ပြင်သစ်လေ့ကျင့်ရေးအစီအစဉ်မှ ၁၅ မိနစ်စောပြီး ထွက်ခွာသွားခဲ့တဲ့ ကာရမ်ဘန်ဇီးမား

ကာရမ်ဘန်ဇီးမားဟာအင်္ဂါနေ့တုန်းကပြင်သစ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင်၁၅မိနစ်စောပြီးလေ့ကျင့်ရေးကွင်းမှထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမှာဒဏ်ရာပြဿနာကြောင့်စောစောစီးစီးထွက်ခွာသွားခြင်းမရှိဘဲ အစီအစဉ်အတိုင်းစောပြီးထွက်ခွာသွားခြင်းမျှသာဖြစ်ကြောင်းဆိုသွားပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာယခုရာသီတွင်ကြွက်သားဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာအောက်တိုဘာလ၉ရက်နေ့တုန်းကအယ်လ်ချီကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင်ပွဲထွက်ကစားနိုင်ခြင်းမရှိဘဲယခုလအစောပိုင်းတုန်းကဆဲလ်တစ်ကိုအနိုင်ရတဲ့ပွဲတွင်၂၆မိနစ်တည်းသာလူစားဝင်ရောက်ကစားခဲ့ပါတယ်။

Ballon d’Or ဆုရှင်ဟာကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးပေမဲ့လည်း ဒီဒီယာဒက်ချမ့်ရဲ့ပြင်သစ်လူစာရင်းတွင်ရွေးချယ်ခံထားရပါတယ်။

ဘန်ဇီးမားဟာကြံ့ခိုင်မှုပြည့်ဝလာရေးအတွက်တကိုယ်တော်လေ့ကျင့်ခန်းဆင်းမှုသာပြုလုပ်နေရဆဲဖြစ်ပြီးဘောလုံးနှင့်လေ့ကျင့်ခန်းအစီအစဉ်မလုပ်နိုင်သေးပါဘူး။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာလေ့ကျင့်ခန်းအစီအစဉ်ကြောင့်ဘန်ဇီးမားရဲ့အခြေအနေဆိုးရွားလာမှာစိုးရိမ်မှုနဲ့အတူ ၁၅မိနစ်လျှော့ပြီးပြုလုပ်စေနေတာလည်းဖြစ်ပါတယ်။

တဖက်တွင်ပြင်သစ်ဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိသွားမှုကြောင့်လိုက်ဇစ်စတားခရစ္စတိုဖာအန်ကန်ကူကိုဆုံးရှုံးထားရပါတယ်။ယခုရာသီတွင်လိုက်ဇစ်အတွက်၁၂ဂိုးသွင်းထားတဲ့အန်ကန်ကူဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ကာမာဗန်ဂါရဲ့ဖျက်ထုတ်မှုကြောင့်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ZawGyi

ျပင္သစ္ေလ့က်င့္ေရးအစီအစဥ္မွ ၁၅ မိနစ္ေစာၿပီး ထြက္ခြာသြားခဲ့တဲ့ ကာရမ္ဘန္ဇီးမား

ကာရမ္ဘန္ဇီးမားဟာအဂၤါေန႔တုန္းကျပင္သစ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္၁၅မိနစ္ေစာၿပီးေလ့က်င့္ေရးကြင္းမွထြက္ခြာသြားခဲ့ပါတယ္။ဒါေပမဲ့ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးမွာဒဏ္ရာျပႆနာေၾကာင့္ေစာေစာစီးစီးထြက္ခြာသြားျခင္းမရွိဘဲ အစီအစဥ္အတိုင္းေစာၿပီးထြက္ခြာသြားျခင္းမွ်သာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာယခုရာသီတြင္ႂကြက္သားဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာေအာက္တိုဘာလ၉ရက္ေန႔တုန္းကအယ္လ္ခ်ီကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္ပြဲထြက္ကစားႏိုင္ျခင္းမရွိဘဲယခုလအေစာပိုင္းတုန္းကဆဲလ္တစ္ကိုအႏိုင္ရတဲ့ပြဲတြင္၂၆မိနစ္တည္းသာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

Ballon d’Or ဆုရွင္ဟာႀကံ့ခိုင္မႈျပည့္ဝျခင္းမရွိေသးေပမဲ့လည္း ဒီဒီယာဒက္ခ်မ့္ရဲ႕ျပင္သစ္လူစာရင္းတြင္ေ႐ြးခ်ယ္ခံထားရပါတယ္။

ဘန္ဇီးမားဟာႀကံ့ခိုင္မႈျပည့္ဝလာေရးအတြက္တကိုယ္ေတာ္ေလ့က်င့္ခန္းဆင္းမႈသာျပဳလုပ္ေနရဆဲျဖစ္ၿပီးေဘာလုံးႏွင့္ေလ့က်င့္ခန္းအစီအစဥ္မလုပ္ႏိုင္ေသးပါဘူး။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာေလ့က်င့္ခန္းအစီအစဥ္ေၾကာင့္ဘန္ဇီးမားရဲ႕အေျခအေနဆိုး႐ြားလာမွာစိုးရိမ္မႈနဲ႔အတူ ၁၅မိနစ္ေလွ်ာ့ၿပီးျပဳလုပ္ေစေနတာလည္းျဖစ္ပါတယ္။

တဖက္တြင္ျပင္သစ္ဟာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိသြားမႈေၾကာင့္လိုက္ဇစ္စတားခရစၥတိုဖာအန္ကန္ကူကိုဆုံးရႈံးထားရပါတယ္။ယခုရာသီတြင္လိုက္ဇစ္အတြက္၁၂ဂိုးသြင္းထားတဲ့အန္ကန္ကူဟာေလ့က်င့္ခန္းအစီအစဥ္တြင္ကာမာဗန္ဂါရဲ႕ဖ်က္ထုတ္မႈေၾကာင့္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။