ပြည့်နှက်နေတဲ့ပွဲစဉ်များကြောင့် ကမ္ဘာ့ဖလားမတိုင်မီ ကောင်းကောင်းအိပ်ကာ အားဖြည့်ရမည်ဟု အဲရစ်ဒိုင်ယာဝန်ခံလာ

အဲရစ်ဒိုင်ယာကပြည့်နှက်နေတဲ့ပွဲစဉ်များကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီအားပြည့်အင်ပြည့်ဖြစ်လာစေရန်အတွက်ကောင်းကောင်းအိပ်သွားရမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ကစားသမားများဟာယခုရာသီတွင်ပြည့်နှက်နေတဲ့ပွဲစဉ်များစွာကစားခဲ့ရပြီးနောက်တစ်ပတ်အကြာတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကစားသွားရပါဦးမယ်။

အဲရစ်ဒိုင်ယာရဲ့စပါးစ်ဟာပရီးမီးယားလိဂ်ပွဲ၁၅ပွဲ၊ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ၊ခါရာဘောင်ဖလားပွဲတို့ကစားခဲ့ရပါတယ်။

အင်္ဂလန်ဗဟိုနောက်ခံလူအဲရစ်ဒိုင်ယာဟာယခုရာသီတွင်စပါးစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်မိနစ်၁၉၀၀ကစားထားရသူလည်းဖြစ်ပြီးဟယ်ရီကိန်းပြီးလျှင်ပွဲအများဆုံးကစားထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

အဲရစ်ဒိုင်ယာက “ထူးဆန်းတဲ့အခြေအနေပါ။တစ်ပတ်၊ကိုးရက်လောက်ဆိုအားလုံးပြန်စပြီ။ဒီစတင်မှုကိုမယုံနိုင်လောက်အောင်ဖြစ်ရတယ်။အိပ်ပြန်သွားပြီးအိပ်ချင်တာပဲသိတယ်။တကယ့်ကိုခက်ခဲတဲ့ကာလပါ။ဘယ်လောက်ရှည်ကြာခဲ့သလဲဆိုတာကိုတော့မမှတ်မိတော့ဘူး။တစ်နှစ်လောက်ကစားပြီးပြီလို့တောင်ခံစားရတယ်။ဒါပေမဲ့တကယ်ကခြောက်ပတ်ပဲရှိသေးတယ်။ကလပ်တိုင်းကလူတိုင်းအတွက်ခက်ခဲတယ်။ဝန်ထမ်းတွေ၊ဆေးဘက်ဆိုင်ရာဌာနကလူတွေနဲ့နည်းပြအဖွဲ့ဝင်တွေအတွက်လည်းခက်ခဲတယ်။တကယ့်ကိုခက်ခဲတဲ့ကာလပါ။ဘာဒဏ်ရာမှရဘဲဖြတ်ကျော်နိုင်လို့ဝမ်းသာရတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ျပည့္ႏွက္ေနတဲ့ပြဲစဥ္မ်ားေၾကာင့္ ကမာၻ႔ဖလားမတိုင္မီ ေကာင္းေကာင္းအိပ္ကာ အားျဖည့္ရမည္ဟု အဲရစ္ဒိုင္ယာဝန္ခံလာ

အဲရစ္ဒိုင္ယာကျပည့္ႏွက္ေနတဲ့ပြဲစဥ္မ်ားေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီအားျပည့္အင္ျပည့္ျဖစ္လာေစရန္အတြက္ေကာင္းေကာင္းအိပ္သြားရမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ကစားသမားမ်ားဟာယခုရာသီတြင္ျပည့္ႏွက္ေနတဲ့ပြဲစဥ္မ်ားစြာကစားခဲ့ရၿပီးေနာက္တစ္ပတ္အၾကာတြင္ကမာၻ႔ဖလားၿပိဳင္ပြဲကစားသြားရပါဦးမယ္။

အဲရစ္ဒိုင္ယာရဲ႕စပါးစ္ဟာပရီးမီးယားလိဂ္ပြဲ၁၅ပြဲ၊ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မ်ား၊ခါရာေဘာင္ဖလားပြဲတို႔ကစားခဲ့ရပါတယ္။

အဂၤလန္ဗဟိုေနာက္ခံလူအဲရစ္ဒိုင္ယာဟာယခုရာသီတြင္စပါးစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္မိနစ္၁၉၀၀ကစားထားရသူလည္းျဖစ္ၿပီးဟယ္ရီကိန္းၿပီးလွ်င္ပြဲအမ်ားဆုံးကစားထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

အဲရစ္ဒိုင္ယာက “ထူးဆန္းတဲ့အေျခအေနပါ။တစ္ပတ္၊ကိုးရက္ေလာက္ဆိုအားလုံးျပန္စၿပီ။ဒီစတင္မႈကိုမယုံႏိုင္ေလာက္ေအာင္ျဖစ္ရတယ္။အိပ္ျပန္သြားၿပီးအိပ္ခ်င္တာပဲသိတယ္။တကယ့္ကိုခက္ခဲတဲ့ကာလပါ။ဘယ္ေလာက္ရွည္ၾကာခဲ့သလဲဆိုတာကိုေတာ့မမွတ္မိေတာ့ဘူး။တစ္ႏွစ္ေလာက္ကစားၿပီးၿပီလို႔ေတာင္ခံစားရတယ္။ဒါေပမဲ့တကယ္ကေျခာက္ပတ္ပဲရွိေသးတယ္။ကလပ္တိုင္းကလူတိုင္းအတြက္ခက္ခဲတယ္။ဝန္ထမ္းေတြ၊ေဆးဘက္ဆိုင္ရာဌာနကလူေတြနဲ႔နည္းျပအဖြဲ႕ဝင္ေတြအတြက္လည္းခက္ခဲတယ္။တကယ့္ကိုခက္ခဲတဲ့ကာလပါ။ဘာဒဏ္ရာမွရဘဲျဖတ္ေက်ာ္ႏိုင္လို႔ဝမ္းသာရတယ္”လို႔ေျပာၾကားသြားပါတယ္။