ပြင်သစ်မဟုတ်တဲ့ လက်ရွေးစင်များကိုလည်း ကွာရန်တင်း ကင်းလွတ်ခွင့်ပေးရန် ပြင်သစ်အစိုးရကို ဒီပေးတောင်းဆို

မမ်ဖစ်ဒီပေးကပြင်သစ်မဟုတ်တဲ့လက်ရွေးစင်ကစားသမားများကိုလည်းပြင်သစ်လက်ရွေးစင်ကစားသမားများကဲ့သို့ကွာရန်တင်းကင်းလွတ်ခွင့်ပေးရန်တောင်းဆိုလိုက်ပါတယ်။

ပြင်သစ်အစိုးရကပြင်သစ်လက်ရွေးစင်ကစားသမားများအားနိုင်ငံခြားသို့နိုင်ငံပွဲသွားကစားပြီးပြန်လာချိန် တွင်ကွာရန်တင်းမလိုကြောင်းကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

ပြင်သစ်အစိုးရဟာပြင်သစ်လက်ရွေးစင်ကစားသမားများကိုအခွင့်အရေးပေးထားတဲ့စည်းမျဉ်းထုတ်ပြန်ခဲ့တာဖြစ်ပြီးယင်းဆုံးဖြတ်ချက်အပေါ်လိုင်ယွန်တိုက်စစ်သမားကရှေ့ဆုံးမှဆန့်ကျင်လျက်ရှိပါတယ်။ဒီပေးဟာပြင်သစ်အစိုးရရဲ့ကြေညာချက်ကြောင့်နယ်သာလန်အသင်းအတွက်သွားရောက်ကစားပါကပြန်လာ ချိန်တွင်ကွာရန်တင်းဝင်ရပါမယ်။

မကြာသေးမီတုန်းကလည်းပြင်သစ်လီဂူး၁နှင့်လီဂူး၂တို့ကဥရောပမဟုတ်တဲ့ကစားသမားများအား နိုင်ငံတကာပွဲသွားရောက်ကစားခွင့်ပိတ်ပင်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ျပင္သစ္မဟုတ္တဲ့ လက္ေ႐ြးစင္မ်ားကိုလည္း ကြာရန္တင္း ကင္းလြတ္ခြင့္ေပးရန္ ျပင္သစ္အစိုးရကို ဒီေပးေတာင္းဆို

မမ္ဖစ္ဒီေပးကျပင္သစ္မဟုတ္တဲ့လက္ေ႐ြးစင္ကစားသမားမ်ားကိုလည္းျပင္သစ္လက္ေ႐ြးစင္ကစားသမားမ်ားကဲ့သို႔ကြာရန္တင္းကင္းလြတ္ခြင့္ေပးရန္ေတာင္းဆိုလိုက္ပါတယ္။

ျပင္သစ္အစိုးရကျပင္သစ္လက္ေ႐ြးစင္ကစားသမားမ်ားအားႏိုင္ငံျခားသို႔ႏိုင္ငံပြဲသြားကစားၿပီးျပန္လာခ်ိန္ တြင္ကြာရန္တင္းမလိုေၾကာင္းကင္းလြတ္ခြင့္ေပးခဲ့ပါတယ္။

ျပင္သစ္အစိုးရဟာျပင္သစ္လက္ေ႐ြးစင္ကစားသမားမ်ားကိုအခြင့္အေရးေပးထားတဲ့စည္းမ်ဥ္းထုတ္ျပန္ခဲ့တာျဖစ္ၿပီးယင္းဆုံးျဖတ္ခ်က္အေပၚလိုင္ယြန္တိုက္စစ္သမားကေရွ႕ဆုံးမွဆန႔္က်င္လ်က္ရွိပါတယ္။ဒီေပးဟာျပင္သစ္အစိုးရရဲ႕ေၾကညာခ်က္ေၾကာင့္နယ္သာလန္အသင္းအတြက္သြားေရာက္ကစားပါကျပန္လာ ခ်ိန္တြင္ကြာရန္တင္းဝင္ရပါမယ္။

မၾကာေသးမီတုန္းကလည္းျပင္သစ္လီဂူး၁ႏွင့္လီဂူး၂တို႔ကဥေရာပမဟုတ္တဲ့ကစားသမားမ်ားအား ႏိုင္ငံတကာပြဲသြားေရာက္ကစားခြင့္ပိတ္ပင္မႈျပဳလုပ္ခဲ့ပါတယ္။