ပြန်ပြီးပြေလည်နေပြီဆိုတဲ့အိုင်ကာဒီကို အမိုက်စား တုံ့ပြန်လာတဲ့ ဝန်ဒါနာရာ

ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းတုန်းကဝန်ဒါနာရာကခင်ပွန်းသည်ပီအက်စ်ဂျီတိုက်စစ်မှူးမော်ရိုအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာဖောက်ပြန်နေတယ်ဆိုပြီးစွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားမော်ဒယ်ဟာခင်ပွန်းသည်ကို Instagram မှာ Unfollowed လုပ်ခဲ့သလို နောက်ထပ်မိသားစုတစ်ခုပျက်အောင်လုပ်ပြန်ပြီးဆိုပြီး အွန်လိုင်းမှာရေးသားခဲ့ပါတယ်။

မော်ရိုအိုင်ကာဒီဟာအာဂျင်တီးနားမော်ဒယ်နှင့်သရုပ်ဆောင်ချိုင်းနားဆွာရက်ဇ်နှင့်ဖောက်ပြန်နေတယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိနေပါတယ်။

ပီအက်စ်ဂျီစတားဟာဝန်ဒါနှင့်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ပြီး၎င်းတို့အကြားဘာပြဿနာမှမရှိကြောင်းရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါဝန်ဒါနာရာက၎င်းတို့အိမ်ထောင်ရေးမှာပျက်သုဉ်းရတော့မယ့်အနေအထားမျိုးအထိရှိနေကြောင်းတုံ့ပြန်လာပါတယ်။

ဝန်ဒါနာရာဟာ Instagram Story မှာလက်ထပ်လက်စွပ်မပါတဲ့ဓာတ်ပုံကိုတင်ပြီး “Good day. I like my hand bettter without a ring”ဆိုပြီး ရေးသားတင်လာပါတယ်။

ဝန်ဒါနာရာဟာကလေးများကိုခေါ်ဆောင်ကာမီလန်သို့ထွက်ခွာသွားခဲ့ပြီး အိုင်ကာဒီဟာပီအက်စ်ဂျီလေ့ကျင့်ခန်းအစီအစဉ်ကိုဖျက်ကာမီလန်သို့လိုက်ကာ၎င်းတို့အကြားပြေလည်မှုရရှိအောင်လုပ်ဖို့ကြိုးစားနေတယ်လို့ယူဆရပါတယ်။

အိုင်ကာဒီနှင့်ဝန်ဒါနာရာတို့မှာဖရန်ဆစ္စကာနှင့်အစ္စဘယ်လာအမည်ရှိကလေးနှစ်ဦးထွန်းကားထားပါတယ်။ဝန်ဒါနာရာဟာယခင် ခင်ပွန်းလိုပက်ဇ်နှင့်ကလေးသုံးဦးထွန်းကားခဲ့ပါတယ်။

ZawGyi

ျပန္ၿပီးေျပလည္ေနၿပီဆိုတဲ့အိုင္ကာဒီကို အမိုက္စား တုံ႔ျပန္လာတဲ့ ဝန္ဒါနာရာ

ၿပီးခဲ့တဲ့အပတ္ေႏွာင္းပိုင္းတုန္းကဝန္ဒါနာရာကခင္ပြန္းသည္ပီအက္စ္ဂ်ီတိုက္စစ္မႉးေမာ္႐ိုအိုင္ကာဒီကိုသူမရဲ႕ေနာက္ကြယ္မွာေဖာက္ျပန္ေနတယ္ဆိုၿပီးစြပ္စြဲမႈျပဳလုပ္ခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားေမာ္ဒယ္ဟာခင္ပြန္းသည္ကို Instagram မွာ Unfollowed လုပ္ခဲ့သလို ေနာက္ထပ္မိသားစုတစ္ခုပ်က္ေအာင္လုပ္ျပန္ၿပီးဆိုၿပီး အြန္လိုင္းမွာေရးသားခဲ့ပါတယ္။

ေမာ္႐ိုအိုင္ကာဒီဟာအာဂ်င္တီးနားေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ခ်ိဳင္းနားဆြာရက္ဇ္ႏွင့္ေဖာက္ျပန္ေနတယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚလ်က္ရွိေနပါတယ္။

ပီအက္စ္ဂ်ီစတားဟာဝန္ဒါႏွင့္အတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုအင္စတာဂရမ္မွာတင္ၿပီး၎တို႔အၾကားဘာျပႆနာမွမရွိေၾကာင္းရွင္းလင္းခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါဝန္ဒါနာရာက၎တို႔အိမ္ေထာင္ေရးမွာပ်က္သုဥ္းရေတာ့မယ့္အေနအထားမ်ိဳးအထိရွိေနေၾကာင္းတုံ႔ျပန္လာပါတယ္။

ဝန္ဒါနာရာဟာ Instagram Story မွာလက္ထပ္လက္စြပ္မပါတဲ့ဓာတ္ပုံကိုတင္ၿပီး “Good day. I like my hand bettter without a ring”ဆိုၿပီး ေရးသားတင္လာပါတယ္။

ဝန္ဒါနာရာဟာကေလးမ်ားကိုေခၚေဆာင္ကာမီလန္သို႔ထြက္ခြာသြားခဲ့ၿပီး အိုင္ကာဒီဟာပီအက္စ္ဂ်ီေလ့က်င့္ခန္းအစီအစဥ္ကိုဖ်က္ကာမီလန္သို႔လိုက္ကာ၎တို႔အၾကားေျပလည္မႈရရွိေအာင္လုပ္ဖို႔ႀကိဳးစားေနတယ္လို႔ယူဆရပါတယ္။

အိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔မွာဖရန္ဆစၥကာႏွင့္အစၥဘယ္လာအမည္ရွိကေလးႏွစ္ဦးထြန္းကားထားပါတယ္။ဝန္ဒါနာရာဟာယခင္ ခင္ပြန္းလိုပက္ဇ္ႏွင့္ကေလးသုံးဦးထြန္းကားခဲ့ပါတယ္။