
ပြင်သစ်ရှိဘားတစ်ခုတွင်လီယွန်နယ်မက်ဆီရဲ့အင်္ကျီတစ်ထည်ကိုခြေသုတ်အဖြစ်အသုံးပြုနေပါတယ်။ပြင်သစ်သားတို့ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် နိုင်ငံကိုအသည်းခွဲခဲ့တဲ့ပြင်သစ်နိုင်ငံကလပ်မှာကစားနေတဲ့မက်ဆီကိုတုံ့ပြန်မှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
မက်ဆီဟာတနင်္ဂနွေနေ့ညတုန်းကကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်၂ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီကိုကမ္ဘာ့ဖလားဆွတ်ခူးရယူနိုင်ပြီးနောက် တစ်ကမ္ဘာလုံးမှပရိသတ်များက GOAT အဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။
ဒါပေမဲ့ပြင်သစ်သားအချို့တို့ကတော့ သူ့ကစားနေတဲ့ကလပ်အခြေစိုက်ရာ နိုင်ငံကိုအသည်းခွဲခဲ့တဲ့ မက်ဆီအပေါ်မှာတော့အကျေမနပ်ဖြစ်နေကြတုန်းဖြစ်ပါတယ်။
အခုပြင်သစ်ကဘားတစ်ခုဟာလီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီကို ဆိုင်ဝင်ပေါက်တွင်ခြေသုတ်အဖြစ်အသုံးပြုကာဒေါသကိုပြသလာပါတယ်။
အင်္ဂလန်နိုင်ငံမှဘားတစ်ခုဟာလည်းကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ပင်နယ်တီလွဲခဲ့တဲ့ဟယ်ရီကိန်းအပေါ်မကျေမနပ်ဖြစ်ကာ ဟယ်ရီကိန်းရဲ့အင်္ကျီကိုခြေသုတ်အဖြစ်အသုံးပြုနေပါတယ်။
ZawGyi
ျပင္သစ္ရဲ႕ဘားတစ္ခုတြင္ လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌကို ေျခသုတ္အျဖစ္ အသုံးျပဳေန
ျပင္သစ္ရွိဘားတစ္ခုတြင္လီယြန္နယ္မက္ဆီရဲ႕အက်ႌတစ္ထည္ကိုေျခသုတ္အျဖစ္အသုံးျပဳေနပါတယ္။ျပင္သစ္သားတို႔ဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ႏိုင္ငံကိုအသည္းခြဲခဲ့တဲ့ျပင္သစ္ႏိုင္ငံကလပ္မွာကစားေနတဲ့မက္ဆီကိုတုံ႔ျပန္မႈျပဳလုပ္လာတာလည္းျဖစ္ပါတယ္။
မက္ဆီဟာတနဂၤေႏြေန႔ညတုန္းကကမာၻ႔ဖလားဗိုလ္လုပြဲတြင္၂ဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။
အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီကိုကမာၻ႔ဖလားဆြတ္ခူးရယူႏိုင္ၿပီးေနာက္ တစ္ကမာၻလုံးမွပရိသတ္မ်ားက GOAT အျဖစ္သတ္မွတ္လာခဲ့ၾကပါတယ္။
ဒါေပမဲ့ျပင္သစ္သားအခ်ိဳ႕တို႔ကေတာ့ သူ႔ကစားေနတဲ့ကလပ္အေျခစိုက္ရာ ႏိုင္ငံကိုအသည္းခြဲခဲ့တဲ့ မက္ဆီအေပၚမွာေတာ့အေက်မနပ္ျဖစ္ေနၾကတုန္းျဖစ္ပါတယ္။
အခုျပင္သစ္ကဘားတစ္ခုဟာလီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌကို ဆိုင္ဝင္ေပါက္တြင္ေျခသုတ္အျဖစ္အသုံးျပဳကာေဒါသကိုျပသလာပါတယ္။
အဂၤလန္ႏိုင္ငံမွဘားတစ္ခုဟာလည္းကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ပင္နယ္တီလြဲခဲ့တဲ့ဟယ္ရီကိန္းအေပၚမေက်မနပ္ျဖစ္ကာ ဟယ္ရီကိန္းရဲ႕အက်ႌကိုေျခသုတ္အျဖစ္အသုံးျပဳေနပါတယ္။