
ကာရမ်ဘန်ဇီးမားဟာပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီးနောက်ပြင်သစ်လက်ရွေးစင်ကစားသမားအားလုံးနီးပါးကို Unfollow လုပ်လာပြီး ငါးဦးကိုသာဆက်လက် Follow လုပ်လာပါတယ်။
2022 Ballon d’Or ဆုရှင်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်တိုက်စစ်ကိုဦးဆောင်လာမယ်လို့ယူဆခြင်းခံခဲ့ရပေမဲ့လည်းပြိုင်ပွဲမတိုင်မီဒဏ်ရာရရှိကာနုတ်ထွက်သွားခဲ့ရပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်သို့ပြန်ရောက်လာပြီးနောက်သုံးရက်တည်းသာဆေးကုသမှုခံယူခဲ့ရပြီးနောက်ကြံ့ခိုင်မှုပြည့်ဝလာခဲ့ပါတယ်။သူဟာအာဂျင်တီးနားနှင့်ဗိုလ်လုပွဲတွင်ပြင်သစ်အတွက်ပြန်ကစားလာနိုင်တယ်လို့သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ကရွေးချယ်ရန်ငြင်းဆိုခဲ့ပါတယ်။ဘန်ဇီးမားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုရန်ပြင်သစ်သမ္မတမက်ခရွန်ကဖိတ်ကြားမှုကိုလည်းငြင်းပယ်ခဲ့ပါတယ်။
ဘန်ဇီးမားဟာဆေးကုသမှုအနည်းငယ်သာခံယူရန်လိုအပ်ပေမဲ့လည်း ဒီဒီယာဒက်ချမ့်ကသူ့ကိုအိမ်သို့အတင်းနှင်လွှတ်မှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းသိရပါတယ်။
ဒါကြောင့်လည်းကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်ဘန်ဇီးမားဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူလာခဲ့ပါတယ်။
ယခုသူဟာပြင်သစ်လက်ရွေးစင်ကစားဖော်အားလုံးနီးပါးကိုဆိုရှယ်မီဒီယာတွင် Unfollow လုပ်လာကြောင်း Marca ကဖော်ပြလာပါတယ်။သူဟာကာမာဗန်ဂါ၊ချူကွာမီနီ၊ဗာရန်း၊ကိုင်လီယန်ဘက်ပေး၊မားကပ်စ်သူရမ်တို့ကိုသာဆက်လက် Follow လုပ်ထားပါတယ်။
ဒါ့အပြင် AS ရဲ့ဖော်ပြမှုအရ ပြင်သစ်နည်းပြအဖြစ်ဇီဒန်းသာခန့်အပ်ခြင်းခံလာရပါက ဘန်ဇီးမားမှာပြင်သစ်အသင်းတွင်ပြန်ကစားလာနိုင်သေးကြောင်းသိရပါတယ်။
ZawGyi
ျပင္သစ္လက္ေ႐ြးစင္အသင္းမွ အနားယူၿပီးေနာက္ ျပင္သစ္စတား ၅ ဦးမွလြဲၿပီး က်န္အားလုံးကို Unfollow လုပ္လာတဲ့ ဘန္ဇီးမား
ကာရမ္ဘန္ဇီးမားဟာျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလိုက္ၿပီးေနာက္ျပင္သစ္လက္ေ႐ြးစင္ကစားသမားအားလုံးနီးပါးကို Unfollow လုပ္လာၿပီး ငါးဦးကိုသာဆက္လက္ Follow လုပ္လာပါတယ္။
2022 Ballon d’Or ဆုရွင္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပင္သစ္တိုက္စစ္ကိုဦးေဆာင္လာမယ္လို႔ယူဆျခင္းခံခဲ့ရေပမဲ့လည္းၿပိဳင္ပြဲမတိုင္မီဒဏ္ရာရရွိကာႏုတ္ထြက္သြားခဲ့ရပါတယ္။
သူဟာရီးရဲလ္မက္ဒရစ္သို႔ျပန္ေရာက္လာၿပီးေနာက္သုံးရက္တည္းသာေဆးကုသမႈခံယူခဲ့ရၿပီးေနာက္ႀကံ့ခိုင္မႈျပည့္ဝလာခဲ့ပါတယ္။သူဟာအာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲတြင္ျပင္သစ္အတြက္ျပန္ကစားလာႏိုင္တယ္လို႔သတင္းထြက္ခဲ့ပါတယ္။
ဒါေပမဲ့ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ကေ႐ြးခ်ယ္ရန္ျငင္းဆိုခဲ့ပါတယ္။ဘန္ဇီးမားဟာကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ၾကည့္ရႈရန္ျပင္သစ္သမၼတမက္ခ႐ြန္ကဖိတ္ၾကားမႈကိုလည္းျငင္းပယ္ခဲ့ပါတယ္။
ဘန္ဇီးမားဟာေဆးကုသမႈအနည္းငယ္သာခံယူရန္လိုအပ္ေပမဲ့လည္း ဒီဒီယာဒက္ခ်မ့္ကသူ႔ကိုအိမ္သို႔အတင္းႏွင္လႊတ္မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းသိရပါတယ္။
ဒါေၾကာင့္လည္းကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္ဘန္ဇီးမားဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလာခဲ့ပါတယ္။
ယခုသူဟာျပင္သစ္လက္ေ႐ြးစင္ကစားေဖာ္အားလုံးနီးပါးကိုဆိုရွယ္မီဒီယာတြင္ Unfollow လုပ္လာေၾကာင္း Marca ကေဖာ္ျပလာပါတယ္။သူဟာကာမာဗန္ဂါ၊ခ်ဴကြာမီနီ၊ဗာရန္း၊ကိုင္လီယန္ဘက္ေပး၊မားကပ္စ္သူရမ္တို႔ကိုသာဆက္လက္ Follow လုပ္ထားပါတယ္။
ဒါ့အျပင္ AS ရဲ႕ေဖာ္ျပမႈအရ ျပင္သစ္နည္းျပအျဖစ္ဇီဒန္းသာခန႔္အပ္ျခင္းခံလာရပါက ဘန္ဇီးမားမွာျပင္သစ္အသင္းတြင္ျပန္ကစားလာႏိုင္ေသးေၾကာင္းသိရပါတယ္။