ပြီးခဲ့တဲ့နှစ် မတ်လနှောင်းပိုင်းတွင် ပထမဆုံးရှုံးပွဲကြုံတွေ့လာခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာပြီးခဲ့တဲ့နှစ်မတ်လနှောင်းပိုင်းတွင်ပထမဆုံးလီဂူး၁ရှုံးပွဲအဖြစ် လီဂူး၁တွင်အကောင်းဆုံးပုံစံရရှိနေတဲ့လန်းစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

လီဂူး၁အမှတ်ပေးဇယားဒုတိယနေရာမှလန်းစ်ဟာယခုရာသီတွင်လီဂူး၁ပွဲ၁၇ပွဲကစားထားရာမှာတစ်ပွဲတည်းသာရှုံးနိမ့်ထားတာဖြစ်ပြီး၃-၁နိုင်ပွဲကြောင့်ထိပ်ဆုံးမှပီအက်စ်ဂျီနှင့်ရမှတ်၄မှတ်တည်းသာကွာဟပါတော့တယ်။

မနေ့ညကပွဲတွင်ဖရန့်ဟိုက်စ်ရဲ့အသင်းအတွက်လိုအစ်အိုပင်းဒါကတစ်ဂိုးသွင်းခဲ့သလိုတစ်ကြိမ်ဖန်တီးမှုလည်းပြုလုပ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီမှာဗုဒ္ဓဟူးနေ့တုန်းကပွဲတွင်အနီကတ်ပြသခံရမှုကြောင့်ပွဲပယ်ခံထားရလိုနေမာမပါဝင်သလိုကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံနေဆဲဖြစ်တဲ့မက်ဆီမပါဝင်ခဲ့ပါဘူး။

အိမ်ရှင်းလန်းစ်ဟာပွဲအစ၅မိနစ်မှာပဲဖရန်ကောစကီးကပြန်အံထွက်လာတဲ့ဘောလုံးကို Volley ကန်ပြီးဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့၃မိနစ်အကြာမှာပဲအဲကီတီကီကပီအက်စ်ဂျီအတွက်ချက်ချင်းပြန်လည်ချေပခဲ့ပါတယ်။

ယင်းနောက်ပွဲချိန်၂၈မိနစ်မှာအိုပင်ဒါကမာကွင်ဟို့စ်ကိုကျော်ဖြတ်ပြီးထောင့်ကျဉ်းသို့အပိုင်ကန်ကာဒုတိယဂိုးသွင်းခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးအချိန်ပိုမှာအလက်ဆစ်ကလူဒီမူရစ်ကတတိယဂိုးထပ်သွင်းခဲ့ပါတယ်။

မနေ့ညကပွဲတွင်ကိုင်လီယန်ဘက်ပေး ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပေမဲ့လည်းပီအက်စ်ဂျီအတွက်သရေတစ်မှတ်တောင်မရယူနိုင်ခဲ့ပါဘူး။

ပီအက်စ်ဂျီတို့နောက်ဆုံးရှုံးပွဲကြုံတွေ့ခဲ့တာ၂၀၂၂ခုနှစ်၊မတ်လတုန်းကမိုနာကိုကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ၿပီးခဲ့တဲ့ႏွစ္ မတ္လေႏွာင္းပိုင္းတြင္ ပထမဆုံးရႈံးပြဲႀကဳံေတြ႕လာခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာၿပီးခဲ့တဲ့ႏွစ္မတ္လေႏွာင္းပိုင္းတြင္ပထမဆုံးလီဂူး၁ရႈံးပြဲအျဖစ္ လီဂူး၁တြင္အေကာင္းဆုံးပုံစံရရွိေနတဲ့လန္းစ္ကိုရႈံးနိမ့္ခဲ့ပါတယ္။

လီဂူး၁အမွတ္ေပးဇယားဒုတိယေနရာမွလန္းစ္ဟာယခုရာသီတြင္လီဂူး၁ပြဲ၁၇ပြဲကစားထားရာမွာတစ္ပြဲတည္းသာရႈံးနိမ့္ထားတာျဖစ္ၿပီး၃-၁ႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွပီအက္စ္ဂ်ီႏွင့္ရမွတ္၄မွတ္တည္းသာကြာဟပါေတာ့တယ္။

မေန႔ညကပြဲတြင္ဖရန႔္ဟိုက္စ္ရဲ႕အသင္းအတြက္လိုအစ္အိုပင္းဒါကတစ္ဂိုးသြင္းခဲ့သလိုတစ္ႀကိမ္ဖန္တီးမႈလည္းျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီမွာဗုဒၶဟူးေန႔တုန္းကပြဲတြင္အနီကတ္ျပသခံရမႈေၾကာင့္ပြဲပယ္ခံထားရလိုေနမာမပါဝင္သလိုကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံေနဆဲျဖစ္တဲ့မက္ဆီမပါဝင္ခဲ့ပါဘူး။

အိမ္ရွင္းလန္းစ္ဟာပြဲအစ၅မိနစ္မွာပဲဖရန္ေကာစကီးကျပန္အံထြက္လာတဲ့ေဘာလုံးကို Volley ကန္ၿပီးဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့၃မိနစ္အၾကာမွာပဲအဲကီတီကီကပီအက္စ္ဂ်ီအတြက္ခ်က္ခ်င္းျပန္လည္ေခ်ပခဲ့ပါတယ္။

ယင္းေနာက္ပြဲခ်ိန္၂၈မိနစ္မွာအိုပင္ဒါကမာကြင္ဟို႔စ္ကိုေက်ာ္ျဖတ္ၿပီးေထာင့္က်ဥ္းသို႔အပိုင္ကန္ကာဒုတိယဂိုးသြင္းခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးအခ်ိန္ပိုမွာအလက္ဆစ္ကလူဒီမူရစ္ကတတိယဂိုးထပ္သြင္းခဲ့ပါတယ္။

မေန႔ညကပြဲတြင္ကိုင္လီယန္ဘက္ေပး ပြဲခ်ိန္ျပည့္ပါဝင္ကစားသြားခဲ့ေပမဲ့လည္းပီအက္စ္ဂ်ီအတြက္သေရတစ္မွတ္ေတာင္မရယူႏိုင္ခဲ့ပါဘူး။

ပီအက္စ္ဂ်ီတို႔ေနာက္ဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့တာ၂၀၂၂ခုႏွစ္၊မတ္လတုန္းကမိုနာကိုကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။