ပြင်သစ်လေ့ကျင့်ရေးကွင်းတွင် ဘန်ဇီးမားရဲ့တိကျသေချာတဲ့ဂိုးသွင်းမှုများအပေါ် အံ့ဩခဲ့တဲ့ အမ်ဘက်ပီ

ကိုင်လီယန်အမ်ဘက်ပီဟာပြင်သစ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွင်ကာရမ်ဘန်ဇီးမားရဲ့တိကျသေချာလှတဲ့ဂိုးသွင်းမှုများအပေါ်အကြီးအကျယ်အံ့ဩတုန်လှုပ်ခဲ့ကြောင်းသိရပါတယ်။

အသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာခြောက်နှစ်ကြာဝေးကွာလာခဲ့တဲ့ပြင်သစ်လက်ရွေးစင်အသင်းတွင်ပြန်လည်ရွေးချယ်ခြင်းခံထားရပြီးလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ပြင်သစ်ရဲ့အရေးပါတဲ့ကစားသမားဖြစ်လာမယ်ဆိုတာသံသယဝင်စရာမရှိပါဘူး။

သူဟာသူ့ရဲ့အရည်အသွေးကိုရီးရဲလ်မက်ဒရစ်နှင့်သာမကပြင်သစ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်များတွင်လည်းထိပ်တန်းအရည်အသွေးကိုသက်သေပြနေပါတယ်။

ဘန်ဇီးမားဟာပြင်သစ်ရဲ့ဂိုးသွင်းလေ့ကျင့်ရေးအစီအစဉ်မှာအံ့မခန်းကန်ချက်နှစ်ခုဖြင့်အပေါ်ထောင့်ကျဉ်းသို့ကန်သွင်းပြခဲ့ပါတယ်။

ကိုင်လီယန်အမ်ဘက်ပီဟာဘန်ဇီးမားရဲ့ဂိုးကန်သွင်းတဲ့အစွမ်းကိုခါးထောင်ကာမင်သက်ကြည့်နေသလိုဘာစီလိုနာစတားဂရက်ဇ်မန်းဟာလည်းလက်နှစ်ဖက်ကိုခေါင်းပေါ်တင်ကာအံ့ဩနေခဲ့ပါတယ်။

ဘန်ဇီးမားဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၆ပွဲကစားပြီးဂိုး၃၀သွင်းယူထားပါတယ်။

သူဟာပြင်သစ်ကစားဖော်ဗယ်ဘူလ်နာအားငွေညှစ်ခြိမ်းခြောက်မှုမှာပါဝင်ပတ်သက်တယ်ဆိုပြီး၂၀၁၅ခုနှစ်ကတည်းကပြင်သစ်လက်ရွေးစင်အသင်းမှာချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ျပင္သစ္ေလ့က်င့္ေရးကြင္းတြင္ ဘန္ဇီးမားရဲ႕တိက်ေသခ်ာတဲ့ဂိုးသြင္းမႈမ်ားအေပၚ အံ့ဩခဲ့တဲ့ အမ္ဘက္ပီ

ကိုင္လီယန္အမ္ဘက္ပီဟာျပင္သစ္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္တြင္ကာရမ္ဘန္ဇီးမားရဲ႕တိက်ေသခ်ာလွတဲ့ဂိုးသြင္းမႈမ်ားအေပၚအႀကီးအက်ယ္အံ့ဩတုန္လႈပ္ခဲ့ေၾကာင္းသိရပါတယ္။

အသက္၃၃ႏွစ္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာေျခာက္ႏွစ္ၾကာေဝးကြာလာခဲ့တဲ့ျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံထားရၿပီးလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ျပင္သစ္ရဲ႕အေရးပါတဲ့ကစားသမားျဖစ္လာမယ္ဆိုတာသံသယဝင္စရာမရွိပါဘူး။

သူဟာသူ႔ရဲ႕အရည္အေသြးကိုရီးရဲလ္မက္ဒရစ္ႏွင့္သာမကျပင္သစ္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မ်ားတြင္လည္းထိပ္တန္းအရည္အေသြးကိုသက္ေသျပေနပါတယ္။

ဘန္ဇီးမားဟာျပင္သစ္ရဲ႕ဂိုးသြင္းေလ့က်င့္ေရးအစီအစဥ္မွာအံ့မခန္းကန္ခ်က္ႏွစ္ခုျဖင့္အေပၚေထာင့္က်ဥ္းသို႔ကန္သြင္းျပခဲ့ပါတယ္။

ကိုင္လီယန္အမ္ဘက္ပီဟာဘန္ဇီးမားရဲ႕ဂိုးကန္သြင္းတဲ့အစြမ္းကိုခါးေထာင္ကာမင္သက္ၾကည့္ေနသလိုဘာစီလိုနာစတားဂရက္ဇ္မန္းဟာလည္းလက္ႏွစ္ဖက္ကိုေခါင္းေပၚတင္ကာအံ့ဩေနခဲ့ပါတယ္။

ဘန္ဇီးမားဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာရီးရဲလ္မက္ဒရစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၆ပြဲကစားၿပီးဂိုး၃၀သြင္းယူထားပါတယ္။

သူဟာျပင္သစ္ကစားေဖာ္ဗယ္ဘူလ္နာအားေငြညႇစ္ၿခိမ္းေျခာက္မႈမွာပါဝင္ပတ္သက္တယ္ဆိုၿပီး၂၀၁၅ခုႏွစ္ကတည္းကျပင္သစ္လက္ေ႐ြးစင္အသင္းမွာခ်န္လွပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။