ပြိုင်ဘက်ပေါင်းများစွာကို ဖုန်ရှုစေ လုပ်ခဲ့တဲ့ မက်ဆီကို တစ်ခါပြန် ဖုန်ရှုခိုင်းခဲ့တဲ့ ပါယက်

လီယွန်နယ်မက်ဆီဟာသူ့ကစားသမားဘဝတစ်လျှောက်မှာပြိုင်ဘက်ပေါင်းများစွာတို့ကိုဖုန်ရှုမြက်စားရအောင်အံ့မခန်းဘောလုံးအစွမ်းဖြင့်မရေတွက်နိုင်အောင်လုပ်ခဲ့ဖူးပါတယ်။ဒါပေမယ့် Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးခဲ့တဲ့လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကမာဆေးလ်နှင့်ပွဲစဉ်မှာတော့သူကိုယ်တိုင်ဖုန်ရှုတဲ့ဘဝသို့ရောက်သွားခဲ့ပါတယ်။

Stade Velodrome ကွင်းမှာမာဆေးလ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာဒီမီထရီပါယက်ဟာလီယွန်နယ်မက်ဆီကိုနီဝဲလ်အိုးဘွိုင်းမှာဘောလုံးပညာသင်တုန်းကဘဝသို့ပြန်ပို့ပေးခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာပါယက်ဟာမက်ဆီဆီကဘောလုံးကိုကြားဝင်လုယူပြီးမြက်ခင်းမှာစက္ကန့်ပိုင်းမှာလက်ထိစေခဲ့ပါတယ်။မက်ဆီဟာချက်ချင်းပင်ဘောလုံးပြန်ဆယ်နိုင်ရေးကြိုးပမ်းခဲ့ပေမယ့်ပါယက်ကဘောလုံးကိုလှည့်ထွက်ပြေးဆွဲသွားလို့နောက်မှာငေါင်တောင်တောင်နဲ့ကျန်နေခဲ့ရပါတယ်။

မက်ဆီဟာသူ့ရဲ့ပထမဆုံး Le Classique မှာသူ့ရဲ့ပထမဆုံးလီဂူး၁ဂိုးသွင်းယူနိုင်ရေးကြိုးပမ်းခဲ့ပေမယ့်လည်းရုန်းကန်ခဲ့ပါတယ်။သူဟာဒုတိယပိုင်းမှာမာဆေးလ်ဘက်သို့ဂိုးသွင်းဖို့ဆွဲပြေးစဉ်မာဆေးလ်ပရိသတ်တစ်ဦးကွင်းထဲပြေးဝင်တားဆီးမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ZawGyi

ၿပိဳင္ဘက္ေပါင္းမ်ားစြာကို ဖုန္ရႈေစ လုပ္ခဲ့တဲ့ မက္ဆီကို တစ္ခါျပန္ ဖုန္ရႈခိုင္းခဲ့တဲ့ ပါယက္

လီယြန္နယ္မက္ဆီဟာသူ႔ကစားသမားဘဝတစ္ေလွ်ာက္မွာၿပိဳင္ဘက္ေပါင္းမ်ားစြာတို႔ကိုဖုန္ရႈျမက္စားရေအာင္အံ့မခန္းေဘာလုံးအစြမ္းျဖင့္မေရတြက္ႏိုင္ေအာင္လုပ္ခဲ့ဖူးပါတယ္။ဒါေပမယ့္ Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးခဲ့တဲ့လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကမာေဆးလ္ႏွင့္ပြဲစဥ္မွာေတာ့သူကိုယ္တိုင္ဖုန္ရႈတဲ့ဘဝသို႔ေရာက္သြားခဲ့ပါတယ္။

Stade Velodrome ကြင္းမွာမာေဆးလ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္ရဲ႕နာက်င္အခ်ိန္ပိုမွာဒီမီထရီပါယက္ဟာလီယြန္နယ္မက္ဆီကိုနီဝဲလ္အိုးဘြိဳင္းမွာေဘာလုံးပညာသင္တုန္းကဘဝသို႔ျပန္ပို႔ေပးခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာပါယက္ဟာမက္ဆီဆီကေဘာလုံးကိုၾကားဝင္လုယူၿပီးျမက္ခင္းမွာစကၠန႔္ပိုင္းမွာလက္ထိေစခဲ့ပါတယ္။မက္ဆီဟာခ်က္ခ်င္းပင္ေဘာလုံးျပန္ဆယ္ႏိုင္ေရးႀကိဳးပမ္းခဲ့ေပမယ့္ပါယက္ကေဘာလုံးကိုလွည့္ထြက္ေျပးဆြဲသြားလို႔ေနာက္မွာေငါင္ေတာင္ေတာင္နဲ႔က်န္ေနခဲ့ရပါတယ္။

မက္ဆီဟာသူ႔ရဲ႕ပထမဆုံး Le Classique မွာသူ႔ရဲ႕ပထမဆုံးလီဂူး၁ဂိုးသြင္းယူႏိုင္ေရးႀကိဳးပမ္းခဲ့ေပမယ့္လည္း႐ုန္းကန္ခဲ့ပါတယ္။သူဟာဒုတိယပိုင္းမွာမာေဆးလ္ဘက္သို႔ဂိုးသြင္းဖို႔ဆြဲေျပးစဥ္မာေဆးလ္ပရိသတ္တစ္ဦးကြင္းထဲေျပးဝင္တားဆီးမႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။