ပြိုင်ဘက်အသင်း ဂိုးသွင်းလိုက်ချိန်တွင် အောင်ပွဲခံခဲ့တဲ့ ယူကရိန်းကစားသမား လုပ်ပွဲကစားမှုဖြင့်စွပ်စွဲခံနေရ

ယူကရိန်းဒုတိယတန်းကလပ်မှကစားသမားတစ်ဦးဟာပြိုင်ဘက်အသင်း ဂိုးသွင်းလိုက်ချိန်တွင်အောင်ပွဲခံခဲ့တာကြောင့်လုပ်ပွဲကစားတယ်ဆိုပြီးစုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

ကရီမင်ကရီမန်ချူဟာအောက်တိုဘာလအစောပိုင်းတုန်းကပြိုင်ဘက်အော့ဇ်ဂိုရိုင်းသို့သွားရောက်ရင်ဆိုင်ခဲ့ရပါတယ်။

ခရီမင်ကရီမန်ချူဟာယူကရိန်းအနောက်ပိုင်းမှဗဟိုယူကရိန်းသို့ နာရီ၂၀ကြာဘတ်စ်ကားစီးကာအချိန်ကြာမြင့်စွာခရီးသွားကစားခဲ့ရပြီးပွဲချိန်၆၅မိနစ်မှာဂိုးပေးခဲ့ရပါတယ်။ညာခြမ်းကဖြတ်တင်လိုက်တဲ့ဘောလုံးကိုမိုင်ကိုလာဂေးဒူချီကပိတ်သွင်းယူခဲ့တာပါ။

ဒါပေမယ့်ကရီမင်ရဲ့ကျောနံပါတ်၁၈ပိုင်ရှင်ဗီတာလီဘွိုင်ကိုဟာဦးဆောင်ဂိုးပေးလိုက်ရချိန်မှာလက်သီးလက်မောင်းတန်းအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ကစားသမားကတော့ပြိုင်ဘက်ဂိုးသွင်းမှုကိုအောင်ပွဲခံရန်နာရီ၂၀ကြာဘတ်စ်ကားစီးကာသွားရောက်မှာမဟုတ်ဘဲဒေါသကြောင့်ယင်းသို့လက်သီးလက်မောင်းတန်းခြင်းမျှသာဖြစ်ကြောင်းငြင်းဆိုထားပါတယ်။

အိမ်ရှင်အသင်းဟာပွဲချိန်၈၃မိနစ်မှာပင်နယ်တီကနေဒုတိယဂိုးရရှိခဲ့ပါတယ်။ယင်းပင်နယ်တီကဘွိုင်ကိုကြောင့်ပေးလိုက်ရတာမဟုတ်ပါဘူး။
အော့ဇ်ဂိုရိုင်းသွင်းယူတဲ့ဂိုးမှာတစ်စုံတစ်ရာအငြင်းပွားစရာမပါဝင်ပါဘူး။

ZawGyi

ၿပိဳင္ဘက္အသင္း ဂိုးသြင္းလိုက္ခ်ိန္တြင္ ေအာင္ပြဲခံခဲ့တဲ့ ယူကရိန္းကစားသမား လုပ္ပြဲကစားမႈျဖင့္စြပ္စြဲခံေနရ

ယူကရိန္းဒုတိယတန္းကလပ္မွကစားသမားတစ္ဦးဟာၿပိဳင္ဘက္အသင္း ဂိုးသြင္းလိုက္ခ်ိန္တြင္ေအာင္ပြဲခံခဲ့တာေၾကာင့္လုပ္ပြဲကစားတယ္ဆိုၿပီးစုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။

ကရီမင္ကရီမန္ခ်ဴဟာေအာက္တိုဘာလအေစာပိုင္းတုန္းကၿပိဳင္ဘက္ေအာ့ဇ္ဂို႐ိုင္းသို႔သြားေရာက္ရင္ဆိုင္ခဲ့ရပါတယ္။

ခရီမင္ကရီမန္ခ်ဴဟာယူကရိန္းအေနာက္ပိုင္းမွဗဟိုယူကရိန္းသို႔ နာရီ၂၀ၾကာဘတ္စ္ကားစီးကာအခ်ိန္ၾကာျမင့္စြာခရီးသြားကစားခဲ့ရၿပီးပြဲခ်ိန္၆၅မိနစ္မွာဂိုးေပးခဲ့ရပါတယ္။ညာျခမ္းကျဖတ္တင္လိုက္တဲ့ေဘာလုံးကိုမိုင္ကိုလာေဂးဒူခ်ီကပိတ္သြင္းယူခဲ့တာပါ။

ဒါေပမယ့္ကရီမင္ရဲ႕ေက်ာနံပါတ္၁၈ပိုင္ရွင္ဗီတာလီဘြိဳင္ကိုဟာဦးေဆာင္ဂိုးေပးလိုက္ရခ်ိန္မွာလက္သီးလက္ေမာင္းတန္းေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ကစားသမားကေတာ့ၿပိဳင္ဘက္ဂိုးသြင္းမႈကိုေအာင္ပြဲခံရန္နာရီ၂၀ၾကာဘတ္စ္ကားစီးကာသြားေရာက္မွာမဟုတ္ဘဲေဒါသေၾကာင့္ယင္းသို႔လက္သီးလက္ေမာင္းတန္းျခင္းမွ်သာျဖစ္ေၾကာင္းျငင္းဆိုထားပါတယ္။

အိမ္ရွင္အသင္းဟာပြဲခ်ိန္၈၃မိနစ္မွာပင္နယ္တီကေနဒုတိယဂိုးရရွိခဲ့ပါတယ္။ယင္းပင္နယ္တီကဘြိဳင္ကိုေၾကာင့္ေပးလိုက္ရတာမဟုတ္ပါဘူး။
ေအာ့ဇ္ဂို႐ိုင္းသြင္းယူတဲ့ဂိုးမွာတစ္စုံတစ္ရာအျငင္းပြားစရာမပါဝင္ပါဘူး။