ပြိုင်ဘက်ကို ထိုးမှုကြောင့် အထုတ်ခံခဲ့ရတဲ့ မက်ဆီကို ကိုးမန်းကာကွယ်

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာစပိန်စူပါဖလားဗိုလ်လုပွဲမှာပြိုင်ဘက်ကိုထိုးမှုကြောင့်ကလပ်ကစားသမားဘဝတွင်ပထမဆုံးအနီကတ်ပြသထုတ်ပယ်ခံခဲ့ရတဲ့လီယွန်နယ်မက်ဆီကိုကာကွယ်ပြောကြားသွားပါတယ်။

အာဂျင်တီးနားစတားဟာအချိန်ပိုတွင်ဘောလုံးမရှိချိန်တွင်ဘီလ်ဘာအိုရှေ့တန်းကစားသမားအစီယာဗီလာလီဘရီကိုထိုးခဲ့မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ကွင်းလယ်ဒိုင်လူကြီးဂျီးဆပ်စ်ဂေးလ်မန်ဇာနိုဟာကွင်းဘေးရှိမော်နီတာတွင်ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက်မက်ဆီကိုထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီထုတ်ပယ်ခံရပြီးနောက်ဘာစီလိုနာဟာနာကျင်အချိန်ပိုမှာအနိုင်ဂိုးပေးခဲ့ရပြီးဘီလ်ဘာအိုက၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီက “မက်ဆီလုပ်ခဲ့တာနဲ့ပတ်သက်ပြီးကျွန်တော်နားလည်ပါတယ်။သူတို့သူ့ကိုဘယ်နှစ်ကြိမ်လောက်အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့ကြသလဲ။ကစားသမားဘောလုံးလိမ်ခေါက်ဖို့ကြိုးစားချိန်မှာပြစ်ဒဏ်ကျူးလွန်ဖို့ကြိုးစားတာ သာမန်ဖြစ်ရပ်ပါ။ဒါပေမယ့်ဒီဖြစ်ရပ်ကိုကျွန်တော်ပြန်ကြည့်ရပါဦးမယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာခြေချောင်းရိုးဒဏ်ရာကြောင့်အနားယူခဲ့ရသူဖြစ်ပြီးဘီလ်ဘာအိုနှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်ခဲ့သူ လည်းဖြစ်ပါတယ်။

ZawGyi

ၿပိဳင္ဘက္ကို ထိုးမႈေၾကာင့္ အထုတ္ခံခဲ့ရတဲ့ မက္ဆီကို ကိုးမန္းကာကြယ္

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာစပိန္စူပါဖလားဗိုလ္လုပြဲမွာၿပိဳင္ဘက္ကိုထိုးမႈေၾကာင့္ကလပ္ကစားသမားဘဝတြင္ပထမဆုံးအနီကတ္ျပသထုတ္ပယ္ခံခဲ့ရတဲ့လီယြန္နယ္မက္ဆီကိုကာကြယ္ေျပာၾကားသြားပါတယ္။

အာဂ်င္တီးနားစတားဟာအခ်ိန္ပိုတြင္ေဘာလုံးမရွိခ်ိန္တြင္ဘီလ္ဘာအိုေရွ႕တန္းကစားသမားအစီယာဗီလာလီဘရီကိုထိုးခဲ့မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးဂ်ီးဆပ္စ္ေဂးလ္မန္ဇာႏိုဟာကြင္းေဘးရွိေမာ္နီတာတြင္ျပန္လည္ၾကည့္ရႈစစ္ေဆးၿပီးေနာက္မက္ဆီကိုထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။မက္ဆီထုတ္ပယ္ခံရၿပီးေနာက္ဘာစီလိုနာဟာနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးေပးခဲ့ရၿပီးဘီလ္ဘာအိုက၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မက္ဆီက “မက္ဆီလုပ္ခဲ့တာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္နားလည္ပါတယ္။သူတို႔သူ႔ကိုဘယ္ႏွစ္ႀကိမ္ေလာက္အထိ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၾကသလဲ။ကစားသမားေဘာလုံးလိမ္ေခါက္ဖို႔ႀကိဳးစားခ်ိန္မွာျပစ္ဒဏ္က်ဴးလြန္ဖို႔ႀကိဳးစားတာ သာမန္ျဖစ္ရပ္ပါ။ဒါေပမယ့္ဒီျဖစ္ရပ္ကိုကြၽန္ေတာ္ျပန္ၾကည့္ရပါဦးမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာေျခေခ်ာင္း႐ိုးဒဏ္ရာေၾကာင့္အနားယူခဲ့ရသူျဖစ္ၿပီးဘီလ္ဘာအိုႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ခဲ့သူ လည္းျဖစ္ပါတယ္။