ပြိုင်ဘက်ကစားသမားကို ဒေါသတကြီးညှစ်ခဲ့ပေမဲ့ အဲရစ်ဆင်မှန်းသိတဲ့အခါ ဖက်လိုက်တဲ့ ဘရွန်ဒွန်ဝီလီယမ်

နော့ဝှစ်ချ်နောက်ခံလူဘရန်ဒွန်ဝီလီယမ်ဟာဒေါသထိန်းချုပ်မရဘဲပြိုင်ဘက်ကစားသမားကိုညှစ်ခဲ့ပေမဲ့သူ့ကိုဖျက်ထုတ်သူမှာခရစ္စတီယန်အဲရစ်ဆင်မှန်းသိတဲ့အခါ ချစ်စဖွယ်ဖက်ခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်ခရစ္စတီယန်အဲရစ်ဆင်ရဲ့ဖျက်ထုတ်မှုကြောင့်ကစားသမားနှစ်ဦးလုံးကွင်းမြက်ခင်းသို့လဲကျသွားပါတယ်။ဒါပေမဲ့ဘရန်ဒွန်ဝီလီယမ်ဟာယင်းဖျက်ထုတ်မှုကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

သူဟာဒေါသတကြီးတစ်ခုခုလုပ်တော့မယ့်အခြေအနေမျိုးတွင်ရှိနေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူ့ကိုဖျက်ထုတ်သူကခရစ္စတီယန်အဲရစ်ဆင်မှန်းသိတဲ့အခါစိတ်ပြောင်းပြီးဖက်ခဲ့ပါတယ်။

အဲရစ်ဆင်ဟာမနေ့ညတုန်းကနော့ဝှစ်ချ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင် ဘရန့်ဖို့ဒ်အတွက်ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားခဲ့ပြီးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကနှလုံးရပ်ကာမေ့လဲကျပြီးနောက်ပထမဆုံးပွဲအဖြစ် ပွဲထွက်ကစားလာခဲ့တာလည်းဖြစ်ပါတယ်။ဘရန့်ဖို့ဒ်အတွက်သုံးဂိုးလုံးကိုအိုင်ဗန်တိုနေးတစ်ဦးတည်းကသွင်းယူခဲ့တာပါ။

ZawGYi

ၿပိဳင္ဘက္ကစားသမားကို ေဒါသတႀကီးညႇစ္ခဲ့ေပမဲ့ အဲရစ္ဆင္မွန္းသိတဲ့အခါ ဖက္လိုက္တဲ့ ဘ႐ြန္ဒြန္ဝီလီယမ္

ေနာ့ဝွစ္ခ်္ေနာက္ခံလူဘရန္ဒြန္ဝီလီယမ္ဟာေဒါသထိန္းခ်ဳပ္မရဘဲၿပိဳင္ဘက္ကစားသမားကိုညႇစ္ခဲ့ေပမဲ့သူ႔ကိုဖ်က္ထုတ္သူမွာခရစၥတီယန္အဲရစ္ဆင္မွန္းသိတဲ့အခါ ခ်စ္စဖြယ္ဖက္ခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္ခရစၥတီယန္အဲရစ္ဆင္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ကစားသမားႏွစ္ဦးလုံးကြင္းျမက္ခင္းသို႔လဲက်သြားပါတယ္။ဒါေပမဲ့ဘရန္ဒြန္ဝီလီယမ္ဟာယင္းဖ်က္ထုတ္မႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

သူဟာေဒါသတႀကီးတစ္ခုခုလုပ္ေတာ့မယ့္အေျခအေနမ်ိဳးတြင္ရွိေနခဲ့ပါတယ္။ဒါေပမဲ့တကယ္တမ္းမွာေတာ့သူ႔ကိုဖ်က္ထုတ္သူကခရစၥတီယန္အဲရစ္ဆင္မွန္းသိတဲ့အခါစိတ္ေျပာင္းၿပီးဖက္ခဲ့ပါတယ္။

အဲရစ္ဆင္ဟာမေန႔ညတုန္းကေနာ့ဝွစ္ခ်္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ ဘရန႔္ဖို႔ဒ္အတြက္ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားခဲ့ၿပီးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကႏွလုံးရပ္ကာေမ့လဲက်ၿပီးေနာက္ပထမဆုံးပြဲအျဖစ္ ပြဲထြက္ကစားလာခဲ့တာလည္းျဖစ္ပါတယ္။ဘရန႔္ဖို႔ဒ္အတြက္သုံးဂိုးလုံးကိုအိုင္ဗန္တိုေနးတစ္ဦးတည္းကသြင္းယူခဲ့တာပါ။