ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ အိုလီဗီယာဂျရူး

ပြင်သစ်ဟာမနေ့ညတုန်းကဩစတြေးလျနှင့်ကမ္ဘာ့ဖလားချန်ပီယံကာကွယ်ရေးပထမဆုံးပွဲစဉ်တွင်၄-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်ဟာအထနှေးပြီးပွဲအစပိုင်းတွင်ပင်ဩစတြေးလျကိုဦးဆောင်ဂိုးပေးရကာနောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းဂိုးများပြန်လည်သွင်းယူနိုင်ကာ၄-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အိုလီဗီယာဂျရူးဟာဩစတြေးလျကိုအနိုင်ရတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်သီယာရီဟင်နရီနှင့်အတူ၅၁ဂိုးဖြင့် ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပူးတွဲရပ်တည်လာနိုင်ပါတယ်။

ပြင်သစ်အတွက်ကျန်ဂိုးများကိုရာဘီယိုနှင့်ကိုင်လီယန်ဘက်ပေးတို့ကသွင်းယူပေးခဲ့ကြပါတယ်။

ဂျရူးဟာလာမယ့်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များဖြစ်တဲ့တူနီးရှား၊ဒိန်းမတ်တို့နှင့်ပွဲစဉ်များတွင်ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်သစ်ရေးထိုးရေးကြိုးပမ်းလာပါမယ်။

ZawGyi

ျပင္သစ္သမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ အိုလီဗီယာဂ်႐ူး

ျပင္သစ္ဟာမေန႔ညတုန္းကဩစေၾတးလ်ႏွင့္ကမာၻ႔ဖလားခ်န္ပီယံကာကြယ္ေရးပထမဆုံးပြဲစဥ္တြင္၄-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ျပင္သစ္ဟာအထေႏွးၿပီးပြဲအစပိုင္းတြင္ပင္ဩစေၾတးလ်ကိုဦးေဆာင္ဂိုးေပးရကာေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းဂိုးမ်ားျပန္လည္သြင္းယူႏိုင္ကာ၄-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အိုလီဗီယာဂ်႐ူးဟာဩစေၾတးလ်ကိုအႏိုင္ရတဲ့ပြဲတြင္၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္သီယာရီဟင္နရီႏွင့္အတူ၅၁ဂိုးျဖင့္ ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ပူးတြဲရပ္တည္လာႏိုင္ပါတယ္။

ျပင္သစ္အတြက္က်န္ဂိုးမ်ားကိုရာဘီယိုႏွင့္ကိုင္လီယန္ဘက္ေပးတို႔ကသြင္းယူေပးခဲ့ၾကပါတယ္။

ဂ်႐ူးဟာလာမယ့္ကမာၻ႔ဖလားအုပ္စုပြဲစဥ္မ်ားျဖစ္တဲ့တူနီးရွား၊ဒိန္းမတ္တို႔ႏွင့္ပြဲစဥ္မ်ားတြင္ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္စံခ်ိန္သစ္ေရးထိုးေရးႀကိဳးပမ္းလာပါမယ္။