
ဒေးဗစ်လုဇ်ဟာပြိုင်ဘက်ကစားသမားကိုသူကဦးစွာကန်ခဲ့ပေမဲ့လည်းအော်စကာဆုရလောက်တဲ့သရုပ်ဆောင်မှုဖြင့်အနီကတ်ပြအထုတ်ခံရအောင်လုပ်ဆောင်လာပါတယ်။
အသက်၃၅နှစ်ရှိချဲလ်ဆီးနှင့်အာဆင်နယ်နောက်ခံလူဟောင်းဒေးဗစ်လုဇ်ဟာဘရာဇီးကလပ်ဖလာမင်ဂိုမှာကစားနေသူဖြစ်ပါတယ်။
သူဟာနောက်ဆုံးကစားတဲ့ပွဲမှာပြိုင်ဘက်ကစားသမားကိုအနီပြအထုတ်ခံရအောင်လုပ်ပြီး ဗီလိန်ဇာတ်ရုပ်မှာအသားကျနေတုန်းဆိုတာပြသလာပါတယ်။
Independiente del Valle ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့Recopa Sudamericana ပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
ပွဲပြီးရန်၂မိနစ်အလိုတွင်ဒေးဗစ်လုဇ်ဟာပြိုင်ဘက်ကစားသမားဂျူလီယိုအော်တစ်ဇ်ကိုနောက်ကကန်ကျောက်ခဲ့ပါတယ်။ဂျူလီယိုအော်တစ်ဇ်ဟာဘောလုံးဆုံးရှုံးသွားချိန်မှာဒေးဗစ်လုဇ်ကိုလက်ဖြင့်ရိုက်မိခဲ့ပါတယ်။
ဘရာဇီးအတွက်၅၇ပွဲကစားခဲ့တဲ့ဒေးဗစ်လုဇ်ဟာသူ့လုပ်ရပ်အတွက်အဝါကတ်ပြသခြင်းခံခဲ့ရပေမဲ့လည်းကွင်းအတွင်းနာကျင်လူးလိမ့်နေမှုနှင့်အတူပြိုင်ဘက်ကစားသမားအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
၎င်းတို့နှစ်သင်းဟာမတ်လ၁ရက်နေ့မှာဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားရပါမယ်။
ZawGyi
ပြိုင်ဘက်ကစားသမားကို ဦးစွာကန်ပြီးမှ အော်စကာဆုရလောက်တဲ့ သရုပ်ဆောင်မှုဖြင့် အနီကတ်အထုတ်ခံရအောင် လုပ်လာတဲ့ ဒေးဗစ်လုဇ်