ပြန်ပေးသမား ဘောလုံးကစားသမားတစ်ဦးကို ခေါ်ယူရန် ဝုဗ်စီစဉ်နေ

ဝုဗ်ဟာဖောက်ထွင်းမှု၊အနာတရဖြစ်စေမှု၊ပြန်ပေးဆွဲမှု၊လက်နက်ကိုင်ဆောင်မှုတို့ကျူးလွန်ထားတဲ့ဒုစရိုက်သမားတစ်ဦးကိုခေါ်ယူဖို့ဆွေးနွေးမှုအဆင်ပြေနေကြောင်းသိရပါတယ်။

အိုလံပီယာကို့စ်နောက်ခံလူရူဘင်ဆီမီဒိုဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကဆိုင်းငံ့ထောင်ဒဏ်၅နှစ်ချမှတ်ခြင်းခံခဲ့ရပြီးစပိန်သို့သွားရောက်ခွင့်၈နှစ်ပိတ်ပင်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟာဗီလာရီးရဲလ်တွင်ကစားနေစဉ်အတွင်းလူသတ်ရန်ကြိုးပမ်းမှုကြောင့်စပိန်အကျဉ်းထောင်တစ်ခုတွင်၅လနေခဲ့ရသူဖြစ်ပြီးအာမခံကြေးပေါင်၂၅၀၀၀ဖြင့်လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တုန်းကသူ့နေအိမ်တွင်လူတစ်ဦးအားအခြားလူနှစ်ဦးနှင့်အတူထိုးကြိတ်မှုပြုလုပ်ပြီးနောက်ယင်းလူရဲ့နေအိမ်ကိုဖောက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်းဝုဗ်ဟာအိုလံပီယာကို့စ်နောက်ခံလူအားအပြီးသတ်ခေါ်ယူမယ့်အချက်ပါဝင်တဲ့တစ်ရာသီအငှားဖြင့်ခေါ်ယူရန်ဆွေးနွေးနေကာအဆင်ပြေမှုရရှိနေပါတယ်။

ဝုဗ်အနေဖြင့်ဆီမီဒိုအားခေါ်ယူရန်သဘောတူညီမှုရရှိပါကလည်းစပိန်အာဏာပိုင်များနှင့်အင်္ဂလန်ပြည်ထဲရေးရဲ့ခွင့်ပြုချက်ရယူရဦးမှာဖြစ်ပါတယ်။

ZawGyi

ျပန္ေပးသမား ေဘာလုံးကစားသမားတစ္ဦးကို ေခၚယူရန္ ဝုဗ္စီစဥ္ေန

ဝုဗ္ဟာေဖာက္ထြင္းမႈ၊အနာတရျဖစ္ေစမႈ၊ျပန္ေပးဆြဲမႈ၊လက္နက္ကိုင္ေဆာင္မႈတို႔က်ဴးလြန္ထားတဲ့ဒုစ႐ိုက္သမားတစ္ဦးကိုေခၚယူဖို႔ေဆြးေႏြးမႈအဆင္ေျပေနေၾကာင္းသိရပါတယ္။

အိုလံပီယာကို႔စ္ေနာက္ခံလူ႐ူဘင္ဆီမီဒိုဟာၿပီးခဲ့တဲ့ဇူလိုင္လတုန္းကဆိုင္းငံ့ေထာင္ဒဏ္၅ႏွစ္ခ်မွတ္ျခင္းခံခဲ့ရၿပီးစပိန္သို႔သြားေရာက္ခြင့္၈ႏွစ္ပိတ္ပင္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူဟာဗီလာရီးရဲလ္တြင္ကစားေနစဥ္အတြင္းလူသတ္ရန္ႀကိဳးပမ္းမႈေၾကာင့္စပိန္အက်ဥ္းေထာင္တစ္ခုတြင္၅လေနခဲ့ရသူျဖစ္ၿပီးအာမခံေၾကးေပါင္၂၅၀၀၀ျဖင့္လြတ္ေျမာက္လာသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္တုန္းကသူ႔ေနအိမ္တြင္လူတစ္ဦးအားအျခားလူႏွစ္ဦးႏွင့္အတူထိုးႀကိတ္မႈျပဳလုပ္ၿပီးေနာက္ယင္းလူရဲ႕ေနအိမ္ကိုေဖာက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္းဝုဗ္ဟာအိုလံပီယာကို႔စ္ေနာက္ခံလူအားအၿပီးသတ္ေခၚယူမယ့္အခ်က္ပါဝင္တဲ့တစ္ရာသီအငွားျဖင့္ေခၚယူရန္ေဆြးေႏြးေနကာအဆင္ေျပမႈရရွိေနပါတယ္။

ဝုဗ္အေနျဖင့္ဆီမီဒိုအားေခၚယူရန္သေဘာတူညီမႈရရွိပါကလည္းစပိန္အာဏာပိုင္မ်ားႏွင့္အဂၤလန္ျပည္ထဲေရးရဲ႕ခြင့္ျပဳခ်က္ရယူရဦးမွာျဖစ္ပါတယ္။