ပြိုင်ပွဲကျင်းပဖို့ နှစ်ပတ်တောင်မလိုတဲ့အချိန်အထိ အိမ်ရှင်ရှာမတွေ့သေးတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ

ကိုပါအမေရိကဖလားပြိုင်ပွဲကိုကျင်းပဖို့နှစ်ပတ်တောင်မလိုတော့ပါဘူး။ဒါပေမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲကိုလက်ခံကျင်းပမယ့်နိုင်ငံမရှိသေးပါဘူး။

အစောပိုင်းတုန်းကဇွန်လ၁၃ရက်နေ့တွင်စတင်ကျင်းပမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲကိုကိုလံဘီယာနှင့်အာဂျင်တီးနားတို့ကပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိထားပါတယ်။

ဒါပေမယ့်ကိုလံဘီယာဟာနိုင်ငံအတွင်းမှာဆန္ဒပြသပိတ်မှောက်မှုများအကြီးအကျယ်ဖြစ်ပေါ်နေမှုနဲ့အတူပူးတွဲအိမ်ရှင်အဖြစ်မှရုတ်သိမ်းခံရပါတယ်။

ယခုအခါကျန်ပူးတွဲအိမ်ရှင်အာဂျင်တီးနားဟာလည်းနိုင်ငံအတွင်းတွင်ကိုဗစ်ကူးစက်ခံရမှုမြင့်တက်လာမှုနဲ့အတူအိမ်ရှင်အဖြစ်မှရုတ်သိမ်းခြင်းခံလာခဲရပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကတော့ကိုပါအမေရိကဖလားပြိုင်ပွဲအိမ်ရှင်အားခေါင်းအေးအေးဖြင့်ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့်အခြားနိုင်ငံများရဲ့အိမ်ရှင်အဖြစ်ကျင်းပရန်ကမ်းလှမ်းမှုကိုစဉ်းစားနေကြောင်းဆိုထားပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲကိုဇွန်လ၁၃ရက်နေ့မှဇူလိုင်လ၁၀ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးအဖွင့်ပွဲစဉ်အဖြစ်အာဂျင်တီးနားနှင့်ချီလီတို့ကစားပါမယ်။

ZawGyi

ၿပိဳင္ပြဲက်င္းပဖို႔ ႏွစ္ပတ္ေတာင္မလိုတဲ့အခ်ိန္အထိ အိမ္ရွင္ရွာမေတြ႕ေသးတဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲ

ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုက်င္းပဖို႔ႏွစ္ပတ္ေတာင္မလိုေတာ့ပါဘူး။ဒါေပမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုလက္ခံက်င္းပမယ့္ႏိုင္ငံမရွိေသးပါဘူး။

အေစာပိုင္းတုန္းကဇြန္လ၁၃ရက္ေန႔တြင္စတင္က်င္းပမယ့္ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုကိုလံဘီယာႏွင့္အာဂ်င္တီးနားတို႔ကပူးတြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိထားပါတယ္။

ဒါေပမယ့္ကိုလံဘီယာဟာႏိုင္ငံအတြင္းမွာဆႏၵျပသပိတ္ေမွာက္မႈမ်ားအႀကီးအက်ယ္ျဖစ္ေပၚေနမႈနဲ႔အတူပူးတြဲအိမ္ရွင္အျဖစ္မွ႐ုတ္သိမ္းခံရပါတယ္။

ယခုအခါက်န္ပူးတြဲအိမ္ရွင္အာဂ်င္တီးနားဟာလည္းႏိုင္ငံအတြင္းတြင္ကိုဗစ္ကူးစက္ခံရမႈျမင့္တက္လာမႈနဲ႔အတူအိမ္ရွင္အျဖစ္မွ႐ုတ္သိမ္းျခင္းခံလာခဲရပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ကိုပါအေမရိကဖလားၿပိဳင္ပြဲအိမ္ရွင္အားေခါင္းေအးေအးျဖင့္ေ႐ြးခ်ယ္ဆုံးျဖတ္မည္ျဖစ္ေၾကာင္းႏွင့္အျခားႏိုင္ငံမ်ားရဲ႕အိမ္ရွင္အျဖစ္က်င္းပရန္ကမ္းလွမ္းမႈကိုစဥ္းစားေနေၾကာင္းဆိုထားပါတယ္။

ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုဇြန္လ၁၃ရက္ေန႔မွဇူလိုင္လ၁၀ရက္ေန႔အထိက်င္းပသြားမွာျဖစ္ၿပီးအဖြင့္ပြဲစဥ္အျဖစ္အာဂ်င္တီးနားႏွင့္ခ်ီလီတို႔ကစားပါမယ္။