ပြီးပြည့်စုံတဲ့ကစားသမားတစ်ဦးအဖြစ် ပရီးမီးယားလိဂ်သို့ ပြန်လာတဲ့ လူကာကူ

ဒီဒီယာဒရော့ဘာဟာရိုမဲလူလူကာကူအားချဲလ်ဆီးမှာနောက်ထပ်တစ်ကြိမ်အထိုင်ကျဖို့အတွက်အကူအညီပေးနေတုန်းဖြစ်ပါတယ်။

ဒါ့အပြင်ဘယ်လ်ဂျီယံတိုက်စစ်မှူးက၎င်းမှာနောက်ဆုံးအကြိမ်ပရီးမီးယားလိဂ်တွင်ကစားစဉ်တုန်းကထက်ပိုမိုကောင်းမွန်နေပြီလို့လည်းယုံကြည်နေပါတယ်။

အသက်၂၈နှစ်ရှိလူကာကူဟာလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပထမဆုံးအကြိမ်အဖြစ်ချဲလ်ဆီးသို့ခြေချခဲ့သူဖြစ်ပါတယ်။သူဟာပရီးမီးယားလိဂ်တွင်မန်ယူ၊ဝက်စ်ဘရွန်း၊အဲဗာတန်တို့အတွက်ကစားခဲ့စဉ်အတွင်း၁၁၃ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာချဲလ်ဆီးအတွက်တော့တစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။

လူကာကူဟာယခုနွေရာသီမှာတော့အင်တာမီလန်ကနေချဲလ်ဆီးသို့ပေါင်၉၇.၅သန်းဖြင့်ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

လူကာကူက “ကျွန်တော်တို့အကြားဆက်ဆံရေးကကမ္ဘာတစ်ခုပါ။တစ်လတစ်ကြိမ်လောက်ပဲစကားပြောဖြစ်တာမဟုတ်ပါဘူး။သူနဲ့ကမကြာခဏဆိုသလိုစကားပြောဖြစ်တယ်။ကျွန်တော်တို့မှာပုံမှန်ဆက်သွယ်နိုင်ဖို့ Group Chat ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်လုံးသူနဲ့ဖုန်းအမြဲပြောဖြစ်တယ်။ကျွန်တော့်မှာလည်းမေးခွန်းတွေအများကြီးရှိတယ်။သူကဒီကလူ(ချဲလ်ဆီး)တွေနဲ့ခင်ကြတုန်းပါ။ဒီတော့သူကကျွန်တော့်အတွက်ပြင်ဆင်နိုင်အောင်အသေးစိတ်ကအစကူညီနေပါတယ်။အခုကျွန်တော့်ဘက်ကကစားသမားတွေ၊မန်နေဂျာနဲ့ပိုသိအောင်တင်မကအမြန်ဆုံးကစားနိုင်ဖို့လည်းလုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။

လူကာကူဟာချဲလ်ဆီးအတွက်ပထမအကြိမ်ကစားစဉ်တုန်းက၁၅ပွဲကစားခဲ့ရပြီးတစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လူကာကူဟာချဲလ်ဆီးမှထွက်ခွာပြီးနောက်ပိုင်းမှာစစ်မှန်တဲ့စတားတစ်ဦးဖြစ်လာခဲ့ပါတယ်။

လူကာကူက “အရင်ကထက်ပိုပြည့်စုံနေတယ်လို့ထင်ပါတယ်။တိုက်စစ်မှူးတစ်ဦးမှာလိုအပ်တဲ့အရာအားလုံးကိုပိုင်နိုင်အောင်ကြိုးစားခဲ့ပါတယ်။အသေးစိတ်ကအစကောင်းလာအောင် အမြဲတမ်းလုပ်ပါတယ်။ပိုပြီးတော့လည်းသန်မာအောင်လုပ်ပါမယ်။ကျွန်တော်ကအသင်းအနိုင်ရအောင်၊နည်းပြအတွက်လုပ်ပေးနိုင်အောင်၊ကစားဖော်တွေကိုကူညီနိုင်အောင်ဆိုတဲ့စိတ်နဲ့ပဲလုပ်တယ်”လို့ပြောကြားသွားပါတယ်။

လူကာကူဟာမန်ယူမှထွက်ခွာပြီးနောက်အင်တာမီလန်တွင်နှစ်ရာသီကစားခဲ့ပြီးပြီးခဲ့တဲ့ရာသီတုန်းကစကူဒက်တိုဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

လူကာကူက “အီတလီကနည်းစနစ်ပိုင်း၊ဗျူဟာပိုင်းပိုကောင်းတဲ့လိဂ်ပါ။ဒါပေမယ့်အင်္ဂလန်မှာကပိုပြင်းထန်တယ်။ဒါကဘဲအဓိကကွဲပြားစေပါတယ်။ကျွန်တော်ကဒီမှာရှစ်နှစ်ကစားခဲ့တော့ပြဿနာတော့မရှိပါဘူး။အားလုံးကိုသိထားပြီးသားပါ။ကစားသမားသစ်တစ်ဦးအနေနဲ့ရောက်လာတာမဟုတ်ပါဘူး။ဒီလိဂ်အကြောင်းကိုသိတယ်။ဂိုးတွေလည်းအများကြီးသွင်းခဲ့ဖူးတယ်။ဒါပေမယ့်အတိတ်ကအတိတ်မှာပဲကျန်ခဲ့ပါပြီ။အခုရှေ့ကိုပဲကြည့်နေပါတယ်။ကျွန်တော်ကလည်းဗားရှင်းသစ်နဲ့ရောက်လာတာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ၿပီးျပည့္စုံတဲ့ကစားသမားတစ္ဦးအျဖစ္ ပရီးမီးယားလိဂ္သို႔ ျပန္လာတဲ့ လူကာကူ

ဒီဒီယာဒေရာ့ဘာဟာ႐ိုမဲလူလူကာကူအားခ်ဲလ္ဆီးမွာေနာက္ထပ္တစ္ႀကိမ္အထိုင္က်ဖို႔အတြက္အကူအညီေပးေနတုန္းျဖစ္ပါတယ္။

ဒါ့အျပင္ဘယ္လ္ဂ်ီယံတိုက္စစ္မႉးက၎မွာေနာက္ဆုံးအႀကိမ္ပရီးမီးယားလိဂ္တြင္ကစားစဥ္တုန္းကထက္ပိုမိုေကာင္းမြန္ေနၿပီလို႔လည္းယုံၾကည္ေနပါတယ္။

အသက္၂၈ႏွစ္ရွိလူကာကူဟာလြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကပထမဆုံးအႀကိမ္အျဖစ္ခ်ဲလ္ဆီးသို႔ေျခခ်ခဲ့သူျဖစ္ပါတယ္။သူဟာပရီးမီးယားလိဂ္တြင္မန္ယူ၊ဝက္စ္ဘ႐ြန္း၊အဲဗာတန္တို႔အတြက္ကစားခဲ့စဥ္အတြင္း၁၁၃ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ဒါေပမယ့္သူဟာခ်ဲလ္ဆီးအတြက္ေတာ့တစ္ဂိုးမွ်မသြင္းႏိုင္ခဲ့ပါဘူး။

လူကာကူဟာယခုေႏြရာသီမွာေတာ့အင္တာမီလန္ကေနခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းျဖင့္ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

လူကာကူက “ကြၽန္ေတာ္တို႔အၾကားဆက္ဆံေရးကကမာၻတစ္ခုပါ။တစ္လတစ္ႀကိမ္ေလာက္ပဲစကားေျပာျဖစ္တာမဟုတ္ပါဘူး။သူနဲ႔ကမၾကာခဏဆိုသလိုစကားေျပာျဖစ္တယ္။ကြၽန္ေတာ္တို႔မွာပုံမွန္ဆက္သြယ္ႏိုင္ဖို႔ Group Chat ရွိပါတယ္။ၿပီးခဲ့တဲ့ႏွစ္ပတ္လုံးသူနဲ႔ဖုန္းအၿမဲေျပာျဖစ္တယ္။ကြၽန္ေတာ့္မွာလည္းေမးခြန္းေတြအမ်ားႀကီးရွိတယ္။သူကဒီကလူ(ခ်ဲလ္ဆီး)ေတြနဲ႔ခင္ၾကတုန္းပါ။ဒီေတာ့သူကကြၽန္ေတာ့္အတြက္ျပင္ဆင္ႏိုင္ေအာင္အေသးစိတ္ကအစကူညီေနပါတယ္။အခုကြၽန္ေတာ့္ဘက္ကကစားသမားေတြ၊မန္ေနဂ်ာနဲ႔ပိုသိေအာင္တင္မကအျမန္ဆုံးကစားႏိုင္ဖို႔လည္းလုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လူကာကူဟာခ်ဲလ္ဆီးအတြက္ပထမအႀကိမ္ကစားစဥ္တုန္းက၁၅ပြဲကစားခဲ့ရၿပီးတစ္ဂိုးမွ်မသြင္းႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္လူကာကူဟာခ်ဲလ္ဆီးမွထြက္ခြာၿပီးေနာက္ပိုင္းမွာစစ္မွန္တဲ့စတားတစ္ဦးျဖစ္လာခဲ့ပါတယ္။

လူကာကူက “အရင္ကထက္ပိုျပည့္စုံေနတယ္လို႔ထင္ပါတယ္။တိုက္စစ္မႉးတစ္ဦးမွာလိုအပ္တဲ့အရာအားလုံးကိုပိုင္ႏိုင္ေအာင္ႀကိဳးစားခဲ့ပါတယ္။အေသးစိတ္ကအစေကာင္းလာေအာင္ အၿမဲတမ္းလုပ္ပါတယ္။ပိုၿပီးေတာ့လည္းသန္မာေအာင္လုပ္ပါမယ္။ကြၽန္ေတာ္ကအသင္းအႏိုင္ရေအာင္၊နည္းျပအတြက္လုပ္ေပးႏိုင္ေအာင္၊ကစားေဖာ္ေတြကိုကူညီႏိုင္ေအာင္ဆိုတဲ့စိတ္နဲ႔ပဲလုပ္တယ္”လို႔ေျပာၾကားသြားပါတယ္။

လူကာကူဟာမန္ယူမွထြက္ခြာၿပီးေနာက္အင္တာမီလန္တြင္ႏွစ္ရာသီကစားခဲ့ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကစကူဒက္တိုဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။

လူကာကူက “အီတလီကနည္းစနစ္ပိုင္း၊ဗ်ဴဟာပိုင္းပိုေကာင္းတဲ့လိဂ္ပါ။ဒါေပမယ့္အဂၤလန္မွာကပိုျပင္းထန္တယ္။ဒါကဘဲအဓိကကြဲျပားေစပါတယ္။ကြၽန္ေတာ္ကဒီမွာရွစ္ႏွစ္ကစားခဲ့ေတာ့ျပႆနာေတာ့မရွိပါဘူး။အားလုံးကိုသိထားၿပီးသားပါ။ကစားသမားသစ္တစ္ဦးအေနနဲ႔ေရာက္လာတာမဟုတ္ပါဘူး။ဒီလိဂ္အေၾကာင္းကိုသိတယ္။ဂိုးေတြလည္းအမ်ားႀကီးသြင္းခဲ့ဖူးတယ္။ဒါေပမယ့္အတိတ္ကအတိတ္မွာပဲက်န္ခဲ့ပါၿပီ။အခုေရွ႕ကိုပဲၾကည့္ေနပါတယ္။ကြၽန္ေတာ္ကလည္းဗားရွင္းသစ္နဲ႔ေရာက္လာတာပါ”လို႔ေျပာၾကားသြားပါတယ္။