ပြင်သစ်ရဲ့အခွန်စနစ်ကြောင့် ရီးရဲလ်သို့ ပြောင်းဖို့ နီးစပ်လာတဲ့ အမ်ဘက်ပီ

ပြင်သစ်ရဲ့အခွန်ကောက်ခံတဲ့စနစ်ကြောင့်ရီးရဲလ်မက်ဒရစ်ဟာပီအက်စ်ဂျီမှကိုင်လီယန်အမ်ဘက်ပီကိုခေါ်ယူရေးရည်မှန်းချက်ပြည့်မြောက်လာဖို့ရှိနေကြောင်း Diario AS ကဖော်ပြသွားပါတယ်။

ကိုင်လီယန်အမ်ဘက်ပီဟာပြင်သစ်နိုင်ငံသားဖြစ်တာနဲ့အညီမကြာသေးမီတုန်းကပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ဘရာဇီးတိုက်စစ်မှူးနေမာကဲ့သို့အခွန်သက်သာခွင့်ခံစားခွင့်မရရှိပါဘူး။

ဒါကြောင့်လည်းပီအက်စ်ဂျီအနေဖြင့်ကိုင်လီယန်အမ်ဘက်ပီအားစာချုပ်သစ်ချုပ်ဆိုရာတွင်နေမာထက်ပိုပြီးငွေအသုံးပြုရဖို့ရှိပါတယ်။

နေမာဟာအခြားနိုင်ငံမှပြင်သစ်နိုင်ငံသို့လာရောက်ကာအလုပ်လုပ်သူဖြစ်ရာအခွန်သက်သာခွင့်ရှိနေပါတယ်။ယင်းသို့အခွန်သက်သာမှုကပီအက်စ်ဂျီအတွက်ရောနေမာအတွက်ပါအကျိုးရှိနေပါတယ်။

ဒါပေမယ့်ယင်းဥပဒေကြောင့်ပင်ပီအက်စ်ဂျီဟာအမ်ဘက်ပီကိုရီးရဲလ်မက်ဒရစ်သို့ဆုံးရှုံးရနိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်။

အမ်ဘက်ပီဟာ၂၀၂၂ခုနှစ်မှာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမားဖြစ်ပါတယ်။ပီအက်စ်ဂျီအနေဖြင့်အမ်ဘက်ပီကိုယခုနွေရာသီတွင်စာချုပ်သစ်မချုပ်ဆိုနိုင်ပါကလာမယ့်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးရပါမယ်။ယင်းသို့အနေအထားကြောင့်စာချုပ်မချုပ်ဆိုလျှင်ပီအက်စ်ဂျီအနေဖြင့်အမ်ဘက်ပီရောင်းချသွားရပါမယ်။

ZawGyi

ျပင္သစ္ရဲ႕အခြန္စနစ္ေၾကာင့္ ရီးရဲလ္သို႔ ေျပာင္းဖို႔ နီးစပ္လာတဲ့ အမ္ဘက္ပီ

ျပင္သစ္ရဲ႕အခြန္ေကာက္ခံတဲ့စနစ္ေၾကာင့္ရီးရဲလ္မက္ဒရစ္ဟာပီအက္စ္ဂ်ီမွကိုင္လီယန္အမ္ဘက္ပီကိုေခၚယူေရးရည္မွန္းခ်က္ျပည့္ေျမာက္လာဖို႔ရွိေနေၾကာင္း Diario AS ကေဖာ္ျပသြားပါတယ္။

ကိုင္လီယန္အမ္ဘက္ပီဟာျပင္သစ္ႏိုင္ငံသားျဖစ္တာနဲ႔အညီမၾကာေသးမီတုန္းကပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ဘရာဇီးတိုက္စစ္မႉးေနမာကဲ့သို႔အခြန္သက္သာခြင့္ခံစားခြင့္မရရွိပါဘူး။

ဒါေၾကာင့္လည္းပီအက္စ္ဂ်ီအေနျဖင့္ကိုင္လီယန္အမ္ဘက္ပီအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုရာတြင္ေနမာထက္ပိုၿပီးေငြအသုံးျပဳရဖို႔ရွိပါတယ္။

ေနမာဟာအျခားႏိုင္ငံမွျပင္သစ္ႏိုင္ငံသို႔လာေရာက္ကာအလုပ္လုပ္သူျဖစ္ရာအခြန္သက္သာခြင့္ရွိေနပါတယ္။ယင္းသို႔အခြန္သက္သာမႈကပီအက္စ္ဂ်ီအတြက္ေရာေနမာအတြက္ပါအက်ိဳးရွိေနပါတယ္။

ဒါေပမယ့္ယင္းဥပေဒေၾကာင့္ပင္ပီအက္စ္ဂ်ီဟာအမ္ဘက္ပီကိုရီးရဲလ္မက္ဒရစ္သို႔ဆုံးရႈံးရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိပါတယ္။

အမ္ဘက္ပီဟာ၂၀၂၂ခုႏွစ္မွာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကစားသမားျဖစ္ပါတယ္။ပီအက္စ္ဂ်ီအေနျဖင့္အမ္ဘက္ပီကိုယခုေႏြရာသီတြင္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ပါကလာမယ့္ေႏြတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရပါမယ္။ယင္းသို႔အေနအထားေၾကာင့္စာခ်ဳပ္မခ်ဳပ္ဆိုလွ်င္ပီအက္စ္ဂ်ီအေနျဖင့္အမ္ဘက္ပီေရာင္းခ်သြားရပါမယ္။