ပြင်သစ်အသင်းတွင် ဘန်ဇီးမားရွေးချယ်ခံရမှုအပေါ် ဗယ်ဘူနာ ဘာပြောလာသလဲ?

ပြင်သစ်စတားဟောင်းမားသရူးဗယ်ဘူနာကကာရမ်ဘန်ဇီးမားကိုနည်းပြဒီဒီယာဒက်ချမ့်ကပြင်သစ်လက်ရွေးစင်အသင်းတွင်ပြန်လည်ရွေးချယ်မှုနဲ့ပတ်သက်ပြီးဆိုးရွားစွာခံစားရခြင်းမရှိကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာပြင်သစ်လက်ရွေးစင်အသင်းနှင့်ခြောက်နှစ်ကြာဝေးကွာလာခဲ့ပြီးနောက်လာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာပြင်သစ်လက်ရွေးစင်ကစားဖော်ဟောင်းဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုတိတ်ခွေဖြင့်ငွေညှစ်ခြိမ်းခြောက်မှုပြုလုပ်မှုတွင်ပါဝင်ကြောင်းစွပ်စွဲခံခဲ့ရပါတယ်။ဘန်ဇီးမားဟာယင်းဖြစ်ရပ်ဖြစ်ပျက်ပြီးနောက်ပြင်သစ်လက်ရွေးစင်အသင်းမှာကာလရှည်ကြာချန်လှပ်ခြင်းခံလာခဲ့ရပါတယ်။

ဗယ်ဘူနာက “ဒါကနည်းပြရဲ့ရွေးချယ်မှုပါ။ကျွန်တော့်အတွက်တော့ဒီဒီယာကအနိုင်ရသူတစ်ဦးဖြစ်လာပါလိမ့်မယ်။တကယ်လို့ပြင်သစ်အသင်းအလုပ်ဖြစ်တယ်၊သူလည်းအံဝင်တယ်ဆိုတာအားလုံးအကျိုးရှိလာပါမယ်။သူကဘယ်လိုလူစာရင်းထုတ်ရမလဲသိတဲ့သူပါ။ဘန်ဇီးမားကိုရွေးမယ်ဆိုတာကိုလည်းကျွန်တော့်ကိုအသိမပေးပါဘူး။ပေးမယ်လို့လည်းမထင်ပါဘူး။ဒီကနေ့အချိန်မှာကျွန်တော်ဟာကိုယ့်ဘဝနဲ့ကိုယ်ဖြတ်သန်းနေပါတယ်။နောက်ထပ်ဘာမှလည်းမပြောချင်တော့ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဗယ်ဘူနာက၎င်းကိုယ်တိုင်မှာလည်းငွေညှစ်ခြင်းခံရတဲ့အဖြစ်အပျက်ကြောင့်ပင်လက်ရွေးစင်ကစားသမားဘဝစောစောစီးစီးအဆုံးသတ်သွားခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။၎င်းမှာပြင်သစ်အသင်းတွင်အားကစားအကြောင်းပြချက်ဖြင့်ချန်လှပ်ခံရခြင်းမဟုတ်လို့ယူဆကြောင်းဆိုသွားပါတယ်။

ZawGyi

ျပင္သစ္အသင္းတြင္ ဘန္ဇီးမားေ႐ြးခ်ယ္ခံရမႈအေပၚ ဗယ္ဘူနာ ဘာေျပာလာသလဲ?

ျပင္သစ္စတားေဟာင္းမားသ႐ူးဗယ္ဘူနာကကာရမ္ဘန္ဇီးမားကိုနည္းျပဒီဒီယာဒက္ခ်မ့္ကျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီးဆိုး႐ြားစြာခံစားရျခင္းမရွိေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

အသက္၃၃ႏွစ္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာျပင္သစ္လက္ေ႐ြးစင္အသင္းႏွင့္ေျခာက္ႏွစ္ၾကာေဝးကြာလာခဲ့ၿပီးေနာက္လာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာျပင္သစ္လက္ေ႐ြးစင္ကစားေဖာ္ေဟာင္းဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုတိတ္ေခြျဖင့္ေငြညႇစ္ၿခိမ္းေျခာက္မႈျပဳလုပ္မႈတြင္ပါဝင္ေၾကာင္းစြပ္စြဲခံခဲ့ရပါတယ္။ဘန္ဇီးမားဟာယင္းျဖစ္ရပ္ျဖစ္ပ်က္ၿပီးေနာက္ျပင္သစ္လက္ေ႐ြးစင္အသင္းမွာကာလရွည္ၾကာခ်န္လွပ္ျခင္းခံလာခဲ့ရပါတယ္။

ဗယ္ဘူနာက “ဒါကနည္းျပရဲ႕ေ႐ြးခ်ယ္မႈပါ။ကြၽန္ေတာ့္အတြက္ေတာ့ဒီဒီယာကအႏိုင္ရသူတစ္ဦးျဖစ္လာပါလိမ့္မယ္။တကယ္လို႔ျပင္သစ္အသင္းအလုပ္ျဖစ္တယ္၊သူလည္းအံဝင္တယ္ဆိုတာအားလုံးအက်ိဳးရွိလာပါမယ္။သူကဘယ္လိုလူစာရင္းထုတ္ရမလဲသိတဲ့သူပါ။ဘန္ဇီးမားကိုေ႐ြးမယ္ဆိုတာကိုလည္းကြၽန္ေတာ့္ကိုအသိမေပးပါဘူး။ေပးမယ္လို႔လည္းမထင္ပါဘူး။ဒီကေန႔အခ်ိန္မွာကြၽန္ေတာ္ဟာကိုယ့္ဘဝနဲ႔ကိုယ္ျဖတ္သန္းေနပါတယ္။ေနာက္ထပ္ဘာမွလည္းမေျပာခ်င္ေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဗယ္ဘူနာက၎ကိုယ္တိုင္မွာလည္းေငြညႇစ္ျခင္းခံရတဲ့အျဖစ္အပ်က္ေၾကာင့္ပင္လက္ေ႐ြးစင္ကစားသမားဘဝေစာေစာစီးစီးအဆုံးသတ္သြားခဲ့ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။၎မွာျပင္သစ္အသင္းတြင္အားကစားအေၾကာင္းျပခ်က္ျဖင့္ခ်န္လွပ္ခံရျခင္းမဟုတ္လို႔ယူဆေၾကာင္းဆိုသြားပါတယ္။