲပြောင်းရယူလာမယ်လို့သတင်းထွက်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ဒီဒီယာဒက်ချမ့်ဟာပြင်သစ်ဘောလုံးအဖွဲ့ချုပ်နှင့်၂၀၂၆ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုခဲ့ကာလာမယ့်ယူရို၂၀၂၄နှင့်၂၀၂၆ကမ္ဘာ့ဖလားအထိကိုင်တွယ်သွားဦးမှာဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနိုရယ်လီဂရက်ဟာ RMC ရဲ့ Bartoli Time အင်တာဗျူးအစီအစဉ်တွင်ရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားသုံးကြိမ်ရရှိခဲ့တဲ့ဇီဒန်းကိုမလေးမစားပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။
နိုရယ်လီဂရက်က “ဘရာဇီးကိုဇီဒန်းသွားမလား။သူ့ဖာသာသူဘယ်ကလပ်ကိုပဲကိုင်ကိုင်၊ဘယ်နိုင်ငံအသင်းကိုပဲကိုင်ကိုင်ကျုပ်ဂရုမစိုက်ဘူး။ကျွန်တော့်ကိုသူဖုန်းဆက်ဖို့ကြိုးစားလား။မဆက်ပါဘူး။သူ့ဆက်လက်ရင်လည်းဖုန်းကိုင်မှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့ကိုင်လီယန်ဘက်ပေးဟာ ပြင်သစ်ဂန္ထဝင်ကစားသမားကြီးဇီဒန်းကိုကာကွယ်မှုပြုလုပ်လာခဲ့ပါတယ်။
ဘက်ပေးက “ဇီဒန်းကပြင်သစ်ပါ။သူ့လိုဂန္ထဝင်တစ်ဦးကိုကျွန်တော်တို့ဒီလိုမလေးမစားမလုပ်သင့်ဘူး”လို့ဆိုသွားပါတယ်။
ဇီဒန်းဟာ၂၀၂၁ခုနှစ်၊မေလတွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။
သူဟာလစ်လပ်နေတဲ့ဘရာဇီးနည်းပြအပြင် အမေရိကန်နည်းပြရာထူးအတွက်လည်းရေပန်းစားနေသူဖြစ်ပါတယ်။
ZawGyi
ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌရဲ႕မေလးမစားဆက္ဆံခံရတဲ့ ဇီဒန္းကို ကိုင္လီယန္ဘက္ေပးကာကြယ္လာ
ကိုင္လီယန္ဘက္ေပးဟာျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌရဲ႕အေလးမစားေျပာဆိုျခင္းခံခဲ့ရတဲ့ ဇီဒန္းကိုအကာအကြယ္ေပးလာခဲ့ပါတယ္။
ကစားသမားဘဝတုန္းကျပင္သစ္ႏွင့္အတူကမာၻဖ့လားဆြတ္ခူးခဲ့တဲ့ဇီဒန္းဟာ ကမာၻ႔ဖလားဗိုလ္လုပြဲတြင္အာဂ်င္တီးနားကိုရႈံးနိမ့္ၿပီးေနာက္ျပင္သစ္နည္းျပရာထူးအားဒီဒီယာဒက္ခ်မ့္ထံမွလြဲေျပာင္းရယူလာမယ္လို႔သတင္းထြက္ခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့ဒီဒီယာဒက္ခ်မ့္ဟာျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္၂၀၂၆ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ကာလာမယ့္ယူ႐ို၂၀၂၄ႏွင့္၂၀၂၆ကမာၻ႔ဖလားအထိကိုင္တြယ္သြားဦးမွာျဖစ္ပါတယ္။
ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏိုရယ္လီဂရက္ဟာ RMC ရဲ႕ Bartoli Time အင္တာဗ်ဴးအစီအစဥ္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ရရွိခဲ့တဲ့ဇီဒန္းကိုမေလးမစားေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။
ႏိုရယ္လီဂရက္က “ဘရာဇီးကိုဇီဒန္းသြားမလား။သူ႔ဖာသာသူဘယ္ကလပ္ကိုပဲကိုင္ကိုင္၊ဘယ္ႏိုင္ငံအသင္းကိုပဲကိုင္ကိုင္က်ဳပ္ဂ႐ုမစိုက္ဘူး။ကြၽန္ေတာ့္ကိုသူဖုန္းဆက္ဖို႔ႀကိဳးစားလား။မဆက္ပါဘူး။သူ႔ဆက္လက္ရင္လည္းဖုန္းကိုင္မွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ဒါေပမဲ့ကိုင္လီယန္ဘက္ေပးဟာ ျပင္သစ္ဂႏၴဝင္ကစားသမားႀကီးဇီဒန္းကိုကာကြယ္မႈျပဳလုပ္လာခဲ့ပါတယ္။
ဘက္ေပးက “ဇီဒန္းကျပင္သစ္ပါ။သူ႔လိုဂႏၴဝင္တစ္ဦးကိုကြၽန္ေတာ္တို႔ဒီလိုမေလးမစားမလုပ္သင့္ဘူး”လို႔ဆိုသြားပါတယ္။
ဇီဒန္းဟာ၂၀၂၁ခုႏွစ္၊ေမလတြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။
သူဟာလစ္လပ္ေနတဲ့ဘရာဇီးနည္းျပအျပင္ အေမရိကန္နည္းျပရာထူးအတြက္လည္းေရပန္းစားေနသူျဖစ္ပါတယ္။