ချဲလ်ဆီးရဲ့အက်သလက်တီကိုနှင့်ပွဲကို ဘူခါရက်စ်တွင်ကစားရဖွယ်ရှိ

ချဲလ်ဆီးဟာအက်သလက်တီကိုမက်ဒရစ်နှင့်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ် အားရိုမေးနီးယားသို့သွားရောက်ကာကစားရဖို့ရှိနေပါတယ်။

လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အက်သလက်တီကိုဟာဖေဖော်ဝါရီလ၂၃ရက်နေ့တွင်ကစားရမယ့် ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ပွဲစဉ်ကို Wanda Metropolitano ကွင်းတွင်ကစားရမှာဖြစ်ပေမယ့်စပိန်အစိုးရကဗြိတိန်မှ ခရီးသွားလာသူများကိုပြည်ဝင်ခွင့်ပိတ်ပင်ထားထားပါတယ်။

စပိန်အစိုးရဟာဗြိတိန်မှခရီးသွားလာသူများကိုဖေဖော်ဝါရီလ၁၆ရက်နေ့အထိပိတ်ပင်ထားတယ်ဆိုပေမယ့်ပိတ်ပင်မှုကိုတိုးနိုင်တဲ့အနေအထားတွင်ရှိနေရာအက်သလက်တီကိုမှာချဲလ်ဆီးနှင့်ပွဲကိုကြားကွင်းတစ်ကွင်းတွင်ကစားရမယ့်အနေအထားမျိုးတွင်ရှိနေပါတယ်။

အက်သလက်တီကိုဟာချဲလ်ဆီးကိုပြည်ဝင်ခွင့်ပိတ်ပင်လာပါကယင်းပွဲစဉ်အားကြားကွင်းအဖြစ်၂၀၁၂ခုနှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ဘီလ်ဘာအိုအားအနိုင်ရရှိခဲ့ဖူးတဲ့ဘူခါရက်စ်ရှိ Arena Nationala တွင်ကစားလိုနေပါတယ်။

လီဗာပူးဟာလာမယ့်အပတ်မှာကစားရမယ့်လိုက်ဇစ်နှင့်ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်ကိုလည်း ဂျာမနီသို့ပြည်ဝင်ခွင့်မရမှုကြောင့်ဘူဒါပတ်စ်တွင်ကစားရပါမယ်။မန်စီးတီးဟာလည်းမိုချင်ဂလက်ဘတ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ကိုကြားကွင်းတွင်ကစားရဖို့ရှိနေသလိုအာဆင်နယ်မှာလည်းဘင်ဖီကာနှင့်ယူရိုပါလိဂ်၃၂သင်းအဆင့်ပွဲစဉ်ကိုကြားကွင်းတွင်ကစားရဖို့ရှိပါတယ်။

ZawGyi

ခ်ဲလ္ဆီးရဲ႕အက္သလက္တီကိုႏွင့္ပြဲကို ဘူခါရက္စ္တြင္ကစားရဖြယ္ရွိ

ခ်ဲလ္ဆီးဟာအက္သလက္တီကိုမက္ဒရစ္ႏွင့္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ အား႐ိုေမးနီးယားသို႔သြားေရာက္ကာကစားရဖို႔ရွိေနပါတယ္။

လာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့အက္သလက္တီကိုဟာေဖေဖာ္ဝါရီလ၂၃ရက္ေန႔တြင္ကစားရမယ့္ ခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ကို Wanda Metropolitano ကြင္းတြင္ကစားရမွာျဖစ္ေပမယ့္စပိန္အစိုးရကၿဗိတိန္မွ ခရီးသြားလာသူမ်ားကိုျပည္ဝင္ခြင့္ပိတ္ပင္ထားထားပါတယ္။

စပိန္အစိုးရဟာၿဗိတိန္မွခရီးသြားလာသူမ်ားကိုေဖေဖာ္ဝါရီလ၁၆ရက္ေန႔အထိပိတ္ပင္ထားတယ္ဆိုေပမယ့္ပိတ္ပင္မႈကိုတိုးႏိုင္တဲ့အေနအထားတြင္ရွိေနရာအက္သလက္တီကိုမွာခ်ဲလ္ဆီးႏွင့္ပြဲကိုၾကားကြင္းတစ္ကြင္းတြင္ကစားရမယ့္အေနအထားမ်ိဳးတြင္ရွိေနပါတယ္။

အက္သလက္တီကိုဟာခ်ဲလ္ဆီးကိုျပည္ဝင္ခြင့္ပိတ္ပင္လာပါကယင္းပြဲစဥ္အားၾကားကြင္းအျဖစ္၂၀၁၂ခုႏွစ္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ဘီလ္ဘာအိုအားအႏိုင္ရရွိခဲ့ဖူးတဲ့ဘူခါရက္စ္ရွိ Arena Nationala တြင္ကစားလိုေနပါတယ္။

လီဗာပူးဟာလာမယ့္အပတ္မွာကစားရမယ့္လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္ကိုလည္း ဂ်ာမနီသို႔ျပည္ဝင္ခြင့္မရမႈေၾကာင့္ဘူဒါပတ္စ္တြင္ကစားရပါမယ္။မန္စီးတီးဟာလည္းမိုခ်င္ဂလက္ဘတ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုၾကားကြင္းတြင္ကစားရဖို႔ရွိေနသလိုအာဆင္နယ္မွာလည္းဘင္ဖီကာႏွင့္ယူ႐ိုပါလိဂ္၃၂သင္းအဆင့္ပြဲစဥ္ကိုၾကားကြင္းတြင္ကစားရဖို႔ရွိပါတယ္။