ပြိုင်ဘက်တိုင်းက မန်ယူနည်းပြအဖြစ် ဆိုးလ်ရှားဆက်ရှိနေအောင် စပါးစ်ကို အနိုင်ရရှိရန် ဆုတောင်းနေကြ

မန်ချက်စတာယူနိုက်တက်ရဲ့ပြိုင်ဘက်များဟာယနေ့ညစပါးစ်နှင့်ပွဲစဉ်တွင်စပါးစ်ကိုအနိုင်ရရှိစေလိုနေကြောင်းပေါလ်မာဆင်ကပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်ပွဲလေးပွဲတွင်တစ်မှတ်တည်းသာရယူထားနိုင်ပြီးထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၈မှတ်အထိကွာဟနေပါတယ်။

မန်ယူဟာပြီးခဲ့တဲ့အပတ်တုန်းကလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနည်းပြဆိုးလ်ရှားမှာလည်းအနာဂတ်မရေမရာဖြစ်လာပါတယ်။

အာဆင်နယ်ဂန္ထဝင်ကစားသမားပေါလ်မာဆင်ကမန်ယူရဲ့ပြိုင်ဘက်များက မန်ယူနည်းပြအဖြစ်ဆိုးလ်ရှားဆက်ရှိနေစေရန်အတွက်စပါးစ်နှင့်ပွဲတွင်အနိုင်ရစေလိုနေကြောင်းပြောကြားလာပါတယ်။

မာဆင်က “ထိပ်ဆုံးလေးသင်းနဲ့ဥရောပဝင်ခွင့်နေရာဝန်းကျင်မှာရှိတဲ့ဝက်စ်ဟမ်း၊အာဆင်နယ်၊လက်စတာတို့ကတော့စပါးစ်ကွင်းမှာမန်ချက်စတာယူနိုက်တက်အနိုင်ရစေချင်ကြလိမ့်မယ်။ဆိုးလ်ရှားဆက်ရှိစေဖို့အတွက်ယူနိုက်တက်ကိုအနိုင်ရစေချင်ကြတာပါ။သောမတ်စ်တူချဲလ် ချဲလ်ဆီးသို့ရောက်လာပြီး ပြောင်းလဲသွားတာကိုပဲကြည့်။ချန်ပီယံလိဂ်ဖလားရသွားတယ်။အခုပရီးမီးယားလိဂ်ဖလားအတွက်လည်းရေပန်းအစားဆုံးဖြစ်နေတယ်။ဒီတော့မန်ယူသို့နည်းပြသစ်ရောက်လာရင်ဘာဖြစ်လာနိုင်မလဲဆိုတာစဉ်းစားကြည့်။မန်ချက်စတာယူနိုက်တက်ဟာသံသရာတစ်ပတ်လည်နေပါတယ်။လူတွေကဆိုးလ်ရှားလက်ထက်မှာတိုးတက်သွားတယ်လို့ပြောကြတယ်။ဘာများတိုးတက်သွားလို့လဲ။မန်ချက်စတာယူနိုက်တက်ဆိုတာအမှတ်ပေးဖလားယူမယ့်အသင်းဗျ။ဒုတိယနဲ့ကျေနပ်ရမယ့်အသင်းမဟုတ်ဘူး။ဒုတိယကသူတို့အတွက်ကျေနပ်စရာရှိတာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ၿပိဳင္ဘက္တိုင္းက မန္ယူနည္းျပအျဖစ္ ဆိုးလ္ရွားဆက္ရွိေနေအာင္ စပါးစ္ကို အႏိုင္ရရွိရန္ ဆုေတာင္းေနၾက

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ၿပိဳင္ဘက္မ်ားဟာယေန႔ညစပါးစ္ႏွင့္ပြဲစဥ္တြင္စပါးစ္ကိုအႏိုင္ရရွိေစလိုေနေၾကာင္းေပါလ္မာဆင္ကေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာေနာက္ဆုံးပရီးမီးယားလိဂ္ပြဲေလးပြဲတြင္တစ္မွတ္တည္းသာရယူထားႏိုင္ၿပီးထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၈မွတ္အထိကြာဟေနပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့အပတ္တုန္းကလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးနည္းျပဆိုးလ္ရွားမွာလည္းအနာဂတ္မေရမရာျဖစ္လာပါတယ္။

အာဆင္နယ္ဂႏၴဝင္ကစားသမားေပါလ္မာဆင္ကမန္ယူရဲ႕ၿပိဳင္ဘက္မ်ားက မန္ယူနည္းျပအျဖစ္ဆိုးလ္ရွားဆက္ရွိေနေစရန္အတြက္စပါးစ္ႏွင့္ပြဲတြင္အႏိုင္ရေစလိုေနေၾကာင္းေျပာၾကားလာပါတယ္။

မာဆင္က “ထိပ္ဆုံးေလးသင္းနဲ႔ဥေရာပဝင္ခြင့္ေနရာဝန္းက်င္မွာရွိတဲ့ဝက္စ္ဟမ္း၊အာဆင္နယ္၊လက္စတာတို႔ကေတာ့စပါးစ္ကြင္းမွာမန္ခ်က္စတာယူႏိုက္တက္အႏိုင္ရေစခ်င္ၾကလိမ့္မယ္။ဆိုးလ္ရွားဆက္ရွိေစဖို႔အတြက္ယူႏိုက္တက္ကိုအႏိုင္ရေစခ်င္ၾကတာပါ။ေသာမတ္စ္တူခ်ဲလ္ ခ်ဲလ္ဆီးသို႔ေရာက္လာၿပီး ေျပာင္းလဲသြားတာကိုပဲၾကည့္။ခ်န္ပီယံလိဂ္ဖလားရသြားတယ္။အခုပရီးမီးယားလိဂ္ဖလားအတြက္လည္းေရပန္းအစားဆုံးျဖစ္ေနတယ္။ဒီေတာ့မန္ယူသို႔နည္းျပသစ္ေရာက္လာရင္ဘာျဖစ္လာႏိုင္မလဲဆိုတာစဥ္းစားၾကည့္။မန္ခ်က္စတာယူႏိုက္တက္ဟာသံသရာတစ္ပတ္လည္ေနပါတယ္။လူေတြကဆိုးလ္ရွားလက္ထက္မွာတိုးတက္သြားတယ္လို႔ေျပာၾကတယ္။ဘာမ်ားတိုးတက္သြားလို႔လဲ။မန္ခ်က္စတာယူႏိုက္တက္ဆိုတာအမွတ္ေပးဖလားယူမယ့္အသင္းဗ်။ဒုတိယနဲ႔ေက်နပ္ရမယ့္အသင္းမဟုတ္ဘူး။ဒုတိယကသူတို႔အတြက္ေက်နပ္စရာရွိတာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။