ပြိုင်ဘက်နှာခေါင်းကို ရိုက်ချိုးခဲ့တဲ့ ကစားသမား ၄၈ ပွဲ ပွဲပယ်ခံရ

အပျော်တမ်းဘောလုံးကစားသမားရစ်ချက်အာဆာနူကေ့ဗ်ဟာပြိုင်ဘက်ကစားသမားရဲ့နှာခေါင်းကိုချိုးခဲ့မှုအတွက်၄၈ပွဲပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

Bild ရဲ့ဖော်ပြချက်အရယင်းကစားသမားဟာပွဲချိန်၈၇မိနစ်မှာပြိုင်ဘက်ကစားသမားကိုခေါင်းဖြင့်ဆောင့်ကာနှာခေါင်းရိုက်ကူးအောင်လုပ်ခဲ့မှုအတွက်ဒိုင်လူကြီးရိုမာနိုဂျီယိုဗာနီက အနီကတ်ပြထုတ်ပယ်ခဲ့ကြောင်းသိရပါတယ်။

အာဆာနူကော့ဗ်ဟာပြိုင်ဘက်ကစားအားတမင်ရည်ရွယ်ကာနှာခေါင်းရိုးကျိုးအောင်မလုပ်မီဒိုင်လူကြီးအား ‘ပြစ်ဒဏ်ခတ်တယ်ဆိုတာဘာလဲဆိုတာမင်းကိုပြမယ်’လို့ပြောကြားခဲ့သေးကြောင်းသိရပါတယ်။

ဩစတြီးယားနဝမတန်းတွင်ကစားနေတဲ့ဗစ်တိုရီယာဟာယင်းဖြစ်ရပ်ကြောင့်ချက်ချင်းပင်အာဆာနူကော့ဗ်ကိုအသင်းမှထုတ်ပယ်လိုက်ပါတယ်။

တကယ်တော့ဘောလုံးလောကမှာယင်းကဲ့သို့ကာလရှည်ကြာပွဲပယ်ခံရတာအာဆာနူကော့ဗ်တစ်ဦးတည်းမဟုတ်ပါဘူး။

ပက်ထရစ်အီဗရာဟာ၂၀၁၇ခုနှစ်တုန်းယူရိုပါလိဂ်ပွဲတစ်ခုမှာပရိသတ်တစ်ဦးရဲ့ခေါင်းကိုကန်ခဲ့မှုအတွက်၇လပွဲပယ်ခံခဲ့ရဖူးသလိုဒီယေဂိုမာရာဒိုနာဟာလည်း၁၉၉၄ကမ္ဘာ့ဖလားဆေးစစ်မှုကျမှုကြောင့်၁၅လပွဲပယ်ခံခဲ့ရဖူးပါတယ်။

ZawGyi

ၿပိဳင္ဘက္ႏွာေခါင္းကို ႐ိုက္ခ်ိဳးခဲ့တဲ့ ကစားသမား ၄၈ ပြဲ ပြဲပယ္ခံရ

အေပ်ာ္တမ္းေဘာလုံးကစားသမားရစ္ခ်က္အာဆာႏူေက့ဗ္ဟာၿပိဳင္ဘက္ကစားသမားရဲ႕ႏွာေခါင္းကိုခ်ိဳးခဲ့မႈအတြက္၄၈ပြဲပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရယင္းကစားသမားဟာပြဲခ်ိန္၈၇မိနစ္မွာၿပိဳင္ဘက္ကစားသမားကိုေခါင္းျဖင့္ေဆာင့္ကာႏွာေခါင္း႐ိုက္ကူးေအာင္လုပ္ခဲ့မႈအတြက္ဒိုင္လူႀကီး႐ိုမာႏိုဂ်ီယိုဗာနီက အနီကတ္ျပထုတ္ပယ္ခဲ့ေၾကာင္းသိရပါတယ္။

အာဆာႏူေကာ့ဗ္ဟာၿပိဳင္ဘက္ကစားအားတမင္ရည္႐ြယ္ကာႏွာေခါင္း႐ိုးက်ိဳးေအာင္မလုပ္မီဒိုင္လူႀကီးအား ‘ျပစ္ဒဏ္ခတ္တယ္ဆိုတာဘာလဲဆိုတာမင္းကိုျပမယ္’လို႔ေျပာၾကားခဲ့ေသးေၾကာင္းသိရပါတယ္။

ဩစႀတီးယားနဝမတန္းတြင္ကစားေနတဲ့ဗစ္တိုရီယာဟာယင္းျဖစ္ရပ္ေၾကာင့္ခ်က္ခ်င္းပင္အာဆာႏူေကာ့ဗ္ကိုအသင္းမွထုတ္ပယ္လိုက္ပါတယ္။

တကယ္ေတာ့ေဘာလုံးေလာကမွာယင္းကဲ့သို႔ကာလရွည္ၾကာပြဲပယ္ခံရတာအာဆာႏူေကာ့ဗ္တစ္ဦးတည္းမဟုတ္ပါဘူး။

ပက္ထရစ္အီဗရာဟာ၂၀၁၇ခုႏွစ္တုန္းယူ႐ိုပါလိဂ္ပြဲတစ္ခုမွာပရိသတ္တစ္ဦးရဲ႕ေခါင္းကိုကန္ခဲ့မႈအတြက္၇လပြဲပယ္ခံခဲ့ရဖူးသလိုဒီေယဂိုမာရာဒိုနာဟာလည္း၁၉၉၄ကမာၻ႔ဖလားေဆးစစ္မႈက်မႈေၾကာင့္၁၅လပြဲပယ္ခံခဲ့ရဖူးပါတယ္။