ပြင်သစ်သမ္မတကို အသုံးချပြီး ဘက်ပေးကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလာမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးအားကလပ်တွင်ဆက်ထိန်းထားနိုင်ရေးအတွက်ပြင်သစ်သမ္မတအီမန်နူရယ်မာခရွန်ကိုပါအသုံးချပြီးအစွမ်းကုန်အင်တိုက်အားတိုက်လုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုနှစ်ကြိမ်ရရှိခဲ့ပေမယ့်လည်းပီအက်စ်ဂျီရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

ယင်းသို့အနေအထားကြောင့်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နှစ်နွေရာသီမှာဘက်ပေးကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ရေးအတွက်လာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာကြိုးပမ်းလာဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်းပြင်သစ်လီဂူး၁ထိပ်သီးကလပ်ဟာအသက်၂၂နှစ်ရှိဘက်ပေးကိုစာချုပ်သစ်ချုပ်ဆိုကာအသင်းတွင်ထိန်းထားနိုင်ရေးအတွက်အပြင်းအထန်ကြိုးပမ်းလာဦးမှာဖြစ်ပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရပြင်သစ်သမ္မတမာခရွန်ဟာဘက်ပေးထံသို့ ကိုယ်တိုင်မက်ဆေ့ချ်ပို့ကာရီးရဲလ်မက်ဒရစ်ရဲ့ကြိုးပမ်းမှုများကိုပယ်ချပြီးပီအက်စ်ဂျီတွင်ဆက်ကစားရန်တိုက်တွန်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဘက်ပေးနှင့်မာခရွန်တို့အကြားဘာတွေပြောကြားခဲ့သလဲဆိုတာကိုတော့မသိရသေးပါဘူး။

တစ်ဖက်တွင်ပီအက်စ်ဂျီဟာဘက်ပေးအားထိန်းထားနိုင်ရေးအတွက်ပဲရစ်မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်များကိုအကူအညီပေးတဲ့ ဘက်ပေးရဲ့KM စီမံကိန်းအား ယခင်ကထက်အကူအညီများပေးကာ အသင်းတွင်ဆက်နေရန်အတွက်လုပ်ဆောင်သွားပါဦးမယ်။

ZawGyi

ျပင္သစ္သမၼတကို အသုံးခ်ၿပီး ဘက္ေပးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးပမ္းလာမယ့္ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးအားကလပ္တြင္ဆက္ထိန္းထားႏိုင္ေရးအတြက္ျပင္သစ္သမၼတအီမန္ႏူရယ္မာခ႐ြန္ကိုပါအသုံးခ်ၿပီးအစြမ္းကုန္အင္တိုက္အားတိုက္လုပ္ေဆာင္သြားဖို႔စီစဥ္ထားပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကရီးရဲလ္မက္ဒရစ္ရဲ႕ကမ္းလွမ္းမႈႏွစ္ႀကိမ္ရရွိခဲ့ေပမယ့္လည္းပီအက္စ္ဂ်ီရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ႏွစ္ေႏြရာသီမွာဘက္ေပးကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ေရးအတြက္လာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႀကိဳးပမ္းလာဦးမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္းျပင္သစ္လီဂူး၁ထိပ္သီးကလပ္ဟာအသက္၂၂ႏွစ္ရွိဘက္ေပးကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုကာအသင္းတြင္ထိန္းထားႏိုင္ေရးအတြက္အျပင္းအထန္ႀကိဳးပမ္းလာဦးမွာျဖစ္ပါတယ္။

Marca သတင္းစာရဲ႕ေဖာ္ျပခ်က္အရျပင္သစ္သမၼတမာခ႐ြန္ဟာဘက္ေပးထံသို႔ ကိုယ္တိုင္မက္ေဆ့ခ်္ပို႔ကာရီးရဲလ္မက္ဒရစ္ရဲ႕ႀကိဳးပမ္းမႈမ်ားကိုပယ္ခ်ၿပီးပီအက္စ္ဂ်ီတြင္ဆက္ကစားရန္တိုက္တြန္းမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။ဘက္ေပးႏွင့္မာခ႐ြန္တို႔အၾကားဘာေတြေျပာၾကားခဲ့သလဲဆိုတာကိုေတာ့မသိရေသးပါဘူး။

တစ္ဖက္တြင္ပီအက္စ္ဂ်ီဟာဘက္ေပးအားထိန္းထားႏိုင္ေရးအတြက္ပဲရစ္ၿမိဳ႕ရွိ ဆင္းရဲႏြမ္းပါးတဲ့ကေလးငယ္မ်ားကိုအကူအညီေပးတဲ့ ဘက္ေပးရဲ႕KM စီမံကိန္းအား ယခင္ကထက္အကူအညီမ်ားေပးကာ အသင္းတြင္ဆက္ေနရန္အတြက္လုပ္ေဆာင္သြားပါဦးမယ္။