ပြီးခဲ့တဲ့ရာသီ ၂၄ ဂိုး မှတ်တမ်းကို ခရစ္စတီယာနိုရော်နယ်ဒို ကျော်ဖြတ်လာမည်ဟု အဲရစ်တန်ဟက်ဟောကိန်းထုတ်

အဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုမှာပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်အတွက်၂၄ဂိုးသွင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကိုကျော်ဖြတ်လာမည်လို့ဟောကိန်းထုတ်လာပါတယ်။

ပေါ်တူဂီစူပါစတားဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။အထူးသဖြင့် သူဟာပွဲထွက်ကစားခွင့်ဆက်တိုက်မရရှိမှု၊ရရှိလာတဲ့အခွင့်အရေးများကိုအသုံးချနိုင်ခြင်းမရှိမှုနှင့်အတူ၃ဂိုးတည်းသာသွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။

သူဟာကြားရက်တုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ယခုရာသီတွင်ယူနိုက်တက်အတွက်၁၃ပွဲကစားရာမှာ၃ဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ယင်းပွဲတွင်လည်းသူဟာအပိုင်အခွင့်အရေးနှစ်ကြိမ်ဖြုန်းတီးခဲ့ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုမှာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကထက်ဂိုးသွင်းနိုင်မဲ့ အခွင့်အရေးပိုကောင်းနေသလားလို့မေးမြန်းလာချိန်မှာတော့ အဲရစ်တန်ဟက်က “ဒါကသူ့အပေါ်မှာဘဲမူတည်တယ်။ဒါပေမဲ့သူသာရရှိလာတဲ့အခွင့်အရေးတွေ၊ပြီးခဲ့တဲ့အပတ်တွေတုန်းကအသင်းကဖန်တီးတဲ့အခွင့်အရေးတွေကိုအသုံးချနိုင်မယ်ဆိုရင်တော့သူဟာပြီးခဲ့တဲ့ရာသီတုန်းကထက်ဂိုးပိုမိုသွင်းနိုင်မဲ့လမ်းကြောင်းမှာရှိနေတုန်းပါ။ပြီးတော့သူ့အနေနဲ့ အဆုံးသတ်နိုင်ဖို့လည်းလိုသေးတယ်။ကျွန်တော်ကတော့ဖြစ်နိုင်တယ်လို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်အများစုကိုအရန်ခုံတွင်သာထိုင်နေရတာဖြစ်ပြီးယူရိုပါလိဂ်တွင်သာပွဲထွက်ကစားနေရပါတယ်။

ZawGyi

ၿပီးခဲ့တဲ့ရာသီ ၂၄ ဂိုး မွတ္တမ္းကို ခရစၥတီယာႏိုေရာ္နယ္ဒို ေက်ာ္ျဖတ္လာမည္ဟု အဲရစ္တန္ဟက္ေဟာကိန္းထုတ္

အဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာၿပီးခဲ့တဲ့ရာသီတုန္းကယူႏိုက္တက္အတြက္၂၄ဂိုးသြင္းယူႏိုင္ခဲ့တဲ့မွတ္တမ္းကိုေက်ာ္ျဖတ္လာမည္လို႔ေဟာကိန္းထုတ္လာပါတယ္။

ေပၚတူဂီစူပါစတားဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။အထူးသျဖင့္ သူဟာပြဲထြက္ကစားခြင့္ဆက္တိုက္မရရွိမႈ၊ရရွိလာတဲ့အခြင့္အေရးမ်ားကိုအသုံးခ်ႏိုင္ျခင္းမရွိမႈႏွင့္အတူ၃ဂိုးတည္းသာသြင္းယူထားႏိုင္တာလည္းျဖစ္ပါတယ္။

သူဟာၾကားရက္တုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ယခုရာသီတြင္ယူႏိုက္တက္အတြက္၁၃ပြဲကစားရာမွာ၃ဂိုးေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းပြဲတြင္လည္းသူဟာအပိုင္အခြင့္အေရးႏွစ္ႀကိမ္ျဖဳန္းတီးခဲ့ပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကထက္ဂိုးသြင္းႏိုင္မဲ့ အခြင့္အေရးပိုေကာင္းေနသလားလို႔ေမးျမန္းလာခ်ိန္မွာေတာ့ အဲရစ္တန္ဟက္က “ဒါကသူ႔အေပၚမွာဘဲမူတည္တယ္။ဒါေပမဲ့သူသာရရွိလာတဲ့အခြင့္အေရးေတြ၊ၿပီးခဲ့တဲ့အပတ္ေတြတုန္းကအသင္းကဖန္တီးတဲ့အခြင့္အေရးေတြကိုအသုံးခ်ႏိုင္မယ္ဆိုရင္ေတာ့သူဟာၿပီးခဲ့တဲ့ရာသီတုန္းကထက္ဂိုးပိုမိုသြင္းႏိုင္မဲ့လမ္းေၾကာင္းမွာရွိေနတုန္းပါ။ၿပီးေတာ့သူ႔အေနနဲ႔ အဆုံးသတ္ႏိုင္ဖို႔လည္းလိုေသးတယ္။ကြၽန္ေတာ္ကေတာ့ျဖစ္ႏိုင္တယ္လို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္အမ်ားစုကိုအရန္ခုံတြင္သာထိုင္ေနရတာျဖစ္ၿပီးယူ႐ိုပါလိဂ္တြင္သာပြဲထြက္ကစားေနရပါတယ္။