
မန်ချက်စတာယူနိုက်တက်မှအငှားဖြင့်လာရောက်ကစားနေတဲ့အဲရစ်ဘိုင်လီဟာပြိုင်ဘက်ကစားသမားကိုကွန်ဖူးကစ်ဖြင့်ကန်ခဲ့မှုအတွက်၇ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာခဲ့ရပါတယ်။
အသက်၂၈နှစ်ရှိအဲရစ်ဘိုင်လီဟာယခုလအစောပိုင်းတုန်းကမာဆေးနှင့် စတုတ္ထတန်းကလပ်Hyeres တို့ကစားတဲ့ French Cup ဖလားပွဲတွင်အထက်ပါလုပ်ရပ်လုပ်ဆောင်ခဲ့မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဘိုင်လီဟာဘောလုံးကိုကန်ရန်ကြိုးပမ်းစဉ်လွဲချော်သွားခဲ့ပြီးပြိုင်ဘက်ကစားသမားမူဆာအန်ဒီယာယီရဲ့ရင်ဘတ်ကိုကန်မိခဲ့တာလည်းဖြစ်ပါတယ်။
အန်ဒီယာယီဟာအဲရစ်ဘိုင်လီရဲ့ကန်ချက်ကြောင့်ကွင်းတွင်နာကျင်စွာလူးလိမ့်နေခဲ့ပြီးအရေးပေါ်လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ပြေးခဲ့ရပါတယ်။
ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရအန်ဒီယာယီဟာအဲရစ်ဘိုင်လီရဲ့ကွန်ဖူးကစ်ကြောင့်နံရိုးအက်သွားတဲ့အပြင်အဆုတ်နှင့်အသည်းနာကျင်မှုလည်းဖြစ်ခဲ့ပါတယ်။
အဲရစ်ဘိုင်လီဟာအန်ဒီယာယီဆေးရုံတက်နေစဉ်အတွင်းသွားရောက်ကြည့်ရှုမှုပြုလုပ်ခဲ့ပါတယ်။
အဲရစ်ဘိုင်လီဟာယင်းပွဲအပြီးတွင်ထရိုယက်စ်၊လိုရီယန့်တို့အားအနိုင်ရတဲ့ပွဲများကိုလွဲချော်ခဲ့ပြီးဖြစ်ပါတယ်။ယခုအခါသူဟာနောက်ထပ်မာဆေးရဲ့ပွဲ၅ပွဲကိုလွဲချော်လာပါဦးမယ်။
အဲရစ်ဘိုင်လီဟာယခုရာသီတွင်မာဆေးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၂ပွဲတည်းသာကစားထားနိုင်ပါတယ်။
ZawGyi
ၿပိဳင္ဘက္ကစားသမားကို ေဆး႐ုံတက္ရေအာင္ ကြန္ဖူးကစ္ျဖင့္ ကန္ခဲ့တဲ့ အဲရစ္ဘိုင္လီ ၇ ပြဲပယ္ခံရ
မန္ခ်က္စတာယူႏိုက္တက္မွအငွားျဖင့္လာေရာက္ကစားေနတဲ့အဲရစ္ဘိုင္လီဟာၿပိဳင္ဘက္ကစားသမားကိုကြန္ဖူးကစ္ျဖင့္ကန္ခဲ့မႈအတြက္၇ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံလာခဲ့ရပါတယ္။
အသက္၂၈ႏွစ္ရွိအဲရစ္ဘိုင္လီဟာယခုလအေစာပိုင္းတုန္းကမာေဆးႏွင့္ စတုတၳတန္းကလပ္Hyeres တို႔ကစားတဲ့ French Cup ဖလားပြဲတြင္အထက္ပါလုပ္ရပ္လုပ္ေဆာင္ခဲ့မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ဘိုင္လီဟာေဘာလုံးကိုကန္ရန္ႀကိဳးပမ္းစဥ္လြဲေခ်ာ္သြားခဲ့ၿပီးၿပိဳင္ဘက္ကစားသမားမူဆာအန္ဒီယာယီရဲ႕ရင္ဘတ္ကိုကန္မိခဲ့တာလည္းျဖစ္ပါတယ္။
အန္ဒီယာယီဟာအဲရစ္ဘိုင္လီရဲ႕ကန္ခ်က္ေၾကာင့္ကြင္းတြင္နာက်င္စြာလူးလိမ့္ေနခဲ့ၿပီးအေရးေပၚလူနာတင္ယာဥ္ျဖင့္ေဆး႐ုံသို႔ေျပးခဲ့ရပါတယ္။
ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအန္ဒီယာယီဟာအဲရစ္ဘိုင္လီရဲ႕ကြန္ဖူးကစ္ေၾကာင့္နံ႐ိုးအက္သြားတဲ့အျပင္အဆုတ္ႏွင့္အသည္းနာက်င္မႈလည္းျဖစ္ခဲ့ပါတယ္။
အဲရစ္ဘိုင္လီဟာအန္ဒီယာယီေဆး႐ုံတက္ေနစဥ္အတြင္းသြားေရာက္ၾကည့္ရႈမႈျပဳလုပ္ခဲ့ပါတယ္။
အဲရစ္ဘိုင္လီဟာယင္းပြဲအၿပီးတြင္ထ႐ိုယက္စ္၊လိုရီယန႔္တို႔အားအႏိုင္ရတဲ့ပြဲမ်ားကိုလြဲေခ်ာ္ခဲ့ၿပီးျဖစ္ပါတယ္။ယခုအခါသူဟာေနာက္ထပ္မာေဆးရဲ႕ပြဲ၅ပြဲကိုလြဲေခ်ာ္လာပါဦးမယ္။
အဲရစ္ဘိုင္လီဟာယခုရာသီတြင္မာေဆးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၂ပြဲတည္းသာကစားထားႏိုင္ပါတယ္။