ပြိုင်ပွဲမစတင်မီကတည်းက ယူရိုဗိုလ်လုပွဲတွင် ထိပ်တိုက်ဆုံမယ့်အသင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တဲ့ အန်ဆယ်လော့တီ

ကာလိုအန်ဆယ်လော့တီဟာယူရို၂၀၂၀ပြိုင်ပွဲမစတင်မီကတည်းကတနင်္ဂနွေနေ့ယူရိုဗိုလ်လုပွဲတွင်အင်္ဂလန်နှင့်အီတလီထိပ်တိုက်တွေ့မယ်လို့မှန်ကန်စွာဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြသစ်ကချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ကစားသမားခြောက်ဦးတို့က အင်္ဂလန်ကိုရလဒ်ကောင်းများရရှိအောင်စွမ်းဆောင်ပေးလိမ့်မယ်လို့လည်းခန့်မှန်းခဲ့ပါသေးတယ်။

ဒါ့အပြင်ချဲလ်ဆီးနှင့်အဲဗာတန်နည်းပြဟောင်းဟာမန်စီနီရဲ့၃၃ပွဲဆက်ရှုံးပွဲမရှိအီတလီအသင်းရဲ့ခံစစ်ပိုင်းကျစ်လစ်ပုံ၊တိုက်စစ်ကစားပုံကောင်းမွန်ပုံတို့ကိုလည်းချီးကျူးခဲ့ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီတုန်းကအန်ဆယ်လော့တီက “ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ကစားသမားခြောက်ဦးပါဝင်လာတာကဒီပြိုင်ပွဲမှာအရမ်းအရေးပါပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အုပ်စုပွဲကျင်းပနေချိန်တွင်လည်းအန်ဆယ်လော့တီက “ယူရိုပြိုင်ပွဲမစတင်မီတုန်းကဗိုလ်လုပွဲမှာအင်္ဂလန်နှင့်အီတလီတွေ့မယ်လို့ပြောခဲ့ဖူးတယ်။အခုခြေစွမ်းအရအီတလီနဲ့အင်္ဂလန်ပွဲတွေ့လိမ့်မယ်လို့ယုံကြည်နေပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီကအီတလီအသင်းနဲ့ပတ်သက်ပြီး “သူ(မန်စီနီ)ကတိုက်စစ်အသားပေးကစားဟန်ကိုသုံးတယ်။ဘယ်ကိုမှထည့်မတွက်ဘဲတိုက်စစ်ဖွင့်ကစားတာပါ။ပြီးတော့ခံစစ်စုဖွဲ့မှုကလည်းတော်တော်ကောင်းစေခဲ့တယ်။လူငယ်တွေပါဝင်တာကြောင့်လုပ်အားနှုန်းကောင်းပြီးအောင်မြင်မှုလည်းဆာလောင်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ၿပိဳင္ပြဲမစတင္မီကတည္းက ယူ႐ိုဗိုလ္လုပြဲတြင္ ထိပ္တိုက္ဆုံမယ့္အသင္းကို မွန္ကန္စြာ ခန႔္မွန္းႏိုင္ခဲ့တဲ့ အန္ဆယ္ေလာ့တီ

ကာလိုအန္ဆယ္ေလာ့တီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမစတင္မီကတည္းကတနဂၤေႏြေန႔ယူ႐ိုဗိုလ္လုပြဲတြင္အဂၤလန္ႏွင့္အီတလီထိပ္တိုက္ေတြ႕မယ္လို႔မွန္ကန္စြာေဟာကိန္းထုတ္ႏိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပသစ္ကခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ကစားသမားေျခာက္ဦးတို႔က အဂၤလန္ကိုရလဒ္ေကာင္းမ်ားရရွိေအာင္စြမ္းေဆာင္ေပးလိမ့္မယ္လို႔လည္းခန႔္မွန္းခဲ့ပါေသးတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးႏွင့္အဲဗာတန္နည္းျပေဟာင္းဟာမန္စီနီရဲ႕၃၃ပြဲဆက္ရႈံးပြဲမရွိအီတလီအသင္းရဲ႕ခံစစ္ပိုင္းက်စ္လစ္ပုံ၊တိုက္စစ္ကစားပုံေကာင္းမြန္ပုံတို႔ကိုလည္းခ်ီးက်ဴးခဲ့ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီတုန္းကအန္ဆယ္ေလာ့တီက “ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ခဲ့တဲ့ကစားသမားေျခာက္ဦးပါဝင္လာတာကဒီၿပိဳင္ပြဲမွာအရမ္းအေရးပါပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္အုပ္စုပြဲက်င္းပေနခ်ိန္တြင္လည္းအန္ဆယ္ေလာ့တီက “ယူ႐ိုၿပိဳင္ပြဲမစတင္မီတုန္းကဗိုလ္လုပြဲမွာအဂၤလန္ႏွင့္အီတလီေတြ႕မယ္လို႔ေျပာခဲ့ဖူးတယ္။အခုေျခစြမ္းအရအီတလီနဲ႔အဂၤလန္ပြဲေတြ႕လိမ့္မယ္လို႔ယုံၾကည္ေနပါေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အန္ဆယ္ေလာ့တီကအီတလီအသင္းနဲ႔ပတ္သက္ၿပီး “သူ(မန္စီနီ)ကတိုက္စစ္အသားေပးကစားဟန္ကိုသုံးတယ္။ဘယ္ကိုမွထည့္မတြက္ဘဲတိုက္စစ္ဖြင့္ကစားတာပါ။ၿပီးေတာ့ခံစစ္စုဖြဲ႕မႈကလည္းေတာ္ေတာ္ေကာင္းေစခဲ့တယ္။လူငယ္ေတြပါဝင္တာေၾကာင့္လုပ္အားႏႈန္းေကာင္းၿပီးေအာင္ျမင္မႈလည္းဆာေလာင္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။