ပြင်သစ်-ဆွစ်ဇာလန်ပွဲအား ပြန်ကစားရန် ယူအီးအက်ဖ်အေထံ တောင်းဆိုမှု မြင့်မားနေ

ပရိသတ်၂၇၀၀၀၀ကျော်တို့ဟာပြင်သစ်နှင့်ဆွစ်ဇာလန်တို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အားပြန်လည်ကစားခွင့်ပေးရန်ယူအီးအက်ဖ်အေထံသို့လက်မှတ်ရေးထိုးတောင်းဆိုမှုများပြုလုပ်ထားကြကြောင်းသိရပါတယ်။

ပြင်သစ်ဟာဆွစ်ဇာလန်နှင့်ယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ရဲ့ပင်နယ်တီအဆုံးအဖြတ်မှာကီလီယန်ဘက်ပေးရဲ့ပင်နယ်တီကိုဆွစ်ဇာလန်ဂိုးသမားယန်းဆွမ်မားကကာကွယ်ခဲ့မှုနဲ့အတူပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ဆွမ်မားဟာVAR ကပင်နယ်တီကာကွယ်မှုကိုစစ်ဆေးနေမှုကြောင့်ချက်ချင်းအောင်ပွဲခံနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။သူဟာVAR ကသူဟာဘက်ပေးရဲ့ပင်နယ်တီကိုကာကွယ်စဉ်ဂိုးစည်းရှေ့သို့ခြေထွက်ခဲ့ခြင်းမရှိကြောင်းဒိုင်ကဆုံးဖြတ်ပြီးမှအောင်ပွဲခံခဲ့ပါတယ်။

ဒါပေမယ့်ပရိသတ်၂၇၀၀၀၀ကျော်တို့ကဆွမ်မားမှာဘက်ပေးရဲ့ပင်နယ်တီကိုမကာကွယ်မီဂိုးစည်းမှကျော်ခဲ့တယ်ဆိုပြီးဓာတ်ပုံအထောက်အထားများစွာဖြင့် လက်မှတ်ထုးကာ ပြင်သစ်-ဆွစ်ဇာလန်ပွဲအားပြန်ကစားရေးတွက်တောင်းဆိုလာပါတယ်။

ဗီဒီယိုအနှေးပြကွက်များအရဆွမ်မားမှာဘက်ပေးကပင်နယ်တီမကန်မီခြေထောက်မှာဂိုးစည်းကိုကျော်နေခဲ့ကြောင်းတွေ့ရှိရပါတယ်။

ဒါပေမယ့်ပြင်သစ်ပရိသတ်များရဲ့ပြင်သစ်နှင့်ဆွစ်ဇာလန်ပွဲစဉ်အားပြန်ကစားရေးတောင်းဆိုမှုမှာဖြစ်လာနိုင်ဖို့လုံးဝမရှိပါဘူး။

ဆွစ်ဇာလန်အသင်းမှာလည်းမနေ့ညတုန်းကစပိန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာထားရပြီးဖြစ်ပါတယ်။

ZawGyi

ျပင္သစ္-ဆြစ္ဇာလန္ပြဲအား ျပန္ကစားရန္ ယူအီးအက္ဖ္ေအထံ ေတာင္းဆိုမႈ ျမင့္မားေန

ပရိသတ္၂၇၀၀၀၀ေက်ာ္တို႔ဟာျပင္သစ္ႏွင့္ဆြစ္ဇာလန္တို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အားျပန္လည္ကစားခြင့္ေပးရန္ယူအီးအက္ဖ္ေအထံသို႔လက္မွတ္ေရးထိုးေတာင္းဆိုမႈမ်ားျပဳလုပ္ထားၾကေၾကာင္းသိရပါတယ္။

ျပင္သစ္ဟာဆြစ္ဇာလန္ႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ရဲ႕ပင္နယ္တီအဆုံးအျဖတ္မွာကီလီယန္ဘက္ေပးရဲ႕ပင္နယ္တီကိုဆြစ္ဇာလန္ဂိုးသမားယန္းဆြမ္မားကကာကြယ္ခဲ့မႈနဲ႔အတူၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

ဆြမ္မားဟာVAR ကပင္နယ္တီကာကြယ္မႈကိုစစ္ေဆးေနမႈေၾကာင့္ခ်က္ခ်င္းေအာင္ပြဲခံႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။သူဟာVAR ကသူဟာဘက္ေပးရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ဂိုးစည္းေရွ႕သို႔ေျခထြက္ခဲ့ျခင္းမရွိေၾကာင္းဒိုင္ကဆုံးျဖတ္ၿပီးမွေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမယ့္ပရိသတ္၂၇၀၀၀၀ေက်ာ္တို႔ကဆြမ္မားမွာဘက္ေပးရဲ႕ပင္နယ္တီကိုမကာကြယ္မီဂိုးစည္းမွေက်ာ္ခဲ့တယ္ဆိုၿပီးဓာတ္ပုံအေထာက္အထားမ်ားစြာျဖင့္ လက္မွတ္ထုးကာ ျပင္သစ္-ဆြစ္ဇာလန္ပြဲအားျပန္ကစားေရးတြက္ေတာင္းဆိုလာပါတယ္။

ဗီဒီယိုအေႏွးျပကြက္မ်ားအရဆြမ္မားမွာဘက္ေပးကပင္နယ္တီမကန္မီေျခေထာက္မွာဂိုးစည္းကိုေက်ာ္ေနခဲ့ေၾကာင္းေတြ႕ရွိရပါတယ္။

ဒါေပမယ့္ျပင္သစ္ပရိသတ္မ်ားရဲ႕ျပင္သစ္ႏွင့္ဆြစ္ဇာလန္ပြဲစဥ္အားျပန္ကစားေရးေတာင္းဆိုမႈမွာျဖစ္လာႏိုင္ဖို႔လုံးဝမရွိပါဘူး။

ဆြစ္ဇာလန္အသင္းမွာလည္းမေန႔ညတုန္းကစပိန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာထားရၿပီးျဖစ္ပါတယ္။