ပြိုင်ဘက်ကိုဒုတ်ဝှေ့ယမ်းပြကာအောင်ပွဲခံခဲ့တဲ့ဘရာဇီးကစားသမားရှစ်ပွဲပယ်ခံရ

ဘရာဇီးတောင်ပံကစားသမားအီမာဆင်ကာရီယိုကာဟာဒီဇင်ဘာလတုန်းကကစားခဲ့တဲ့ပွဲတစ်ပွဲမှာဂိုးသွင်းယူပြီး နောက်ကိုယ်လုံးတီးဖြင့်အမျိုးသားအင်္ဂါကိုဝှေ့ယမ်းအောင်ပွဲခံခဲ့မှုအတွက်ရှစ်ပွဲပယ်ခံခဲ့ရပါတယ်။

အသက်၂၅နှစ်ရှိကစားသမားရဲ့ဆိုးရွားလှတဲ့အောင်ပွဲခံမှုကြောင့်နှစ်ဖက်ကစားသမားတို့အကြီးအကျယ်ပြဿနာ တက်ကာထိုးပွဲဖြစ်ခဲ့ကြပါတယ်။

ဆမ်ပိုင်အိုကော်ရီယာမှကစားသမားကာရီယိုကာဟာမာရီကာနှင့်ရီယိုဒီဂျနဲလ်ရိုးပြည်နယ်လိဂ်တန်းတက်ပွဲအဖြစ်ကစားရတဲ့ဒုတိယတန်းပလေးအော့ဖ်ဗိုလ်လုပွဲမှာပွဲချိန်၉၅မိနစ်မှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အင်္ကျီဘောင်းဘီတို့ကိုချွတ်ခဲ့ပြီးမာရီကာကစားသမားများရှိရာဘက်သို့ငှက်ပျော်သီးနှင့်ကြက်ဥနှစ်လုံးတို့ကိုဝှေ့ယမ်းပြီးအောင်ပွဲခံခဲ့ပါတယ်။

ယင်းသို့သူ့ရဲ့အောင်ပွဲခံမှုကိုမာရီကာကစားသမားတို့ကလည်းကောင်းကောင်းမွန်မွန်မတုံ့ပြန်ခဲ့ပါဘူး။ချက်ချင်းပင်ထိုးပွဲကြီးဖြစ်ခဲ့ပါတော့တယ်။

ယခုအခါမှာတော့ကစားသမားဟာသူ့ရဲ့ဆိုးရွားလှတဲ့လုပ်ရပ်အတွက်၈ပွဲပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ကာရီယိုကာကသူ့လုပ်ရပ်ဟာမှားယွင်းကြောင်းဝန်ခံခဲ့ပြီးယင်းဖြစ်ရပ်အတွက်တောင်းပန်မှုလည်းပြုလုပ်ခဲ့ပါတယ်။

ယခုအခါမှာသူဟာကလပ်ပေါ်တူဂူဆာဒီရီယိုသို့ရောက်နေပြီးသူ့ရဲ့ပွဲပယ်ပြစ်ဒဏ်ကိုအယူခံဝင်သွားပါမယ်။

ZawGyi

ၿပိဳင္ဘက္ကိုဒုတ္ေဝွ႔ယမ္းျပကာေအာင္ပြဲခံခဲ့တဲ့ဘရာဇီးကစားသမားရွစ္ပြဲပယ္ခံရ

ဘရာဇီးေတာင္ပံကစားသမားအီမာဆင္ကာရီယိုကာဟာဒီဇင္ဘာလတုန္းကကစားခဲ့တဲ့ပြဲတစ္ပြဲမွာဂိုးသြင္းယူၿပီး ေနာက္ကိုယ္လုံးတီးျဖင့္အမ်ိဳးသားအဂၤါကိုေဝွ႔ယမ္းေအာင္ပြဲခံခဲ့မႈအတြက္ရွစ္ပြဲပယ္ခံခဲ့ရပါတယ္။

အသက္၂၅ႏွစ္ရွိကစားသမားရဲ႕ဆိုး႐ြားလွတဲ့ေအာင္ပြဲခံမႈေၾကာင့္ႏွစ္ဖက္ကစားသမားတို႔အႀကီးအက်ယ္ျပႆနာ တက္ကာထိုးပြဲျဖစ္ခဲ့ၾကပါတယ္။

ဆမ္ပိုင္အိုေကာ္ရီယာမွကစားသမားကာရီယိုကာဟာမာရီကာႏွင့္ရီယိုဒီဂ်နဲလ္႐ိုးျပည္နယ္လိဂ္တန္းတက္ပြဲအျဖစ္ကစားရတဲ့ဒုတိယတန္းပေလးေအာ့ဖ္ဗိုလ္လုပြဲမွာပြဲခ်ိန္၉၅မိနစ္မွာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္အက်ႌေဘာင္းဘီတို႔ကိုခြၽတ္ခဲ့ၿပီးမာရီကာကစားသမားမ်ားရွိရာဘက္သို႔ငွက္ေပ်ာ္သီးႏွင့္ၾကက္ဥႏွစ္လုံးတို႔ကိုေဝွ႔ယမ္းၿပီးေအာင္ပြဲခံခဲ့ပါတယ္။

ယင္းသို႔သူ႔ရဲ႕ေအာင္ပြဲခံမႈကိုမာရီကာကစားသမားတို႔ကလည္းေကာင္းေကာင္းမြန္မြန္မတုံ႔ျပန္ခဲ့ပါဘူး။ခ်က္ခ်င္းပင္ထိုးပြဲႀကီးျဖစ္ခဲ့ပါေတာ့တယ္။

ယခုအခါမွာေတာ့ကစားသမားဟာသူ႔ရဲ႕ဆိုး႐ြားလွတဲ့လုပ္ရပ္အတြက္၈ပြဲပယ္ခံလိုက္ရၿပီျဖစ္ပါတယ္။ကာရီယိုကာကသူ႔လုပ္ရပ္ဟာမွားယြင္းေၾကာင္းဝန္ခံခဲ့ၿပီးယင္းျဖစ္ရပ္အတြက္ေတာင္းပန္မႈလည္းျပဳလုပ္ခဲ့ပါတယ္။

ယခုအခါမွာသူဟာကလပ္ေပၚတူဂူဆာဒီရီယိုသို႔ေရာက္ေနၿပီးသူ႔ရဲ႕ပြဲပယ္ျပစ္ဒဏ္ကိုအယူခံဝင္သြားပါမယ္။