ပြင်သစ်အတွက် ပထမဆုံးဟက်ထရစ်သွင်းယူပြီးနောက်L’Equipe ရဲ့Rating 10/10 ရရှိတဲ့ ၁၂ ဦးမြောက်ကစားသမားဖြစ်လာတဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာL’Equipe ရဲ့Rating 10/10 ရရှိတဲ့၁၂ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ပြင်သစ်စူပါစတားဟာမနေ့ညတုန်းကကာဇက်စတန်ကိုပြင်သစ်က၈-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလေးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပြင်သစ်ဟာကာဇက်စတန်ကိုအနိုင်ရရှိမှုနဲ့အတူ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကာကွယ်ရန်ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာကာဇက်စတန်နှင့်ပွဲတွင်ပထမပိုင်းတွင်ပင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးစတုတ္ထမြောက်ဂိုးကိုပွဲပြီးခါနီး၈၇မိနစ်မှာသွင်းယူခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာကိုယ်တိုင်လေးဂိုးသွင်းခဲ့တဲ့အပြင်ဘန်ဇီးမားသွင်းယူခဲ့တဲ့၂ဂိုးမှ၁ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

ဒါကြောင့်လည်းကိုင်လီယန်ဘက်ပေးဟာကစားသမားဘဝမှာပထမဆုံးအကြိမ်အဖြစ်L’Equipe ရဲ့Rating 10/10ရရှိခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကနူးကမ့်မှာဘာစီလိုနာနှင့်ပွဲမှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်လည်း L’Equipe ရဲ့Rating 10/10 မရရှိခဲ့ပါဘူး။

ယခုအခါသူဟာမက်ဆီ၊နေမာ၊ရောဘတ်လီဝန်ဒေါ့စကီးတို့ကဲ့သို့ပင် L’Equipe ရဲ့Rating 10/10 ရရှိတဲ့၁၂ဦးမြောက်ကစားသမားဖြစ်လာပါတယ်။လက်ရှိအချိန်တွင်မက်ဆီကL’Equipe ရဲ့Rating 10/10 ၂ကြိမ်တိုင်တိုင်ရရှိဖူးတဲ့တစ်ဦးတည်းသောကစားသမားပါတယ်။

L’Equipe ရဲ့Rating 10/10 ရရှိဖူးတဲ့သူများကတော့ဖရန့်ဆူဇီး(၁၉၈၈)၊ဘရူနိုမာတီနီ(၁၉၈၈)၊အိုလက်ဆာလန်ကို(၁၉၉၄)၊လားစ်ဝင်းဖီးလ်(၁၉၉၇)၊မက်ဆီ(၂၀၁၀)၊မက်ဆီ(၂၀၁၂)၊လီဝန်ဒေါ့စကီး(၂၀၁၃)၊ကားလို့စ်အက်ဒူယာဒို(၂၀၁၄)၊နေမာ(၂၀၁၈)၊ဒူဆန်တာဒစ်(၂၀၁၉)၊လူးကပ်စ်မော်ရာ(၂၀၁၉)၊ဆာဂျီဂနာဘရီ(၂၀၁၉)နှင့်ဘက်ပေး(၂၀၂၁)တို့ဖြစ်ပါတယ်။

ZawGyi

ျပင္သစ္အတြက္ ပထမဆုံးဟက္ထရစ္သြင္းယူၿပီးေနာက္L’Equipe ရဲ႕Rating 10/10 ရရွိတဲ့ ၁၂ ဦးေျမာက္ကစားသမားျဖစ္လာတဲ့ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာL’Equipe ရဲ႕Rating 10/10 ရရွိတဲ့၁၂ဦးေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

ျပင္သစ္စူပါစတားဟာမေန႔ညတုန္းကကာဇက္စတန္ကိုျပင္သစ္က၈-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေလးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ျပင္သစ္ဟာကာဇက္စတန္ကိုအႏိုင္ရရွိမႈနဲ႔အတူ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ကာကြယ္ရန္ကာတာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာကာဇက္စတန္ႏွင့္ပြဲတြင္ပထမပိုင္းတြင္ပင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးစတုတၳေျမာက္ဂိုးကိုပြဲၿပီးခါနီး၈၇မိနစ္မွာသြင္းယူခဲ့ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာကိုယ္တိုင္ေလးဂိုးသြင္းခဲ့တဲ့အျပင္ဘန္ဇီးမားသြင္းယူခဲ့တဲ့၂ဂိုးမွ၁ဂိုးကိုလည္းဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္းကိုင္လီယန္ဘက္ေပးဟာကစားသမားဘဝမွာပထမဆုံးအႀကိမ္အျဖစ္L’Equipe ရဲ႕Rating 10/10ရရွိခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကႏူးကမ့္မွာဘာစီလိုနာႏွင့္ပြဲမွာဟက္ထရစ္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း L’Equipe ရဲ႕Rating 10/10 မရရွိခဲ့ပါဘူး။

ယခုအခါသူဟာမက္ဆီ၊ေနမာ၊ေရာဘတ္လီဝန္ေဒါ့စကီးတို႔ကဲ့သို႔ပင္ L’Equipe ရဲ႕Rating 10/10 ရရွိတဲ့၁၂ဦးေျမာက္ကစားသမားျဖစ္လာပါတယ္။လက္ရွိအခ်ိန္တြင္မက္ဆီကL’Equipe ရဲ႕Rating 10/10 ၂ႀကိမ္တိုင္တိုင္ရရွိဖူးတဲ့တစ္ဦးတည္းေသာကစားသမားပါတယ္။

L’Equipe ရဲ႕Rating 10/10 ရရွိဖူးတဲ့သူမ်ားကေတာ့ဖရန႔္ဆူဇီး(၁၉၈၈)၊ဘ႐ူႏိုမာတီနီ(၁၉၈၈)၊အိုလက္ဆာလန္ကို(၁၉၉၄)၊လားစ္ဝင္းဖီးလ္(၁၉၉၇)၊မက္ဆီ(၂၀၁၀)၊မက္ဆီ(၂၀၁၂)၊လီဝန္ေဒါ့စကီး(၂၀၁၃)၊ကားလို႔စ္အက္ဒူယာဒို(၂၀၁၄)၊ေနမာ(၂၀၁၈)၊ဒူဆန္တာဒစ္(၂၀၁၉)၊လူးကပ္စ္ေမာ္ရာ(၂၀၁၉)၊ဆာဂ်ီဂနာဘရီ(၂၀၁၉)ႏွင့္ဘက္ေပး(၂၀၂၁)တို႔ျဖစ္ပါတယ္။