ပြန်လည်တည်ဆောက်နေဆဲ ရီးရဲလ်ရဲ့ဘာနေဗျူးကွင်းတွင် မီးလောင်မှုဖြစ်ပွား

ရီးရဲလ်မက်ဒရစ်ရဲ့ဆန်တီယာဂိုဘာနေဗျူးကွင်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာ၁၉၄၇ခုနှစ်ကတည်းကအိမ်ကွင်းအဖြစ်အသုံးပြုလာခဲ့တဲ့ဘာနေဗျူးကွင်းကိုပေါင်သန်း၅၀၀အကုန်အကျခံကာပြန်လည်တည်ဆောက်မှုပြုလုပ်နေပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ရဲ့ကွင်းပြန်လည်တည်ဆောက်မှုလုပ်ငန်းဟာကွင်းအတွင်းမီးမတော်တဆမှုဖြစ်ပွားခြင်းနဲ့အတူရပ်တန့်ထားခဲ့ရပါတယ်။

လက်ရှိအချိန်တွင်ဆန်တီယာဂိုဘာနေဗျူးကွင်းတွင်ဖြစ်ပျက်ခဲ့တဲ့မီးလောင်မှုကဘာကြောင့်ဖြစ်တဘ်ဆိုတာမသိရသေးသလိုဘယ်သူတွေဒဏ်ရာရရှိသလဲဆိုတာလည်းမသိရသေးပါဘူး။

ဘာနေဗျူးကွင်းတွင်မီးလောင်မှုဖြစ်ကာမီးခိုးများကောင်းကင်သို့တက်လာပြီးနောက်အရေးပေါ်ကားများ၊မီးသတ်ကားများရောက်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘာနေဗျူးကွင်းကို၂၀၂၂-၂၃ဘောလုံးရာသီအစတွင်တည်ဆောက်မှုပြီးစီးရန်ရည်မှန်းထားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ဘာနေဗျူးကွင်းဟာယခင်ကပရိသတ်၈၀၂၄၃ဦးဆန့်ခဲ့ပေမယ့်ပြန်လည်တည်ဆောက်မှုကြောင့်ထိုင်ခုံတစ်ခုံလျှော့ကာပရိသတ်၈၀၂၄၂ဦးသာဆန့်ပါတော့မယ်။

ဘာနေဗျူးကွင်းသစ်တွင်ဈေးဆိုင်များ၊စားသောက်ဆိုင်များ၊ဟိုတယ်နှင့်ရုပ်ရှင်ရုံတို့လည်းပါဝင်လာပါမယ်။

ZawGyi

ျပန္လည္တည္ေဆာက္ေနဆဲ ရီးရဲလ္ရဲ႕ဘာေနဗ်ဴးကြင္းတြင္ မီးေလာင္မႈျဖစ္ပြား

ရီးရဲလ္မက္ဒရစ္ရဲ႕ဆန္တီယာဂိုဘာေနဗ်ဴးကြင္းတြင္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ရီးရဲလ္မက္ဒရစ္ဟာ၁၉၄၇ခုႏွစ္ကတည္းကအိမ္ကြင္းအျဖစ္အသုံးျပဳလာခဲ့တဲ့ဘာေနဗ်ဴးကြင္းကိုေပါင္သန္း၅၀၀အကုန္အက်ခံကာျပန္လည္တည္ေဆာက္မႈျပဳလုပ္ေနပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ရဲ႕ကြင္းျပန္လည္တည္ေဆာက္မႈလုပ္ငန္းဟာကြင္းအတြင္းမီးမေတာ္တဆမႈျဖစ္ပြားျခင္းနဲ႔အတူရပ္တန႔္ထားခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္ဆန္တီယာဂိုဘာေနဗ်ဴးကြင္းတြင္ျဖစ္ပ်က္ခဲ့တဲ့မီးေလာင္မႈကဘာေၾကာင့္ျဖစ္တဘ္ဆိုတာမသိရေသးသလိုဘယ္သူေတြဒဏ္ရာရရွိသလဲဆိုတာလည္းမသိရေသးပါဘူး။

ဘာေနဗ်ဴးကြင္းတြင္မီးေလာင္မႈျဖစ္ကာမီးခိုးမ်ားေကာင္းကင္သို႔တက္လာၿပီးေနာက္အေရးေပၚကားမ်ား၊မီးသတ္ကားမ်ားေရာက္လာခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘာေနဗ်ဴးကြင္းကို၂၀၂၂-၂၃ေဘာလုံးရာသီအစတြင္တည္ေဆာက္မႈၿပီးစီးရန္ရည္မွန္းထားပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ဘာေနဗ်ဴးကြင္းဟာယခင္ကပရိသတ္၈၀၂၄၃ဦးဆန႔္ခဲ့ေပမယ့္ျပန္လည္တည္ေဆာက္မႈေၾကာင့္ထိုင္ခုံတစ္ခုံေလွ်ာ့ကာပရိသတ္၈၀၂၄၂ဦးသာဆန႔္ပါေတာ့မယ္။

ဘာေနဗ်ဴးကြင္းသစ္တြင္ေဈးဆိုင္မ်ား၊စားေသာက္ဆိုင္မ်ား၊ဟိုတယ္ႏွင့္႐ုပ္ရွင္႐ုံတို႔လည္းပါဝင္လာပါမယ္။