ပြိုင်ဘက်ပရိသတ်များရဲ့လှောင်ပြောင်ခံရန် အသင့်ပြင်ထားရန် အင်္ဂလန်စတားများကိုဆောက်ဂိတ်သတိပေး

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကယူရို၂၀၂၀ဗိုလ်လုပွဲတွင်ပင်နယ်တီလွဲခဲ့တဲ့အင်္ဂလန်စတားများအနေဖြင့်ပြိုင်ဘက်ပရိသတ်များရဲ့လှောင်ပြောင်မှုများခံယူရန်အသင့်ပြင်ထားကြရန်သတိပေးပြောကြားလိုက်ပါတယ်။

မန်ယူရဲ့ဂျာဒွန်ဆန်ချိုနှင့်မားကပ်စ်ရပ်ရှ်ဖို့ဒ်တို့ဟာယခုလအစောပိုင်းတုန်းကလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလိဒ်ပရိသတ်များရဲ့’မင်းတို့ကြောင့်ငါတို့နိုင်ငံကျရှုံးခဲ့ရတာ”ဆိုပြီးအော်ဟစ်ခဲ့ကြပါတယ်။

ယူရို၉၆တုန်းကကိုယ်တိုင်ပင်နယ်တီလွဲခဲ့ဖူးတဲ့ဆောက်ဂိတ်က “ကျွန်တော်ကိုယ်တိုင်ကဒါမျိုးကြုံခဲ့ဖူးတော့သူတို့ကိုအကူအညီပေးဖို့အကောင်းဆုံးနေရာမှာရှိနေပါတယ်။ဒါပေမယ့်ကောင်းမွန်တဲ့ဆက်ဆံမှုလည်းရှိပါတယ်။ဘရန့်ဖို့ဒ်တုန်းကဆိုဆာကာဟာအံ့ဩစရာကောင်းတဲ့ကြိုဆိုမှုကြုံခဲ့ရပါတယ်။တစ်ချို့ပရိသတ်တွေကကလပ်ပွဲဖြစ်လို့မဆိုင်တော့ဘူးဆိုရင်တောင်ကစားသမားတွေမတည်မငြိမ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်နေကြပါတယ်။တစ်ချို့ကလည်းကွဲပြားတဲ့ပုံစံနဲ့တုံ့ပြန်ကြပါတယ်။ဒါပေမယ့်ကစားသမားတွေအနေနဲ့ဒါကိုကျော်ဖြတ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်မှလူမည်းကစားသမားများဖြစ်ကြတဲ့ဆာကာ၊ရပ်ရှ်ဖို့ဒ်နှင့်ဆန်ချိုတို့သုံးဦးလုံးဟာပင်နယ်တီလွဲချော်ခဲ့ပါတယ်။၎င်းတို့ဟာယင်းသို့ပင်နယ်တီလွဲချော်မှုအတွက်အွန်လိုင်းတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုအကြီးအကျယ်ခံခဲ့ရပါတယ်။

အင်္ဂလန်ဟာလာမယ်ပတ်မှာဟန်ဂန်ရီ၊အင်ဒိုရာ၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားသွားရပါမယ်။

ZawGyi

ၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ခံရန္ အသင့္ျပင္ထားရန္ အဂၤလန္စတားမ်ားကိုေဆာက္ဂိတ္သတိေပး

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ပင္နယ္တီလြဲခဲ့တဲ့အဂၤလန္စတားမ်ားအေနျဖင့္ၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားခံယူရန္အသင့္ျပင္ထားၾကရန္သတိေပးေျပာၾကားလိုက္ပါတယ္။

မန္ယူရဲ႕ဂ်ာဒြန္ဆန္ခ်ိဳႏွင့္မားကပ္စ္ရပ္ရွ္ဖို႔ဒ္တို႔ဟာယခုလအေစာပိုင္းတုန္းကလိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလိဒ္ပရိသတ္မ်ားရဲ႕’မင္းတို႔ေၾကာင့္ငါတို႔ႏိုင္ငံက်ရႈံးခဲ့ရတာ”ဆိုၿပီးေအာ္ဟစ္ခဲ့ၾကပါတယ္။

ယူ႐ို၉၆တုန္းကကိုယ္တိုင္ပင္နယ္တီလြဲခဲ့ဖူးတဲ့ေဆာက္ဂိတ္က “ကြၽန္ေတာ္ကိုယ္တိုင္ကဒါမ်ိဳးႀကဳံခဲ့ဖူးေတာ့သူတို႔ကိုအကူအညီေပးဖို႔အေကာင္းဆုံးေနရာမွာရွိေနပါတယ္။ဒါေပမယ့္ေကာင္းမြန္တဲ့ဆက္ဆံမႈလည္းရွိပါတယ္။ဘရန႔္ဖို႔ဒ္တုန္းကဆိုဆာကာဟာအံ့ဩစရာေကာင္းတဲ့ႀကိဳဆိုမႈႀကဳံခဲ့ရပါတယ္။တစ္ခ်ိဳ႕ပရိသတ္ေတြကကလပ္ပြဲျဖစ္လို႔မဆိုင္ေတာ့ဘူးဆိုရင္ေတာင္ကစားသမားေတြမတည္မၿငိမ္ျဖစ္ေအာင္လုပ္ရမယ္ဆိုတဲ့စိတ္နဲ႔ လုပ္ေနၾကပါတယ္။တစ္ခ်ိဳ႕ကလည္းကြဲျပားတဲ့ပုံစံနဲ႔တုံ႔ျပန္ၾကပါတယ္။ဒါေပမယ့္ကစားသမားေတြအေနနဲ႔ဒါကိုေက်ာ္ျဖတ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဂၤလန္မွလူမည္းကစားသမားမ်ားျဖစ္ၾကတဲ့ဆာကာ၊ရပ္ရွ္ဖို႔ဒ္ႏွင့္ဆန္ခ်ိဳတို႔သုံးဦးလုံးဟာပင္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္။၎တို႔ဟာယင္းသို႔ပင္နယ္တီလြဲေခ်ာ္မႈအတြက္အြန္လိုင္းတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအႀကီးအက်ယ္ခံခဲ့ရပါတယ္။

အဂၤလန္ဟာလာမယ္ပတ္မွာဟန္ဂန္ရီ၊အင္ဒိုရာ၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားသြားရပါမယ္။